ပြဿနာတွေကြားက အင်ဒိုနီးရှားမီးရထားအမြန်လမ်းဖောက်လုပ်မှုစီမံကိန်း

ဂျပန်ကိုသစ္စာဖောက်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဒုက္ခအကြီးအကျယ်ရောက်နေရပါတယ်။
အင်ဒိုနီးရှားနိုင်ငံက မီးရထားအမြန်လမ်းမကြီး ဖောက်လုပ်မှုတွေကို ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။
https://newsphere.jp/world-report/20160204-2/2/
အစကတော့ ဂျပန်နိုင်ငံကနေ အရမ်းကိုအကျိုးရှိဖို့အတွက် ကောင်းကောင်းမွန်မွန်ဆက်ပြီးလုပ်ဆောင်သွားဖို့အတွက် စစ်တမ်းကောက်ယူမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။
ရထားလမ်းတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဂရုတစိုက်စစ်ဆေးမှုတွေလည်း လိုအပ်တာကြောင့် အဲ့ဒီအတွက် ငွေကြေးတော်တော်များများ ကုန်ကျပါတယ်။
ဂျပန်အစိုးရက တရားဝင်အမိန့်ထုတ်ပြန်ဖို့ အင်တိုက်အားတိုက်စစ်တမ်းကောက်ယူတာတွေလုပ်ဆောင်ခဲ့ပေမယ့် အင်ဒိုနီးရှားအစိုးရက အဲ့ဒီစစ်တမ်းကောက်ယူထားတဲ့အချက်အလက်တွေကို တရုတ်နိုင်ငံဆီမှာ ထုတ်ဖော်လိုက်ပါတယ်။
ဖွံ့ဖြိုးတိုးတက်မှုအတွက်ကုန်ကျစရိတ်ထဲမှာ ဒီရဲ့စစ်တမ်းကောက်ယူမှုကုန်ကျစရိတ်လည်းပါဝင်ပေမယ့် အင်ဒိုနီးရှားနိုင်ငံက စစ်တမ်းကောက်ယူမှုအချက်အလက်တွေကို တရုတ်နိုင်ငံလက်ထဲအခမဲ့ထည့်ပေးလိုက်ပြီး သူတို့ရဲ့ အဆိုပြုချက်အတိုင်း ဆက်လက်လုပ်ဆောက်ဖို့အတွက် ဂျပန်နိုင်ငံနဲ့ လက်တွဲဖြုတ်ခဲ့ပါတယ်။
အရင်ကတော့ ဂျပန်ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်အရ ဂျပန်စတိုင်ကို အသုံးပြုမယ်ဆိုပြီးတော့ ဆုံးဖြတ်ထားခဲ့ကြတာပဲဖြစ်ပါတယ်။
ပုံမှန်အတိုင်းတွေးကြည့်မယ်ဆိုရင် ဒီလိုကိစ္စမျိုးက နိုင်ငံတိုင်းမှာ မဖြစ်နိုင်ပါဘူး။
ဂျပန်အစိုးရမှမဟုတ်ဘဲ ဂျပန်နိုင်ငံရဲ့ ပြည်သူတွေလည်း အင်ဒိုနီးရှားနိုင်ငံကို စိတ်ပျက်ခဲ့ကြပါတယ်။
နောက်ပြီးတော့ အင်ဒိုနီးရှားနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ ပုံစံအတိုင်း မြေအောက်လမ်းတွေကို ဆောက်လုပ်သွားမှာဖြစ်ပါတယ်။
ဆောက်လုပ်ရေးတွေစတင်ဖို့အတွက် အုတ်မြစ်ချအခမ်းအနားကို ကျင်းပပြီးပေမယ့် ဆောက်လုပ်ရေးကို ဆက်လက်လုပ်ဆောင်ခြင်းမရှိပါဘူး။
အကြောင်းအရင်းကတော့ လိုအပ်တဲ့အချက်အလက်တွေကို တရုတ်နိုင်ငံဖက်က ထုတ်ဖော်ပြောကြားခြင်းမရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ထုတ်ပြန်ပေးခဲ့တဲ့အချက်အလက်တွေအားလုံးက တရုတ်ဘာသာနဲ့ဖြစ်နေတဲ့အတွက် ပြန်လည်ပြီးမသုံးသပ်နိုင်ကြပါဘူး။
နောက်တစ်ခုက ငွေရေးကြေးရေးမှာလည်း အစကနဲ့မတူတဲ့အခြေအနေမှာ ရပ်တန့်နေပါတယ်။
ဂျပန်နိုင်ငံရဲ့ မူကြမ်းအရ တစ်နှစ်ကို အတိုးနှုန်း ၀.၁ ရာခိုင်နှုန်းနဲ့ ဒေါ်လာ သန်းပေါင်း ၄၄၀၀ ကို ချေးငှားပေးပြီး အကောင်အထည်ဖော်မယ်ဆိုပေမယ့် တရုတ်ပြည်ရဲ့ ရလဒ်မှာတော့ ဒေါ်လာ သန်းပေါင်း ၅၅၀၀ ကို တစ်နှစ်ကို အတိုးနှုန်း ၂ ရာခိုင်နှုန်းနဲ့ ချေးငှားပေးပြီး တည်ဆောက်ပေးဖို့ဖြစ်လာခဲ့ပါတယ်။
Made in Japan ထက်တောင် စျေးကြီးနေပြီးတော့ အတိုးနှုန်းကလည်း စျေးကြီးတဲ့ made in China ကို အင်ဒိုနီးရှားနိုင်ငံက ရွေးချယ်မိလိုက်ပါတယ်။
နောက်ပိုင်းမှာ ဂျပန်ရဲ့အဆိုပြုချက်ကို ပြောင်းလဲဖို့လှုပ်ရှားခဲ့ပေမယ့် စီးပွားရေးနဲ့ပတ်သက်တဲ့သူတွေအားလုံးက ဆန့်ကျင်ခဲ့ပြီးတော့ ဂျပန်နိုင်ငံပြည်သူတွေရဲ့ ဒေါသတွေကို ဖြေလျော့လို့မရခဲ့ပါဘူး။
အဲ့ဒီလိုနဲ့ ဂျပန်နိုင်ငံအစိုးရရဲ့ထောက်ပံ့မှုကို မရရှိနိုင်တော့တဲ့အခါမှာ အင်ဒိုနီးရှားနိုင်ငံကဟာ တရုတ်နိုင်ငံရဲ့ အဆိုပြုချက်အတိုင်းဆက်ပြီးသွားရပါတယ်။
ပြောရမယ်ဆိုရင် တရုတ်နိုင်ငံက မီးရထားမတော်တဆမှု များပြားတဲ့နိုင်ငံဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ အမြန်ရထားလမ်းဖြစ်တဲ့ ကျဥ်ဆံရထားစီးနှင်းတဲ့အခါမှာ သေဆုံးမှုဆိုတာလုံးဝမရှိပါဘူး။ နှစ် ၅၀ အထက်ပြေးဆွဲခဲ့ပေမယ့် မတော်တဆမှုနဲ့ သေဆုံးသူတစ်ယောက်မှမရှိပါဘူး။
မြေအောက်ရထားပြဿနာမှာ ကိုယ့်ကိုယ်ကိုသတ်သေတာလည်းနည်းတဲ့အတွက် ကမ္ဘာပေါ်မှာ လုံခြုံစိတ်ချရတဲ့ မြေအောက်ရထားဆိုပေမယ့် တရုတ်နိုင်ငံထက်ပိုပြီးစျေးသက်သာပါတယ်။
တရုတ်နိုင်ငံရဲ့ အဆိုပြုချက်ကို ရွေးချယ်လိုက်တဲ့ အင်ဒိုနီးရှားအစိုးရရဲ့ဆုံးဖြတ်ချက်က နိုင်ငံအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်လာပါတယ်။
အခွင့်အရေးတွေလက်ထဲကိုရောက်ရှိလာတဲ့အခါမှာ ရွေးချယ်မှုတွေမှန်ကန်ဖို့ကလည်း အရေးကြီးပါတယ်။