ဂျပန်နိုင်ငံရဲ့ ကမ္ဘာ့အကောင်းဆုံး စက်မှုလုပ်ငန်း

ကမ္ဘာပေါ်ကနိုင်ငံတွေကို အသီးသီးထောက်ပံ့ပေးနေတဲ့စက်ရုံတွေရှိပါတယ်။

အမေရိကနိုင်ငံကတော့ ဟိုးအရင်ကတည်းက မော်တော်ကားစက်ရုံတွေ ထွန်းကားတဲ့နိုင်ငံဖြစ်ပေမယ့် ပြောင်းလဲလာတဲ့ခေတ်နဲ့ယှဥ်ရင် IT နည်းပညာတွေက အရေးပါဆုံးဖြစ်ပါတယ်။

Google、Apple、Amazon、Facebook ကနေတဆင့် သူတို့ရဲ့စက်မှုလုပ်ငန်းအတွက် ထောက်ပံ့မှုတွေနဲ့ ကြီးမားတဲ့အမြတ်အစွန်းတွေကို ရရှိစေပါတယ်။

ဒါပေမယ့် ဂျပန်နိုင်ငံရဲ့ အားသာတဲ့စက်မှုလုပ်ငန်းဟာ မော်တော်ကားထုတ်လုပ်တဲ့လုပ်ငန်းဆိုတာကို အားလုံးသိကြတဲ့အတိုင်းပါပဲ။

TOYOTA、HONDA、NISSAN、SUZUKI、ISUZU စသဖြင့် ကြီးမားတဲ့စက်မှုလုပ်ငန်းတွေကို ပိုင်ဆိုင်ပြီး မော်တော်ကားထုတ်လုပ်ငန်းမှာလည်း အားသာပါတယ်။

ဒါအပြင် တခြားနိုင်ငံတွေဟာလည်း ပိုပိုပြီးတိုးတက်လာတာကြောင့် မောင်းသူမဲ့ယာဥ်၊ စက်တပ်ယာဥ်တွေဘယ်လိုပုံစံနဲ့ တိုးတက်လာလဲဆိုတာကို မမြင်နိုင်ပါဘူ။

အချိန်ကိုတိတိကျကျမသိရပေမယ့် လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က ကမ္ဘာ့အဆင့်တန်းအမြင့်ဆုံး ထုတ်လုပ်မှုကို ထုတ်ဖော်ပြသခဲ့တဲ့ စက်ရုံတစ်ရုံရှိပါတယ်။

အဲ့ဒီစက်ရုံကတော့ ( Machine tool industry ) စက်နဲ့ပစ္စည်းထုတ်လုပ်တဲ့စက်ရုံဖြစ်ပါတယ်။

ကမ္ဘာပေါ်ကစက်ရုံတွေမှာ အသုံးပြုနေတဲ့ စက်ကိရိယာသုံးစက်မှုလုပ်ငန်းတွေများပြားပေမယ့် အဲ့ဒီစက်ကိရိယာတွေဟာ ဂျပန်နိုင်ငံကထုတ်လုပ်တာဖြစ်ပါတယ်။

၁၉၈၂ ခုနှစ်မှာ အမေရိကနိုင်ငံနဲ့ ဂျာမနီနိုင်ငံကို ကျော်တက်ပြီး ကမ္ဘာ့နည်းပညာအမြင့်ဆုံးအနေနဲ့ဂျပန်နိုင်ငအနေနဲ့ ၂၀၀၈ ခုနှစ်အထိ ၂၇ နှစ်တိုင် ထိပ်ဆုံးမှာနေရာယူထားတာဖြစ်ပါတယ်။

လတ်တလောမှာတော့ တရုတ်နိုင်ငံဟာ ထုတ်လုပ်မှုအရေအတွက်တွေတိုးတက်လာခဲ့ပြီး ဂျပန်နိုင်ငံထက် ၂ ဆ ဖြစ်နေပေမယ့် နည်းပညာပိုင်းမှာကတော့ အရင်လိုထိပ်ဆုံးမှာပဲရှိနေပါတယ်။

ဂျပန်ထုတ်ကုန်တွေဟာ စက်ပစ္စည်းတွေနဲ့ လွယ်လွယ်ကူကူထုတ်လုပ်နိုင်ဖို့ ထောက်ပံ့ပေးနိုင်ပြီး အလွယ်တကူပျက်စီးသွားတာမျိုးမရှိပါဘူး။

ဒီလိုစက်မှုလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့တစ်ခုတည်းသောစက်ရုံကတော့ ဒီ Fanuc ဆိုတဲ့စက်ရုံဖြစ်ပါတယ်။

http://news.livedoor.com/article/detail/16258747/

ဝန်ကြီးချုပ်ရှင်ဇိုအာဘေး နဲ့ အင်ဒိုနီးရှားနိုင်ငံဝန်ကြီးချုပ်တို့က စိတ်ဝင်စားလို့လာရောက်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။

တကယ်တော့ ကမ္ဘာပေါ်မှာ အကန့်အသတ်နဲ့ရောင်းချတဲ့နာမည်ဖြစ်တာကြောင့် လူတိုင်းမသိတဲ့ကြတာဖြစ်ပါတယ်။

သူတို့တွေဟာ အမေရိကန်နိုင်ငံရဲ့ Semiconductor ထုတ်လုပ်တဲ့နိုင်ငံနဲ့ Intel တို့ပူပေါင်းပြီး ပိုမိုကောင်းမွန်တဲ့စက်မှုလုပ်ငန်းတွေလုပ်ကိုင်ဖို့အတွက် ဦးတည်လျက်ရှိပါတယ်။

ကမ္ဘာရဲ့စက်ပစ္စည်းသုံးစက်မှုလုပ်ငန်းတွေရဲ့ရှယ်ယာဟာ FANUC ကနေစတင်ပြီး ဂျပန်နိုင်ငံရဲ့စက်မှုလုပ်ငန်းက ၈၀ ရာခိုင်နှုန်း လောက်ကို ရပ်တန့်ထားတယ်လို့သိရပါတယ်။

Sony နဲ့ Panasonic、TOSHIBA、SHARP、Mitsubishi နဲ့ Samusung ၊ LG တို့က အမြဲယှဥ်ပြိုင်နေကြပြီး ဒီလိုဂျပန်နိုင်ငံပြင်ပမှာရှိနေတဲ့ စက်ရုံတွေဟာလည်း ဂျပန်နိုင်ငံရဲ့စက်ရုံတွေပဲဖြစ်ပါတယ်။

ထင်ပေါ်ကျော်ကြားတဲ့စက်မှုလုပ်ငန်းမဟုတ်ပေမယ့် ဒါဟာဂျပန်နိုင်ငံရဲ့အားသာချက်တစ်ခုဖြစ်ပါတယ်။

ခုတလောမှာ စက်ရုံတွေရဲ့ဝန်ထမ်းဦးရေလျှော့ချမှုတွေပိုများလာပါတယ်။

ဒီလိုအချိန်မှာအရေးတကြီးလိုအပ်နေတာက ခက်ခဲတဲ့လုပ်ငန်းတွေကိုလုပ်နိုင်တဲ့ စက်ကိရိယာသုံးစက်မှုလုပ်ငန်းတွေဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ နည်းပညာတွေတိုးတက်လာတာကြောင့် စက်မှုလုပ်ငန်းတွေမှာ စက်ကိရိယာတွေကိုအသုံးပြုပြီး ကုန်ပစ္စည်းတွေကို ပိုမိုတိုးမြင့်ထုတ်လုပ်နိုင်မှာ သေချာပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: