နိုင်ငံခြားအထိနာမည်ကြီးတဲ့ နံပါတ် (၁) KOBE BEEF !! သို့သော် Kobe နွားဆိုတဲ့အမျိုးအစားတော့မရှိဘူးတဲ့ ?

စာဖတ်သူတို့အားလုံး Yakiniku (အမဲကင်)ကိုကြိုက်ပါသလား?
Yakiniku ထဲမှာ အကောင်းဆုံးကုန်ပစ္စည်းအဖြစ်သတ်မှတ်ခြင်းခံရတာကတော့ ဂျပန်အမဲသားပဲဖြစ်ပါတယ်။
ကင်ပြီးတဲ့အခါ ပါးစပ်ထဲမှာတင်အရည်ပျော်သွားလောက်တဲ့အထိနူးညံ့ပြီး၊ ထိုအသားနဲ့ဆို ထမင်း၃, ၄ ခွက်ကအသားလေးပဲလို့ထင်ပါတယ်။
အဲ့ဒီလောက်အထိ အရသာရှိပါတယ်။

 


https://nikuyanodaidokoro-ueno.com

 

ဒီလိုအရသာရှိတဲ့ဂျပန်အမဲသားထဲမှာမှ နိုင်ငံခြားအထိပါပေါက်တဲ့အမှတ်တံဆိပ်ထဲက KOBE BEEF ကတော့ နံပါတ် (၁) တဲ့!!!
Kobe အမဲသားပဲမဟုတ်လား..
စာဖတ်သူတို့ထဲမှာလည်း ဒီနာမည်ကိုကြားဖူးသူ တော်တော်များများရှိနေမယ်လို့ထင်ပါတယ်။

သို့သော် ဒီတစ်ခုကိုရောသိပြီးပြီလား?
Kobe နွားဆိုတဲ့အမျိုးအစားတော့ မရှိဘူးတဲ့..

ပထမဆုံးအနေနဲ့ ဂျပန်မှာတိတိကျကျသတ်မှတ်ထားတဲ့ အမဲသားအမျိုးအစားတွေကိုအရင်ပြောပြပေးပါမယ်။

“ ပြည်တွင်းထွက်အမဲသား” ဆိုတဲ့စကားလုံးဟာ ရိုးရှင်းတဲ့စကားလုံးလေးပါ။
ထိုစကားလုံးအတိုင်းပဲ ဂျပန်ပြည်တွင်းမွေးမြူထားတဲ့နွားဆိုတဲ့ အဓိပ္ပါယ်ပေါ့..
နိုင်ငံခြားမှာမွေးထားတဲ့နွားကလည်း ဂျပန်ကိုရောက်လာပြီး အချိန်တစ်ခုကြာအထိမွေးထားမယ်ဆို ဒီနွားလည်း “ ပြည်တွင်းထွက်အမဲသား” ဖြစ်သွားတယ်။

ဒါနဲ့မတူတဲ့ “ ဂျပန်အမဲသား” ဆိုတဲ့အခြားသောစကားတစ်လုံးရှိတယ်။
“ ပြည်တွင်းထွက်အမဲသား” နဲ့မတူတဲ့ အခြားသောအဓိပ္ပါယ်ပေါက်ပါတယ်။
(အထူးသတ်မှတ်ထားတဲ့နွား ၄ မျိုး၊ ဒါမှမဟုတ် ဒါတွေကိုရောထားတဲ့အမဲသား = “ ဂျပန်အမဲသား” )

အဲ့ဒီအမျိုးအစား ၄ မျိုးဆိုတာကတော့
黒毛(くろげ)、Kuroge(Japanese Black)
赤毛(あかげ)、Akage(Japanese Brown)
日本短角(にほんたんかく)、Nihon Tankaku(Japanese shorthorn)
無角和(むかくわ)、Mukaku(Japanese Polled) ဆိုတဲ့နွား ၄ မျိုးပဲဖြစ်ပါတယ်….

 

日本短角(Japanese shorthorn)

https://www.jaiwate.or.jp/

 

ဆိုလိုတာက ဒီနွားအမျိုးအစား ၄ မျိုးဆို နိုင်ငံခြားမှာမွေးထားပြီးမှ ဂျပန်ရောက်လာလည်း “ ဂျပန်အမဲသား” လို့ပဲသတ်မှတ်တယ်။
အခြေခံအားဖြင့် ဒီဂျပန်အမဲသားရဲ့ သက်ရှိခန္ဓာ၊ အောင်မြင်သွားတဲ့မျိုးဥကို export လုပ်တာတွေတားမြစ်ထားပေမဲ့၊
တရုတ်လူမျိုးတစ်ယောက်က အောင်မြင်သွားတဲ့မျိုးဥကိုသယ်သွားပြီး၊ သြစတေးလျစတဲ့နိုင်ငံမှာ ပထမဆုံးမွေးမြူလိုက်တဲ့အတွက် “ သြစတေးလျထွက်ဂျပန်အမဲသား” ဆိုတဲ့ ထူးဆန်းတဲ့နာမည်တစ်ခုရလာခဲ့ပါတယ်။

ဒီဂျပန်နွား ၄ မျိုးကိုမျိုးစပ်ပြီး ဒေသအသီးသီးမှာထုတ်လိုက်တာကတော့ “ –နွား” ဆိုတဲ့အမှတ်တဆိပ်နဲ့နာမည်ဖြစ်လာပါတယ်။
အဲ့ဒီ ၁ ခုကတော့ “ 但馬牛(たじまぎゅう)Tajima beef” တဲ့…..
နောက်ပြီး ကျွန်တော်တို့တွေမသိခဲ့ကြတဲ့ Kobe beef ရဲ့အရင်းအမြစ်က Tajima beef ပဲဖြစ်နေပါတယ်။

KOBE BEEF ဆိုတဲ့နာမည်ကပဲ ကျော်ကြားလွန်းသွားပြီး၊ တိတိကျကျအဓိပ္ပါယ်ဖွင့်ဆိုထားခြင်းမရှိစဥ်မှာပဲ ကမ္ဘာကိုပါထိုးဖောက်ကျယ်ပြန့်သွားတဲ့အတွက် အတုလိုက်ထုတ်တာတွေကလည်း ရှိလာပါတယ်။
ဘယ်ဟာက KOBE BEEF လဲဆိုပြီးတိတိကျကျမသိရတာက ပြဿနာဖြစ်လာပြီး၊ Tajima beef ထဲက အရည်အသွေးအမြင့်ဆုံးကို Kobe beef လို့ခေါ်မယ်ဆိုပြီး နောက်ပိုင်းသတ်မှတ်လိုက်ကြပါတယ်။

စကားမစပ် ဂျပန်မှာတော့ နေရာအသီးသီးမှာအရသာရှိတဲ့အမှတ်တံဆိပ်နဲ့အမဲသားတွေအများကြီးရှိပေမဲ့၊ ဘာကြောင့် KOBE BEEF တစ်ခုတည်းကပဲ နိုင်ငံခြားအထိပေါက်သွားရသလဲ??
အဲ့ဒါကတော့ အင်္ဂလန်လူမျိုးတစ်ယောက်ရဲ့ကျေးဇူးကြောင့်လို့ ပြောကြပါတယ်။

 

https://intojapanwaraku.com/

Kobe ဆိုတာ ဆိပ်ကမ်းမြို့ဖြစ်ပါတယ်။
ဂျပန်ကိုနိုင်ငံခြားတိုင်းပြည်တွေနဲ့ နှစ်ရှည်လများအဆက်အသွယ်ဖြတ်ထားတဲ့ခေတ်ပြီးနောက် ပထမဆုံးဖွင့်လှစ်လိုက်တဲ့ ဆိပ်ကမ်းများအနက် ဒီ Kobe ဆိပ်ကမ်းကလည်း တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်။
1868 ခုနှစ်မှာ ဆိပ်ကမ်းဖွင့်လှစ်လိုက်ပြီး၊ နိုင်ငံခြားသားတွေအမြောက်အများဝင်ရောက်လာခဲ့ပေမဲ့၊ အသားကိုအဓိကစားတဲ့သူတို့ဟာ အရသာရှိတဲ့အသားကိုနေထိုင်ရာဝန်းကျင်ကနေ စပြီးရှာဖွေခဲ့ပါတယ်။
ထိုအချိန် အသားစားတဲ့ယဥ်ကျေးမှု သိပ်ပြီးမရှိခဲ့တဲ့ဂျပန်မှာ စားဖို့အတွက်အသားမရှိခဲ့ပါဘူး။
စိုက်ပျိုးရေးလုပ်ငန်းအထောက်အကူပြုနေတဲ့နွားကို စားကြည့်တဲ့အချိန်၊ ထိုအထဲမှာ အရသာအရှိဆုံးကတော့ အခုနပြောခဲ့တဲ့ Tajima beef ပဲဖြစ်နေခဲ့ပါတယ်။
Kobe မှာအရသာအရှိဆုံးအမဲသားကို စားရပြီး !!
ဆိုတာကနေ ဗြိတိန်လူမျိုးတွေကြားမှာ KOBE BEEF ဆိုတဲ့စကားလုံး ပေါ်ပေါက်လာပါတော့တယ်။

အဲ့ဒီနောက်ပိုင်း ဂျပန်မှာအသားစားတဲ့ယဥ်ကျေးမှုဖွံ့ဖြိုးလာခဲ့ပြီး၊ ဂျပန်လူမျိုးတို့ရဲ့ စိတ်နေသဘောထားပြောင်းလဲလာခြင်းလို့ဆိုရမလား?
အမဲသားနှင့်ဘီယာတွဲသောက်ခြင်း၊ သီချင်းနားထောင်ခြင်း၊ အနားယူခြင်း၊ အနှိပ်ခံခြင်း၊ စသည်တို့ပြုလုပ်လာကြပါတယ်။
ဒီနေ့ရာမှာတော့ နိုင်ငံအသီးသီးရဲ့ ဒေသအသီးသီးထွက်အမဲသားကို စားကြပါတယ်။

တကယ်တော့ KOBE BEEF လို့မခေါ်ဘဲ Tajima beef လို့ခေါ်တာက ပိုမှန်ကန်ပါတယ်။
နောက်ပြီး ဂျပန်တွင်းမှာရှိတဲ့အခြားသော ဂျပန်အမဲသားတွေကို သေချာပေါက်စားစေချင်တယ်။

ဒါနဲ့ဘယ်လိုပုံစံနဲ့စားတာက အရသာအရှိဆုံးလဲဆိုတော့…
ကျွန်တော့အတွက်ကတော့ Yakiniku လည်းကောင်းပါတယ်။ ဒါပေမဲ့ ကိုယ့်မျက်စိရှေ့မှာပဲကင်ပေးနေတဲ့ Teppanyaki ကအကောင်းဆုံးပဲလို့ထင်တယ်။

 

https://www.tour.ne.jp/j_optional/413132/

 

ကင်ရမယ့်အနေအထားကတော့ အလယ်အလတ်လောက်ပဲ။
ဂျပန်အမဲသားမှာတော့ အနီရောင်အသားမျှင်တွေကြား အဆီတွေကလှပစွာနေရာယူထားတယ်။
ကင်တာများသွားရင် လုံးဝအရည်ပျော်သွားတတ်တယ်။ အရသာရှိတဲ့အသားစိုင်တွေအရည်ပျော်သွားကုန်ရင် နှမြောစရာကောင်းတာကြောင့် ဒီအနေအထားလောက်ကင်တာက အကောင်းဆုံးပဲဖြစ်ပါတယ်။
ဂျပန်ရောက်ရင် သေချာပေါက် Kobe beef ကိုစားကြည့်ပါနော်..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: