“ နောက်တစ်ခေါက် အဲ့ဒီအချိန်ကိုပြန်အမှတ်ရပေးပါ” !!! (၄) လောင်းပြိုင်လူသတ်မှု၊ နှစ် ၂၀ ပြည့်ခဲ့ပြီ။….

လွန်ခဲ့သော နှစ် ၂၀ မတိုင်ခင်၊ ဒီလိုနေ့မျိုး ၃၀.၁၂.၂၀၀၀ ခုနှစ်မှာ Tokyo Setagaya ရပ်ကွက်ရှိ မိသားစုတစ်စုအသတ်ခံလိုက်ရပါတယ်။
ဒီအမှုကိုယခုတိုင်ပိတ်လိုက်ခြင်းမရှိသလို တရားခံကိုလည်းအမိအရမဖမ်းနိုင်သေးပါဘူး။ သို့သော် အချိန်ကာလအားဖြင့်တော့ နှစ် ၂၀ ပြည့်သွားခဲ့ပါပြီ။

 

https://www3.nhk.or.jp/news/html/20201212/k10012760601000.html?utm_int=all_side_ranking-social_001

 

တိုကျို မြို့နယ်ရဲဌာရဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေဟာ ယခုလ ၁၂ ရက်နေ့က အခင်းဖြစ်သွားတဲ့အနီးအနားမှာ “ နောက်တစ်ခေါက် အဲ့ဒီအချိန်ကိုပြန်အမှတ်ရပေးပါ” ဆိုပြီး ပိုစတာနဲ့အကွ သတိပေးခဲ့ကြပါတယ်။
လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြပါတယ်။
ရဲအရာရှိကြီး Takao Yoshioka ဟာ “ အခုကျမှပြောချင်တာတွေရှိချင်လည်းရှိလာနိုင်တယ်။ ဘယ်လိုအသေးအဖွဲသတင်းအချက်အလက်ဖြစ်ဖြစ် ကျေးဇူးပြုပြီးလာပေးကြပါ” လို့ပြောထားပါတယ်။

 

https://www3.nhk.or.jp/

 

(လက်ကမ်းစာစောင်ကိုရရှိခဲ့တဲ့ အသက် ၄၈ နှစ်အရွယ်အမျိုးသားဟာ “ မကြာခင် နှစ် ၂၀ တောင်ပြည့်တော့မှာပဲ။ အရမ်းသနားစရာကောင်းတဲ့မှုခင်းဖြစ်ပြီး၊ လူသတ်ကောင်ကတော့ ကိုယ့်လိပ်ပြာကိုယ်လုံပါစေ၊ ဒီအမှုလည်းမြန်မြန်ပြီးစေချင်တယ်” လို့သူ့သဘောထားကိုပြောခဲ့ပါတယ်။)

(ကလေးနဲ့အတူပန်းခြံကိုလာလေ့ရှိတဲ့ အသက် ၄၄ နှစ်အရွယ်အမျိုးသားကတော့ “ ဒီအမှုကိုမပြီးစေချင်သေးဘူး၊ အမှုမှန်ပေါ်လာမှ ဒီအိမ်ကြီးကိုဖျက်ဆီးစေချင်တယ်” လို့ပြောလာခဲ့ပြီး…)

(လမ်းလျှောက်ရင်းလာရောက်လည်ပတ်တဲ့ သက် ၆၅ နှစ်အရွယ်အမျိုးသားဟာ “ နေ့တိုင်း ဖြတ်သွားရတဲ့အကြိမ်တိုင်း ရင်နာမိတယ်။ ဒီအတိုင်းဆက်ပြီးထားဖို့သင့်မသင့် မသိတော့ပါဘူး” လို့ပြောခဲ့ပါတယ်။)
မြို့နယ်ရဲဌာန ・Seijō ရဲစခန်းရဲ့ စုံစမ်းစစ်ဆေးရေးဌာနက မှုခင်းနဲ့ပတ်သက်တဲ့အချက်အလက်မှန်သမျှကို လက်ခံပေးလျှက်ရှိပါတယ်။

 

https://www3.nhk.or.jp/

 

တစ်ဖက်မှာလည်း အခင်းဖြစ်သွားတဲ့နေအိမ်ကြီးကလည်းအိုမင်းလာပြီး၊ အိမ်ထဲမှာသက်သေအထောက်အထားတွေလည်း ယူပြီးသွားတဲ့အတွက်ဖြိုဖျက်ဖို့ ရဲဌာနဟာကျန်ရစ်သူမိသားစုနဲ့ ဆက်လက်တိုင်ပင်ဆွေးနွေးမှုတွေလုပ်နေပါတယ်။

အသတ်ခံလိုက်ရတဲ့မိသားစုကတော့ –
ကုမ္ပဏီဝန်ထမ်း Mikio Miyazawa (ထိုအချိန်အသက် ၄၄ နှစ်)၊
ဇနီး Yasuko (ထိုအချိန်အသက် ၄၁ နှစ်)၊
မူလတန်း ၂ နှစ်မြောက်သမီးကြီး Niina (ထိုအချိန်အသက် ၈ နှစ်)၊
သားငယ် Rei-kun (ထိုအချိန်အသက် ၆ နှစ်)
တို့ကို Setagaya ရပ်ကွက် Kamisoshigaya ရှိနေအိမ်မှာ သေဆုံးလျှက်ရှိနေတာကိုတွေ့ခဲ့ရပါတယ်။

 

ဖြစ်စဥ်မှာတော့…..

(၂၀၀၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်) Mikio Miyazawa, Yasuko, Niina နဲ့ Rei-kun တို့ရဲ့သေဆုံးနေတဲ့အလောင်းကို ၎င်းတို့ရဲ့နေအိမ်မှာ Yasuko ရဲ့မိခင် Haruko ကရှာဖွေတွေ့ရှိသွားခဲ့တယ်။
Mikio, Yasuko နဲ့ Niina ကတော့ဓါးဒဏ်ရာတွေနဲ့သေဆုံးနေပြီး၊ Rei-kun ကတော့ လည်ပင်းညှစ်သတ်ခံရပြီးသေဆုံးနေတယ်။
တိုကျိုရဲ့မြို့နယ်ရဲဌာနဟာ မှုခင်းဖြစ်စဥ်ကိုကြည့်ပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့၊ ဂျပန်အချိန်ည ၁၁ နာရီ မိနစ် ၃၀ လောက်မှာလူသတ်မှုဖြစ်သွားတယ်လို့ ကောက်ချက်ချလိုက်ပါတယ်။
ဒါတင်မကသေးဘူး လူသတ်သမားဟာနေအိမ်ထဲမှာ နာရီပေါင်းများစွာနေသွားသေးတယ်လို့ ကောက်ချက်ချလိုက်ပါတယ်။
ထိုအချိန်ဒီအမှုကိုင်ရသူကတော့ ရဲအရာရှိ Takeshi Tsuchida ဆိုသူပဲဖြစ်ပါတယ်။
သူဟာပင်စင်ယူတဲ့အထိတာဝန်ယူစစ်ဆေးသွားခဲ့ပါတယ်။

 

https://en.wikipedia.org/wiki/Setagaya_family_murder

 

လူသတ်သမားဟာ နေအိမ်အနောက်ဘက်ဒုတိယထပ်ရေချိုးခန်းရဲ့ ပြတင်းပေါက်ကနေ အိမ်ထဲကိုဝင်လာတာဖြစ်ပါတယ်။
ဖြစ်ချင်တော့ အိမ်အနောက်ဘက်ဟာ Soshigaya Park ပန်းခြံနဲ့ဘေးချင်းကပ်လျက်ပါပဲ။ ခြံစည်းရိုးဘေးကသစ်ပင်ကနေတက်လာတယ်လို့ ခန့်မှန်းရပါတယ်။
လူသတ်သမားဟာ ဒုတိယထပ်ရှိအခန်းထဲမှာအိပ်နေတဲ့ Rei ကိုလက်ဗလာနဲ့ပဲ လည်ပင်းညစ်ပြီးသတ်ပစ်လိုက်တယ်။
အော်ဟစ်သံတွေကိုကြားလိုက်တဲ့ Mikio ဟာ အိမ်အောက်ထပ်ကနေချက်ချင်းပဲ ပြေးတက်လာခဲ့တယ်။ လူသတ်သမားနဲ့အချေအတင်တိုက်ခိုက်နေရင်းနဲ့မှ “ ဆာရှိမိဓါး” နဲ့ဦးခေါင်းကိုအထိုးခံလိုက်ရပါတယ်။
အားပြင်းချက်ကတော့ ဆာရှိမိဓါးရဲ့ဓါးသွားဟာ Mikio ရဲ့ဦးခေါင်းထဲမှာ ကျိုးကျန်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကစစ်ဆေးအတည်ပြုထားပါတယ်။

အုတ်သြသောင်းနှင်းခက်နေတဲ့ Yasuko နဲ့ Niina တို့ကိုတော့ ထိုဓါးအကျိုးနဲ့တိုက်ခိုက်ပြီး နောက်ဆုံးမှာထိုအိမ်ထဲမှာရှိတဲ့ Santoku ဓါးနဲ့ရက်ရက်စက်စက်သတ်ပစ်လိုက်ပါတယ်။

 

သို့သော် လူသတ်သမားဟာ တော်တော်ယုတ်ညံ့လွန်းတယ်လို့ပြောရပါမယ်။
-Miyazawa အိမ်ထဲမှာအလောင်းတွေနဲ့အတူ ၂ နာရီကနေ ၁၀ နာရီကြာအထိနေသွားပါတယ်။
-မိသားစုရဲ့ ကွန်ပျူတာကိုအသုံးပြုတယ်၊
-ရေခဲသေတ္တာထဲမှာရှိတဲ့ ဘာလီတီး, သခွားမွှေး နဲ့ ရေခဲမုန့်တွေကိုစားတယ်၊
-အိမ်သာပါအသုံးပြုသွားပြီး အိမ်သာခွက်ထဲကမစင်ကိုရေမဆွဲချဘဲထားခဲ့တယ်၊
-သူ့ဒဏ်ရာအတွက် ဆေးအိတ်ကိုပါအသုံးပြုတယ်၊
-ဒါတင်မကသေးပါဘူး ဒုတိယအထပ်ရဲ့ living room ရှိဆိုဖာပေါ်မှာပါ တစ်ရေးအိပ်သွားပါတယ်။
Mikio Miyazawa ရဲ့ကွန်ပျူတာကိုစစ်ဆေးကြည့်တဲ့အခါ လူသတ်မှုပြီးနောက် နံနက် ၁:၁၈ မိနစ်လောက်မှာ အင်တာနက်ချိတ်နေခဲ့တယ်။ နောက်တစ်ကြိမ် နံနက် ၁၀ နာရီလောက်မှာထပ်ချိတ်သွားတယ်။ သို့သော် ထိုအချိန်က Yasuko ရဲ့မိခင် Haruko အိမ်ထဲကိုဝင်လာပြီး အလောင်းတွေကိုတွေ့သွားတဲ့အချိန်ဝန်းကျင်လောက်ဖြစ်နေပါတယ်။

Haruko ဟာသမီးဖြစ်သူကိုအကြိမ်ကြိမ်ဖုန်းခေါ်လို့မရတာကြောင့် သံသယဖြစ်ပြီးသမီးဖြစ်သူအိမ်ကိုသွားတယ်။ သို့သော် တံခါးရဲ့ဘဲလ်ကိုတီးပေမဲ့ အထဲကပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။ တကယ်တော့ လူသတ်သမားဟာ ဖုန်းလိုင်းကိုပါဖြတ်ထားခြင်းဖြစ်ပါတယ်။

 

https://www3.nhk.or.jp/

ဒါနဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေးခြင်းမှာ –

ရဲတွေကကျူးလွန်သူရဲ့အထောက်အထားအရ တိကျတဲ့သဲလွန်စတွေကိုကောက်ချက်ချနိုင်ပေမဲ့၊ သံသယရှိသူကိုတော့ မဖမ်းနိုင်ခဲ့ပါဘူး။ Miyazawa အိမ်ရဲ့အိမ်သာထဲက လူသတ်သမားရဲ့မစင်ကိုခွဲခြမ်းစိတ်ဖြာကြည့်ခြင်းအားဖြင့် ယမန်နေ့ကသူဟာ ဘိုစားပဲနဲ့ နှမ်းစေ့တို့ကိုစားသုံးခဲ့ကြောင်းသိရတယ်။
သူဝတ်တဲ့အဝတ်အစားနဲ့ပါလာတဲ့ Sashimi ဓါးဟာ Kanagawa စီရင်စုကနေဝယ်ထားခြင်းပဲလို့ကောက်ချက်ချတယ်။
ဒီအပြင် လူသတ်သမားရဲ့ကျန်ခဲ့တဲ့ hip bag ထဲကသဲပမာဏကိုခြေရာခံကြည့်ပြီးနောက်မှာတော့ တိတိကျကျအားဖြင့် ဂျပန်မဟုတ်ဘဲ ကယ်လီဖိုးလီးယားရှိ အမေရိကန်လေတပ်အခြေစိုက်‌‌‌‌စခန်းဧရိယာလောက်ကဖြစ်မယ်လို့ကောက်ချက်ချရပါတယ်။

ဒီမှုခင်းအတွက်စုံစမ်းရှာဖွေခြင်းက ဂျပန်ရဲ့သမိုင်းမှာအကြီးဆုံးပဲဖြစ်ပါတယ်။
တိုကျိုမြို့နယ်ရဲဌာနက ဒီအမှုပိတ်လိုက်နိုင်တဲ့အထိတရားခံကိုဖော်ထုတ်ပေးနိုင်မယ်ဆို ယန်းသန်း ၂၀ အထိချီးမြှင့်မယ်လို့ ဆုငွေထုတ်ထားပါတယ်။
ရဲဌာနဟာ အိမ်ထဲကသက်သေအထောက်အထားတွေလည်းယူထားပြီးပြီ၊ အိမ်ကလည်းတစ်ဖြည်းဖြည်းအိုမင်းလာတာကြောင့် ဖြိုချဖို့အကြေငြာချက်ထုတ်ထားခဲ့ပါတယ်။

 

https://www3.nhk.or.jp/

 

Miyazawa အိမ်ထဲကလူသတ်သမားရဲ့ DNA နဲ့လက်ဗွေရာကို ရရှိထားပေမဲ့၊ တိုကျိုရဲစခန်းမှာရှိထားတဲ့လက်ဗွေရာတွေနဲ့တစ်ခုမှကိုက်မနေပါဘူး။ မှုခင်းမှတ်တမ်းလည်းမရှိကြဘူးလို့ပဲဖော်ပြပါတယ်။
ရဲတွေဟာ DNA နဲ့သွေးအမျိုးအစားအုပ်စုကိုစစ်ဆေးပါတယ်။ သို့သော် DNA ရလဒ်မှာ ဥရောပဘက်ကအဓိကဖြစ်နေကြောင်း ညွှန်ပြတယ်။
ဒီရလဒ်ကြောင့် တိုကျိုမြို့နယ်ရဲတပ်ဖွဲ့ ဟာ အပြည်ပြည်ဆိုင်ရာမှုခင်းရဲဌာနအဖွဲ့အစည်းကနေတစ်ဆင့် လူသတ်သမားဟာ ဂျပန်လူမျိုးမဟုတ်ဘဲ ဂျပန်မှာရှိနေသူပဲဖြစ်နိုင်တယ်လို့ယူဆလိုက်ပါတယ်။

မြို့နယ်ရဲဌာနဟာ စုံစမ်းစစ်ဆေးသူတွေကိုလူပေါင်း ၂ သိန်း ၈ သောင်းခန့်ဖြင့်အင်အားဖြည့်ပြီး၊ နိုင်ငံရပ်ခြားမှာပါတာဝန်ရှိသူတွေကို စေလွှတ်ရှာဖွေစေခဲ့ပါတယ်။
သံသယဖြစ်ဖွယ်ပုဂ္ဂိုလ်တွေရဲ့အချက်အလက်ပေါင်း ၁၃၆၀၀ ခန့်ကိုရရှိခဲ့ပေမဲ့၊ သံသယရှိသူကိုဖော်ထုတ်နိုင်တဲ့အဆင့်ထိမရောက်ဘဲ ထိုအတိုင်းထားလိုက်ရတာဟာ ယနေ့ပဲနှစ် ၂၀ တောင်ပြည့်သွားခဲ့ပြီးဖြစ်ပါတယ်…….

 

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: