လူငယ်တွေက သောက်စားပွဲတွေကို မသွားချင်ဘူး? မဟုတ်ပါဘူး၊ ခင်ဗျားနဲ့ မသောက်ချင်တာနေမှာပါ?

ကျွန်တော်လည်း ကုမ္ပဏီမှာ ဝင်ကာစလောက်တုန်းက၊ လွန်ခဲ့တဲ့နှစ် ၃၀ လောက်တုန်းကတော့၊ အထက်လူကြီးနဲ့ သောက်ဖို့သွားရတာက ထုံးစံပါပဲ။

အရက်သောက်နေကျမဟုတ်တဲ့ လူငယ်တွေကို ဇွတ်တွေသောက်ခိုင်း၊ နောက်ဆုံးမှာ အရက်သောက်တတ်သွားကြပါတယ်။

စီနီယာတွေရဲ့ စကားတွေကိုနားထောင်ရင်း၊ သင်ပြတာတွေ နားထောင်ရင်းနဲ့ပဲ အလုပ်လုပ်တတ်သွားတာပါ။

နားညီးလိုက်တာ ဒီလူကလည်း

 

ဆိုပြီး စီနီယာကို တွေးဖူးတာလည်း ရှိပါတယ်

ဒါပေမယ့်လည်း သင်ပြပေးတာတွေ ရှိခဲ့တယ်ဆိုရင်လည်း မမှားပါဘူး

 

အခုခေတ် လူငယ်တွေကြားမှာတော့ ကုမ္ပဏီ သောက်ပွဲစားပွဲတွေကို အရမ်းမုန်းလာကြတာ သိပြီးပါသလား?

အခု ဂျပန်ကုမ္ပဏီတွေမှာ ဝန်ထမ်းတွေကို တကူးတကဖိတ်ပြီး သွားသောက်ဖို့က တော်တော်လုပ်ရခက်နေပါတယ်။

 

လူငယ်တွေ အရက်မသောက်ကြတော့တာလည်း ပါတော့ပါပေမယ့်၊ အဖြစ်မှန်ကတော့ ဒီလိုပါ…

အထက်လူကြီး၊ စီနီယာတွေနဲ့ သောက်စားကြတဲ့အခါ တကယ်သွားချင်လို့လို့ဖြေတာက 21.4% ပဲရှိပါတယ်။

ဒါပေမယ့် သက်တူရွယ်တူတွေနဲ့ကျရင်တော့ 44.5% ရှိပြီး၊ သောက်ရလို့ မကြိုက်တာတော့ ဟုတ်ဟန်မတူပါဘူး။

 

သောက်ပွဲစားပွဲတွေကို မကြိုက်တာမဟုတ်ဘဲ ခင်ဗျားကို မကြိုက်တာလို့ ဖြစ်နေဟန်တူမလားပဲ?

 

 

စစ်တမ်းကို ထက်ကြည့်ကြည့်ရအောင်။

သွားချင်တဲ့ အလုပ်ခွင် သောက်ပွဲစားပွဲတွေကတော့ ဒီအတိုင်းပါပဲ

 

  1. ပိုက်ဆံမရှင်းရဘူး
  2. ဆရာကြီးလုပ်နေတဲ့သူမရှိဘူး
  3. ခဏလောက်သောက်ပြီးရင် ပြီးပြီ
  4. အလေးထား အာရုံစိုက်နေစရာမလိုဘူး
  5. ကိုယ်နိုင်သလောက် ကိုယ့်အနေအထားလေးတဲ့ သောက်နေနိုင်တယ်

 

ရွယ်တူတွေနဲ့ သွားသောက်ရင် ပိုက်ဆံကတော့ ရှင်းရမှာပဲဆိုတော့၊

နံပါတ် 1. ငွေမကုန်ဘူးဆိုတော့ OK ဆိုတာက

“အင်း…နားတော့ညီးပေမယ့် ပိုက်ဆံမကုန်ဘဲ ထမင်းစားလို့ရတော့ သွားလိုက်ပါမယ်”

 

လို့တွေးကြပုံပါပဲ

 

တကယ်ကတော့ ဆရာကြီးလုပ်နေတဲ့ အာရုံနောက်တဲ့လူတွေမရှိဘဲ၊ အားလုံး ပျော်ပျော်ရွှင်ရွှင် သောက်ချင်ကြပုံပါပဲ။

သင်ကရော အငယ်တွေက အဲ့ဒီလိုတွေးနေတဲ့ အထက်လူကြီး ဖြစ်နေပြီလား?

 

မသောက်ချင်တာကို အတင်းတိုက်တာမျိုး၊ ဆရာကြီးလုပ်နေတာမျိုး မလုပ်ရပါဘူး။

ကိုယ့်လက်အောက်ငယ်သားတွေရဲ့ စကားကိုသေချာနားထောင်ပေးဖို့ကလည်း အရေးကြီးပါတယ်။

 

“ငါငယ်ငယ်တုန်းကဆိုရင်、、、”

 

ဆိုပြီးပြောလာရင် ဘယ်သူမှ နားမထောင်ချင်ဘူး မဟုတ်လား?

ဒါပေမယ့် အလေးထားအာရုံစိုက်တာနဲ့ ပတ်သက်ပြီး လူငယ်တွေကို ဒီလိုပြန်ပြောနိုင်ပါသေးတယ်

ခဏနေ ဖောက်သည်နဲ့ စားရင်းသောက်ရင်း စကားပြောတော့မယ်ဆိုရင်၊ အလေးထားအာရုံစိုက်မှု လုံးဝမရှိတဲ့ လူငယ်က အလုပ်ကိုရဖို့ မလွယ်ပါဘူး။

အလေးထားအာရုံစိုက်တာက မှော်ဆန်ပါတယ်။

အလုပ်လည်းအဆင်ပြေသွားနိုင်သလို၊ မိန်းကလေးတွေအပေါ် သုံးလိုက်ရင်လည်း ကိုယ့်ကိုပြန်ကြိုက်လာပြီး၊ စော်ကြည်ဘဲဖြစ်လာနိုင်ပါတယ်

 

အထက်လူကြီးက ပွစ်ပွစ် စကားတွေပြောနေရင် နားညီးတာကတော့ မခံသာပါဘူး

ဒါပေမယ့်လည်း တတ်ထားရင် အရှုံးမရှိလို့၊ နားညီးလည်းပဲ ပြောပြရင် သေသေချာချာလေးနားထောင်လိုက်ကြရအောင်လား။

 

ကျွန်တော်လည်း ဂျူနီယာတွေ၊ ကိုယ့်ထက်ငယ်သူတွေနဲ့ အတူသွားသောက်တဲ့ အရွယ်ရောက်နေပြီဆိုတော့၊ ကိုယ့်ကိုမမုန်းအောင်တော့ သတိထားနေရပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: