သင်ဒါတွေသိပြီးပြီလား ?

ဂျပန်နိုင်ငံရဲ့မှန်ကန်တဲ့အချက်အလက်တွေက ကမ္ဘာ့အတိုင်းအတာနဲ့ တော်တော်လေးကို ကျယ်ပြန့်နေတာမဟုတ်ပါဘူး။ ဟုတ်ပါတယ်၊ ဂျပန်နိုင်ငံက ထူးခြားဆန်းပြားတဲ့နိုင်ငံဖြစ်နေလို့ပါ။ အမျိုးမျိုးသော ကောလာဟလတွေနဲ့ပဲ ရှေ့ရောက်နေတာရယ် မမှန်ကန်တဲ့အချက်အလက်တွေ ပြန်နှံ့နေတာမျိုးတွေလည်းရှိပါတယ်။ ဂျပန်နိုင်ငံရဲ့စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်တွေကို စီကြည့်မယ်နော်။ စာဖတ်သူတို့ရော ဘယ်လောက်လောက်သိနိုင်မလဲ ?

  1. တစ်နှစ်အတွင်းမှာ ငလျင်အကြိမ်ပေါင်း ၁၀၀,၀၀၀ လောက်ဖြစ်ပွားခြင်း

 ဂျပန်နိုင်ငံဟာ မီးတောင်တွေများပါတယ်။ ရေပူစမ်းတွေရှိတာကျေးဇူးတင်စရာကောင်းပေမယ့်လည်း ငလျင်ကတော့ မလှုပ်စေချင်ဘူးလေနော် … ဒီလိုဂျပန်နိုင်ငံဟာ တစ်နှစ်အတွင်း အကြိမ် ၁ သိန်းလောက် ငလျင်လှုပ်ခတ်နေတာဖြစ်ပါတယ်။ လူတွေသတိထားနိုင်တဲ့ မြေငလျင်ကြီးလှုပ်ခတ်မှုက အကြိမ်ပေါင်း ၁၅၀၀ လောက်ရှိပါတယ်။ ဒါဆိုရင် တစ်ရက်ကို ၅ ခါ တစ်နေရာမဟုတ် တစ်နေရာရာမှာ ငလျင်တွေလှုပ်နေမှာပေါ့နော်။

  1. အသက် ၁၀၀ ကျော်တဲ့ သက်ကြီးရွယ်အိုတွေက အယောက် ၅၀,၀၀၀ အထက်ရှိခြင်း

 

https://ailovei.com/?p=33796

 အသက်ရှည်တဲ့နိုင်ငံအနေနဲ့နာမည်ကြီးပေမယ့် ဘယ်လောက်လောက်ရှိမလဲဆိုတာကို မသိကြဘူးလို့ထင်ပါတယ်။ လူဦးရေ ၁၀၀,၀၀၀ ဝန်းကျင်လောက်မှာ အသက် ၁၀၀ အရွယ်သက်ကြီးရွယ်အို အရေအတွက်အများဆုံးနိုင်ငံဖြစ်ပါတယ်။

  1. သေနတ်နဲ့ လူသတ်မှုတစ်နှစ်မှာ ၂ ကြိမ်လောက်သာဖြစ်ပွားခြင်း

 

https://ailovei.com/?p=33796

အမေရိကန်နိုင်ငံမှာ တစ်နှစ်အတွင်း အကြိမ် ၁၀,၀၀၀ ကျော် သေနတ်နဲ့လူသတ်မှုတွေ ဖြစ်ပွားနေပေမယ့် ဂျပန်နိုင်ငံမှာတော့ ပျှမ်းမျှ ၂ ကြိမ်လောက်ပဲ ဖြစ်ပွားလေ့ရှိပါတယ်။ ဂျပန်နိုင်ငံက တကယ်ကိုငြိမ်းချမ်းတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ ပြောလို့ရပါတယ်။

  1. ကမ္ဘာ့ရှေးအကျဆုံး ကုမ္ပဏီများရှိခြင်း

 

https://ailovei.com/?p=33796

 ဂျပန်နိုင်ငံမှာရှိတဲ့ ဆောက်လုပ်ရေးကုမ္ပဏီ 金剛組(こんごうぐみ)ခွန်းဂိုးဂုမိ ဆိုတဲ့ကုမ္ပဏီဟာ ၅၇၈ ခုနှစ်ကတည်းက တည်ထောင်ထားခဲ့တာဖြစ်ပါတယ်။ နှစ်ပေါင်း ၁၄၀၀ ကျော်သမိုင်းရှိပြီး ရှေ့အကျဆုံးကုမ္ပဏီဖြစ်ပါတယ်။

  1. လူမနေတဲ့ကျွန်းများခြင်း

https://ailovei.com/?p=33796

 ဂျပန်နိုင်ငံဟာ ကျွန်းပေါင်း ၆,၈၅၂ ကျွန်းကိုပေါင်းစပ်ထားပြီး နိုင်ငံတစ်နိုင်အဖြစ် ရပ်တည်လျက်ရှိပေမယ့် လူနေတဲ့ကျွန်းကပေါင်း ၂၆၁ ကျွန်းလောက်ပဲရှိပါတယ်။ ကျန်တာက လူမနေတဲ့ကျွန်းတွေဖြစ်ပါတယ်။ စကားမစပ် ကျွန်းအများဆုံးနိုင်ငံက အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး ကျွန်းပေါင်း ၁၇,၅၀၈ ကျွန်း ရှိပါတယ်။ အဲ့ဒီထဲမှာ လူနေတဲ့ကျွန်းက ၃,၀၀၀ လောက်ရှိတာကြောင့် လူမနေတဲ့ကျွန်းဆိုရင် ဂျပန်နိုင်ငံကပိုပြီးတော့များပါတယ်။

  1. ကမ္ဘာ့အချိန်အတိကျဆုံးရထားများရှိခြင်း

https://ailovei.com/?p=33796

တခြားနိုင်ငံတွေမှာ ၁၀ မိနစ်လောက်နောက်ကျတာမျိုးရှိပါတယ်။ ဂျပန်နိုင်ငံမှာ ပျှမ်းမျှ ၁၈ စက္ကန့်လောက်ပဲ နောက်ကျပါတယ်။ ၅ မိနစ်လောက်နောက်ကျတယ်ဆိုရင် မတော်တဆမှုဖြစ်ပွားပြီး နောက်ကျတာတွေ ဖြစ်လာမှာဖြစ်ပါတယ်။

  1. ကလေးအရေအတွက်ထက် အိမ်မွေးတိရိစ္ဆာန်အရေအတွက်က ပိုမိုများပြားခြင်း

 

https://ailovei.com/?p=33796

မွေးဖွားနှုန်းတွေကျဆင်းလျက်ရှိပြီး ၂၀၀၅ ခုနှစ်မှာ ရုတ်တရက်ကလေးအရေအတွက်နဲ့ အိမ်မွေးတိရိစ္ဆာန်အရေအတွက်က ပြောင်းပြန်ဖြစ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်ရဲ့စစ်တမ်းကောက်ယူမှုအရ တိရိစ္ဆာန်အရေအတွက် ၂၃,၃၀၀,၀၀၀ ကောင်ရှိပြီး ၁၅ နှစ်အရွယ်အထိကလေးအရေအတွက် ၁၇,၀၀၀,၀၀၀ ယောက်ပဲရှိပါတယ်။

  1. ကလေးသုံးထက် လူကြီးသုံး Diaper တွေက ပိုရောင်းရခြင်း

https://ailovei.com/?p=33796

ကလေးဦးရေကျဆင်းပြီး သက်ကြီးရွယ်အိုတွေတိုးပွားနေတာကြောင့် ပြောင်းပြန်ဖြစ်နေရတာဖြစ်ပါတယ်။

  1. မွေးစားခံရတဲ့ ၉၈ ရာခိုင်နှုန်းဟာ အရွယ်ရောက်တဲ့ယောကျ်ားလေးများဖြစ်နေခြင်း

 

https://ailovei.com/?p=33796

ကလေးမရှိတဲ့အိမ်တွေက မိဘမဲ့ကလေးတွေကိုခေါ်ပြီးမွေးစားကြပါတယ်။ ဂျပန်နိုင်ငံမှာ ၉၈ ရာခိုင်နှုန်းက အရွယ်ရောက်ပြီးသား ယောကျ်ားလေးတွေက မွေးစားခံနေရတာဖြစ်ပါတယ်။ ဒါကတော့ အိမ်ရဲ့အမွေတွေကို ဆက်ခံနိုင်ဖို့အတွက် ရည်ရွယ်ချက်တွေရှိတာဖြစ်ပါတယ်။

  1. အသက်ဘေးလွတ်ခဲ့လို့ အပြစ်တင်ခံရခြင်း

https://ailovei.com/?p=33796

ကြီးမားတဲ့မတော်တဆမှုဖြစ်ပွားခဲ့ပြီး တိုက်တန်းနစ်ရုပ်ရှင်အနေနဲ့တောင် ဖြစ်ခဲ့ပါသေးတယ်။ အဲ့ဒီမှာစီးနင်းလိုက်ပါခဲ့တဲ့ တစ်ယောက်တည်းသော ဂျပန်လူမျိုး Hosono ဟာ အသက်ဘေးမှလွတ်မြောက်ခဲ့ပြီး ဂျပန်နိုင်ငံကို ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တခြားသူတွေကိုထားခဲ့ပြီး တစ်ယောက်တည်းအသက်ကယ်လှေကိုစီးလာခဲ့တာကြောင့် သူရဲဘောကြောင်တဲ့သူအနေနဲ့ ဂျပန်နိုင်ငံသားတွေရဲ့ အပြစ်တင်ခံခဲ့ရပြီးနောက်မှာ အလုပ်အကိုင်လည်း ဆုံးရှုံးခဲ့ရပါတယ်။

  1. အလိုအလျောက်ရောင်းစက်အရေအတွက် ကမ္ဘာ့အများဆုံးရှိနေခြင်း

 

https://ailovei.com/?p=33796

လူဦးရေ ၃ ဆနီးနီးကွာခြားတဲ့ အမေရိကန်နိုင်ငံထက် ဂျပန်နိုင်ငံမှာ ပိုပြီးတော့များပါတယ်။ အဲ့ဒီအရေအတွက်ကတော့ စက်ပေါင်း ၅,၅၂၀,၀၀၀ လုံးတောင်မှရှိပါတယ်။

  1. ဆရာ၊ဆရာမတွေနဲ့ ကလေးတွေအတူတူသန့်ရှင်းရေးလုပ်ခြင်း

 

https://ailovei.com/?p=33796

နေ့တိုင်း သန့်ရှင်းရေးလုပ်တဲ့အချိန်လည်းရှိပြီး ကိုယ့်အခန်းနဲ့ အိမ်သာတွေကို ကိုယ်တိုင်သန့်ရှင်းရေးလုပ်ကြရပါတယ်။

  1. Tatoo ထိုးထားရင် ရေပူစမ်းထဲနဲ့ ရေကူးကန်ထဲဝင်လို့မရခြင်း

https://ailovei.com/?p=33796

ဂျပန်နိုင်ငံမှာ Tatoo ထိုးထားတယ်ဆိုတာနဲ့ ယာခူဇာ ဆိုတဲ့ပုံရိပ်ပဲဖြစ်ပါတယ်။ ခြောက်လန့်နေတာကြောင့် ဘယ်လိုအခြေအနေမျိုးမှာမဆို အများသုံးရေပူစမ်းတွေ ရေကူးကန်တွေထဲ ဝင်ရောက်လို့မရပါဘူး။

  1. ဂျပန်နိုင်ငံက ဂျူးလူမျိုးဒုက္ခသည်များကို လက်ခံထားခြင်း

https://ailovei.com/?p=33796

ဂျာမဏီနဲ့မဟာမိတ်ဖွဲ့ထားခဲ့ပေမယ့် လူ့အသက်တွေကအရေးအကြီးဆုံးဖြစ်လို့ ဂျူးလူမျိုးတွေကို ဂျာမဏီနိုင်ငံကနေ လွတ်မြောက်စေခဲ့ပါတယ်။ နိုင်ငံတကာမှာ လက်ခံဝင်ရောက်ဖို့ကို ငြင်းပယ်ခံခဲ့ရတဲ့ ဂျုးလူမျိုး အယောက် ၆,၀၀၀ ရဲ့အသက်ကို ကယ်တင်ခဲ့ပါတယ်။

  1. တစ်နာရီကို ၅၀၀ ကီလိုမီတာကျော်နဲ့ အလျင်မြန်ဆုံးရထားရှိခြင်း

https://ailovei.com/?p=33796

လက်ရှိမှာဆောက်လုပ်နေဆဲဖြစ်တဲ့ Linear motor car က တစ်နာရီကို ၅၀၀ ကီလိုမီတာကျော်ပါတယ်။ သင်လည်းအစမ်းလိုက်ပါစီးနင်းနိုင်ပါတယ်။

  1. ဘရာဇီးနိုင်ငံမှာ အယောက် 1,600,000ကျော် နိုင်ငံသားအနေနဲ့ခံယူထားခြင်း

 

https://ailovei.com/?p=33796

အစိုးရရဲ့လူဝင်မှုကြည့်ကျပ်ရေးမူဝါဒအရ ဂျပန်လူမျိုးတွေတော်တော်များများက ဘရာဇီးနိုင်ငံကိုရောက်သွားပါတယ်။ ကမ္ဘာ့အများဆုံး ပြောင်းရွေ့နိုင်ငံသားတွေရှိတဲ့နေရာဖြစ်ပါတယ်။

  1. စပိန်နိုင်ငံမှာ ဂျပန်နိုင်ငံကို အဓိပ္ပာယ်ဖော်ပေးနေတဲ့ JAPON အယောက် ၇၀၀ ရှိခြင်း

 

https://ailovei.com/?p=33796

စပိန်ဘာသာနဲ့ ဂျပန်နိုင်ငံကို JAPON လို့ခေါ်ပါတယ်။ ဒါကတော့ Family Name အနေနဲ့ရှိနေတဲ့လူတွေက အယောက် ၇၀၀ လောက်ရှိနေတာပါ။ ဂျပန်နိုင်ငံကနေ ရောက်လာခဲ့တဲ့မစ်ရှင် တစ်စိတ်တစ်ပိုင်းဟာ ဂျပန်နိုင်ငံကိုမပြန်ဘဲ စပိန်နိုင်ငံမှာ ကျန်ရှိနေပြီး အဲ့ဒီသားစဥ်မြေးဆက်တွေက JAPON ဆိုတဲ့နာမည်နဲ့ တည်ရှိနေတာဖြစ်ပါတယ်။

  1. ဆော်လမွန်ငါးတွေက နော်ဝေးနိုင်ငံမှာ မွေးဖွားခြင်း

 

https://ailovei.com/?p=33796

 ဆော်လမွန်ငါးတွေက ဂျပန်နိုင်ငံမှာ မွေးဖွားတာမဟုတ်ဘဲ နော်ဝေးနိုင်ငံမှာ မွေးဖွားတာဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ အားလုံးစားနေကြတဲ့ဆော်လမွန်ငါးတွေက နော်ဝေးဖွားတွေဖြစ်ပါတယ်။

  1. တစ်ယောက်တည်းသီးသန့်နေသူ ၁,၀၀၀,၀၀၀ ကျော်ရှိနေခြင်း

 

https://ailovei.com/?p=33796

ကိုယ့်အိမ်မှာနေတဲ့လူဦးရေက ၁ ရာခိုင်နှုန်းပဲရှိပါတယ်။ အဲ့ဒါကနိုင်ငံတော်တော်များများနဲ့ နှိုင်းယှဥ်ရင် တော်တော်လေးကို များပါတယ်။

  1. အရှေ့ဂျပန်ငလျင်ကြီးကြောင့် ကမ္ဘာမြေရဲ့ဝင်ရိုးပြောင်းလဲသွားခြင်း

https://ailovei.com/?p=33796

၂၀၁၁ ခုနှစ်ရဲ့ ဂျပန်နိုင်ငံအရှေ့ဘက်ပိုင်းငလျင်ကြောင့် ကမ္ဘာမြေဝင်ရိုးဟာ ၁၇ စင်တီမီတာလှုပ်ရှားခဲ့ပြီး တစ်ရက်ကို ၁.၈ Microsecond တိုလာပါတယ်။ လေ့လာရေးသမိုင်းအရ ကမ္ဘာ့အကြီးဆုံးဝင်ရိုးကွာဟချက်ဖြစ်ပါတယ်။

  1. တစ်ကမ္ဘာလုံးရဲ့ ၆၀ ရာခိုင်နှုန်း Anime တွေက ဂျပန်နိုင်ငံက ဖန်တီးခြင်း

Anime တွေအများကြီးရှိလို့ Anime တွေကိုဖန်တီးဖို့အတွက် ကျောင်းတွေလည်း ဖွင့်လှစ်ပေးထားပြီး အသံသရုပ်ဆောင်တွေကိုပျိုးထောင်ပေးတဲ့ကျောင်းတွေချည်းပဲ ၁၃၀ ကျော်လောက်ရှိပါတယ်။

ကဲဘယ်လိုလဲ ?

မသိသေးတဲ့ အကြောင်းအရာတွေအများကြီးရှိသေးတယ်လို့ထင်ပေမယ့် နောက်ထက်အကြောင်းအရာတွေကို နောက်မှထပ်ပြောပြမယ်နော်…. စာဖတ်သူတို့ရော ဘယ်နှစ်ခုလောက်သိထားပြီးသားလဲ ?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: