ဂျပန်နိုင်ငံဟာ လျှပ်စစ်ကားမှာ ခေတ်ရှေ့ပြေးနေတဲ့နိုင်ငံတစ်ခုလား? လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်ကတည်းကရှိနေတဲ့ လျှပ်စစ်ကား။

ရေနံဆီလျော့နည်းလာမှုပြဿနာ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ပြဿနာအတွက် ကမ္ဘာတစ်ဝှမ်းမှာ အင်ဂျင်ကားအသုံးပြုလိုမှုဟာ လျော့နည်းလာလျက်ရှိပါတယ်။
အမေရိကရဲ့ Telsa နဲ့ တရုတ်နိုင်ငံရဲ့ ကားထုတ်လုပ်မှုလုပ်ငန်းတွေဟာ လျှပ်စစ်ကားတွေအပေါ် အဓိကထားအာရုံစိုက်နေတဲ့အချိန် ဂျပန်နိုင်ငံရဲ့ ကားထုတ်လုပ်တဲ့လုပ်ငန်းတွေက လျှပ်စစ်ကားပေါ် ဘာမှတုန့်ပြန်လုပ်ဆောင်တာမျိုးမရှိဘူးလို့ ထင်မိကြပါသလား။

ဟိုက်ဘရစ်ကားတွေ များပြားလာနေပေမယ့်လည်း တကယ်တော့ အဲ့ဒါတွေက အင်ဂျင်ကားတွေပဲ ဖြစ်လို့နေပါတယ်။
ဟိုက်ဒရိုဂျင်နဲ့ မောင်းနှင်တဲ့ကားလည်း ပေါ်ထွက်လာပေမယ့် ဟိုက်ဒရိုဂျင်ဖြည့်တင်းတဲ့နေရာ နည်းပါးနေသေးတဲ့အတွက် တော်တော်နဲ့ အသုံးမတွင်ကျယ်လာပါဘူး။
ဂျပန်နိုင်ငံဟာ လျှပ်စစ်ကားနယ်ပယ်မှာ မဖွံ့ဖြိုးသေးတဲ့နိုင်ငံလို့ ပြောကြပေမယ့် တကယ်တော့ ခေတ်ရှေ့ပြေးနေတဲ့နိုင်ငံပါ။
ရှေ့ကိုမှ အရှေ့ဆုံးကို ရောက်နေတာပါ။

ဂျပန်မော်တော်ယာဉ်သမိုင်းမှာ သိုဝှက်ထားတဲ့ အဆင့်မြင့်ကုမ္ပဏီတွေကို မိတ်ဆက်ပါရစေ။

စာဖတ်သူတို့ ဒီအမှတ်တံဆိပ်က ဂျပန်နိုင်ငံရဲ့ မော်တော်ယာဉ်ထုတ်လုပ်တဲ့လုပ်ငန်းတံဆိပ်ဖြစ်ပါတယ်။ ဒါဘာကုမ္ပဏီလည်းဆိုတာ သိပါသလား။

https://www.automesseweb.jp/2021/07/28/725371

မသိဘူးလို့ဖြေတဲ့သူတွေအတွက်
Tama Electric Car ဆိုတဲ့နာမည်နဲ့ ၁၉၄၇ ကနေ ၁၉၅၀ နှစ်အထိ ရောင်းချခဲ့တဲ့ လျှပ်စစ်ကားတံဆိပ်ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကတည်းက ရောင်းချနေပြီဖြစ်တဲ့ လျှပ်စစ်ကားဆိုလည်း မမှားပါဘူး။
ဒီဇိုင်းလေးကတည်း ချစ်စရာကောင်းတယ်နော်။

ဒီကားထုတ်လုပ်တဲ့လုပ်ငန်းဟာ Tokyo Electric Car ဆိုတဲ့နာမည်နဲ့ ဒီနာမည်အတိုင်း လျှပ်စစ်ကားတွေကို အထူးပြုထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပါတယ်။
အခု Tesla လိုမျိုး ကုမ္ပဏီပေါ့။

အရင်တုန်းကတော့ Tachikawa Aircraft Company ဆိုတဲ့ လေယာဥ်ထုတ်လုပ်တဲ့လုပ်ငန်းဖြစ်ခဲ့ပေမယ့် စစ်ပြီးတဲ့နောက် လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းတွေကို ဖျက်သိမ်းလိုက်ပြီး ကားထုတ်လုပ်ရေးလုပ်ငန်းဘက်ကို ခြေဆန့်လာခဲ့ပါတယ်။

စစ်ပြီးတဲ့နောက် ပြည်တွင်းမှာ ဓာတ်ဆီက ခွဲတမ်းစနစ်နဲ့ရယူရပြီး လွယ်လွယ်ကူကူမဝယ်ယူနိုင်တဲ့ကာလဖြစ်ခဲ့ပါတယ်။
အမေရိကန်စစ်တပ်ကနေ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အတွက် အရပ်သားများအပါအ၀င်လူ ၅၀၀၀၀၀ သေဆုံးခဲ့ပြီး မြို့တစ်မြို့လုံးဟာ မီးလောင်ပြာကျခဲ့တဲ့အတွက် စက်မှုလုပ်ငန်းအားလုံးအတွက် ကပ်ဆိုက်သွားတဲ့ကာလဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းကနေ လျှပ်စစ်ဓာတ်အားရရှိခဲ့တဲ့အတွက် လျှပ်စစ်ကားထုတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်။


အမြန်နှုန်းက တစ်နာရီ ၃၅ ကီလိုမီတာဖြစ်ပြီး အဲ့ဒီခေတ်မှာ အခုလို ဘက်ထရီနည်းပညာမရှိခဲ့တာကြောင့် အားအပြည့်သွင်းရင် ၆၅ ကီလိုမီတာသာ မောင်းနှင်နိုင်ခဲ့ပါတယ်။

ဒီလိုအကန့်အသတ်တွေရှိတဲ့ နည်းပညာနဲ့တောင် လက်တွေ့မှာ အသုံးပြုမှုအနိမ့်ဆုံးအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့အတွက် ဒီထုတ်လုပ်တဲ့လုပ်ငန်းရဲ့ ကြိုးပမ်းအားထုတ်မှုက အံ့သြဖွယ်ကောင်းလှပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ ဓာတ်ဆီရရှိမှု တည်ငြိမ်လာပြီး လျှပ်စစ်ကားတွေဟာ ဝယ်လိုအားနည်းလာကာ တဖြည်းဖြည်း ပျောက်ကွယ်သွားပါတယ်။

စစ်တွင်းကာလနဲ့ စစ်ပြီးကာလမှာ ဓာတ်ဆီရှားပါးမှုဟာ ဂျပန်နိုင်ငံအတွက် ကြောက်ရွံစိုးရိမ်စရာတစ်ခုဖြစ်လာတဲ့အခါ အခုအချိန်မှာတော့ အတော်အတန် သိုလှောင်ထားရှိနေပါပြီ။
ဒီလိုနဲ့ Tama လျှပ်စစ်ကားဟာ Prince Motor Company ဖြစ်လာပြီး နောက်ဆုံးမှာတော့ NISSAN နဲ့ ပူးပေါင်းခဲ့ပါတယ်။

 

NISSAN ရဲ့ လျှပ်စစ်ကားဟာ အခုဒီလိုပုံစံဖြစ်ပါတယ်။ ဒီလိုမျိုးကားတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကတည်းက ရှိလာတာကို တွေးကြည့်ရင် အတော်လေး စိတ်လှုပ်ရှားအံ့သြမိပါတယ်။

အခြေခံအားဖြင့် လျှပ်စစ်ကားအပေါ် တုန့်ပြန်ဆောင်ရွက်ရာမှာ နောက်ကျနေတဲ့ ဂျပန်နိုင်ငံရဲ့ မော်တော်ယာဥ်ထုတ်လုပ်တဲ့လုပ်ငန်းတွေထဲကမှ လျှင်လျှင်မြန်မြန်နဲ့ ပထမဆုံး ထုတ်လုပ်ရောင်းချဖြစ်တဲ့ကုမ္ပဏီက NISSAN ဖြစ်နေတဲ့အတွက် တစ်ခုခု ဆက်စပ်မှုရှိနေမလားမသိဘူးနော်။

အခုလည်း ဂျပန်နိုင်ငံရဲ့ မော်တော်ယာဉ်လုပ်ငန်းတွေဟာ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ဖြစ်နေဆဲ ဖြစ်ပါတယ်။
NISSAN ဟာ လျှပ်စစ်ကားတွေနဲ့ ကမ္ဘာကြီးကို သိမ်းပိုက်သွားမလား
ဒါမှမဟုတ်
TOYOTA ကပဲ ဟိုက်ဒရိုဂျင်ကားနဲ့ အကြီးအကျယ်အောင်မြင်လိမ့်မလားဆိုတာကိုတော့ ဂျပန်နိုင်ငံရဲ့ မော်တော်ယာဥ်ထုတ်လုပ်ရေးလုပ်ငန်းမှာ မျက်ခြေမပျက် ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: