ကမ္ဘာပေါ်မှာ အရသာအရှိဆုံးအမဲသား

စာဖတ်သူတို့ရေ ဂျပန်ကနေထုတ်လုပ်တဲ့ အဆင့်အတန်းမြင့် KOBE BEEF အမှတ်တံဆိပ် အမဲသားကို သိကြပါသလား ?

ဂျပန်နိုင်ငံမှာ ခိုဘဲအမဲသားအပြင် တခြားအရသာရှိတဲ့ ဂျပန်အမဲသားတွေလည်းရှိပါတယ်။

နှစ်ရှည်လများစွာ ဂျပန်လူမျိုးတွေက ထုတ်လုပ်မွေးမြူကြပြီးတော့ နိုင်ငံခြားမှာလည်း အရမ်းကိုနာမည်ကြီးတယ်ဆိုပေမယ့် အဲ့ဒါကို ဘယ်လိုမှကိုယ်တိုင်မမွေးမြူနိုင်ကြပါဘူး။

 

၂၀၁၈ ခုနှစ် ၇ လပိုင်းမှာ ပြည်ပတင်ပို့မှုကို တားမြစ်ထားတဲ့ ဂျပန်နွားမျိုးဥကို တရုတ်ပြည်ယူသွားခဲ့တယ်ဆိုတဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့ပါတယ်။

ယူဆောင်သွားပြီးတဲ့နောက် မတင်သွင်းရသေးခင်မှာပဲ ရှာတွေ့နိုင်ခဲ့ပြီး ဂျပန်စစ်ဆေးရေးဘက်မှာကျွမ်းကျင်ခဲ့တာကြောင့် လေဆိပ်တိုင်း၊ ဆိပ်ကမ်းတိုင်းမှာ ဒီလိုမျိုးပြောင်းလဲပြီး သယ်ဆောင်ခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်။

https://gunosy.com/articles/RWxdl?s=s

အဲ့ဒါတွေက နွားတွေဆိုတာကို မသိနိုင်ဘူးလေနော်…..

 

လတ်တလောမှာလည်း ကိုးရီးယားနိုင်ငံကနေ ပြည်ပကိုတင်သွင်းနေတဲ့ စတော်ဘယ်ရီတွေက စျေးကွက်မှာကျယ်ပြန့်လျက်ရှိပါတယ်။

အဲ့ဒီစတော်ဘယ်ရီတွေက ဂျပန်နိုင်ငံရဲ့စတော်ဘယ်ရီအမျိုးအစားကို တင်သွင်းထားတယ်ဆိုပြီးတော့ ဂျပန်မှာ ကြီးမားတဲ့ပြဿနာတစ်ရပ်အနေနဲ့

ဖြစ်ပွားလျက်ရှိပါတယ်။

နောက်ထပ်ဆက်ပြီးတော့ ဒီဂျပန်အမဲသားတင်သွင်းမှုကလည်း ပြဿနာတစ်ရပ်ဖြစ်လာပါတယ်။

 

အပေါ်မှာပြထားတဲ့ပုံထဲကအတိုင်း လေယာဥ်နဲ့သယ်ဆောင်သွားခဲ့ပြီး တရုတ်နိုင်ငံ အခွန်ကြီးကြပ်ရေးကထုတ်ဖော်လိုက်တဲ့အတွက် တရုတ်အစိုးရက ကယ်တင်လိုက်သလို ဖြစ်သွားပါတယ်။

ဂျပန်အမဲသားအတွက် ဂျပန်နိုင်ငံရဲ့ဥပဒေက ပြောင်းလဲမှုမရှိဘဲ မျိုးဥနဲ့သုတ်ပိုးစတဲ့အရာတွေ သယ်ဆောင်သွားတာကိုလည်း တားမြစ်ထားပါတယ်။

ဂျပန်လေဆိပ်ရဲ့ စစ်ဆေးရေးတွေ ကျွမ်းကျင်လွန်းတာက သူတို့အတွက် ပြဿနာကြီးတစ်ခု ဖြစ်ပါတယ်။

 

တကယ်တော့ ဂျပန်အမဲသားတွေကို နိုင်ငံခြားတင်ပို့တာက အရင်တုန်းကလည်းရှိဖူးပါတယ်။

၁၉၉၀ ခုနှစ်လောက်က သြစတြေးလျကိုဖြတ်ပြီးတော့ အမေရိကကို တင်သွင်းတာမျိုးလည်းရှိပါတယ်။

WAGYU ဆိုတဲ့ အမှတ်တံဆိပ်နဲ့ တည်ထောင်ပြီးတော့ သြစတြေးလျထုတ်ကုန်အနေနဲ့ တစ်ကမ္ဘာလုံးကို သင်္ဘောနဲ့တင်ပို့ခဲ့ပါတယ်။

WAGYU ကို ခန်းဂျီးနဲ့ရေးရမယ်ဆိုရင် 和牛(わぎゅう) လို့ရေးပါတယ်။ ဂျပန်ရဲ့ အမဲသားဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

 

ဂျပန်ထုတ်ကုန်ထက် သက်သာတဲ့စျေးနှုန်းနဲ့ ရောင်းချထားပြီး အင်ဒိုနီးရှားစတဲ့နိုင်ငံတွေမှာတော့ တော်တော်ကို စျေးကြီးပါတယ်။

ဂျပန်ရဲ့အမဲသားကိုတော့ တန်ချိန် ၂၇၀၀ လောက်ပဲ တင်ပို့နိုင်ခဲ့ပြီး  သြစတြေးလျထုတ်ဆိုရင် တန်ချိန် ၂၈၀၀၀ တောင်မှတင်ပို့ခဲ့ပါတယ်။

WAGYU လို့ပြောလိုက်တာနဲ့ သြစတြေးလျလို့ပြောတာတွေကလည်း ကသိကအောက်ဖြစ်ရလောက်တဲ့အထိ ကွာခြားမှုတွေဖြစ်လာခဲ့ပါတယ်။

 

အောက်မှာပြထားတဲ့ ပုံထဲကအတိုင်း သြစတြေးလျမှာ နေရာအကျယ်ကြီးအသုံးပြုပြီး  WAGYU ကို အကြီးအကျယ်တည်ထောင်တဲ့အတွက် သင်္ဘောနဲ့တင်ပို့လို့ရတဲ့ ပမာဏတောင်မဟုတ်တဲ့ပုံပါပဲ။

https://gunosy.com/articles/RWxdl?s=s

 

ဂျပန်နိုင်ငံမှာတော့ တစ်ကောင်ချင်းစီပျိုးထောင်ထားတဲ့အတွက်ကြောင့် နိုင်းယှဥ်ရရင် ဂျပန်ထုတ်လုပ်တာက ပိုပြီးအရသာရှိပေမယ့် အရမ်းကိုစျေးကြီးတာနဲ့ တင်ပို့ရောင်းချမှုနည်းတာက တပန်းရှုံးနေရတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ အသားရော အသီးပါ ဖြစ်ထွန်းတဲ့နိုင်ငံဖြစ်ပါတယ်။

ပြီးတော့ သူတို့ရဲ့အရည်အသွေးကို ကမ္ဘာ့အလယ်မှာ ချီးမွမ်းခံရဖို့ ပစ်မှတ်ထားလျက်ရှိပါတယ်။

 

ဒါကြောင့် WAGYU ဆိုတာ ဂျပန်ရဲ့အရသာရှိတဲ့အမဲသားဆိုတာကိုသိရပြီး ခိုးထုတ်တဲ့ပုံစံတွေကလည်း တကယ့်ကို အံ့သြဖို့ကောင်းပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: