ဂျပန်နိုင်ငံဆိုပေမယ့် ဂျပန်မဟုတ်ဘူးတဲ့ အိုကီနာဝါရဲ့ဝမ်းနည်းစရာသမိုင်းကြောင်း

ဂျပန်နိုင်ငံရဲ့တောင်ဘက်အစွန်ဆုံးမှာရှိတဲ့စီရင်စုကတော့ အိုကီနာဝါပဲဖြစ်ပါတယ်။

ဂျပန်ပြည်မကြီးကနေ အရမ်းကိုဝေးတဲ့ကျွန်းက ဘယ်မှာလဲဆိုတော့ ထိုင်ဝမ်ရဲ့ အနီးမှာ ရှိတာဖြစ်ပါတယ်။

အဲ့ဒါက အစဦးဆုံးမှာ ဂျပန်မှာ မဟုတ်ပဲ ဘုရင်အုပ်ချုပ်တဲ့ ရူးခရူးအိုးကိုခု 琉球王国(りゅうきゅうおうこく)ဆိုတဲ့ ဘုရင်အုပ်ချုပ်တဲ့ နိုင်ငံပဲဖြစ်ပါတယ်။

နောက်တစ်ခုက သေးငယ်တဲ့ကျွန်းနိုင်ငံလေးဖြစ်တဲ့ အတွက်တစ်ခုထဲနဲ့ အင်အားမရှိပဲ အစမှာ တရုတ်နိုင်ငံရဲ့သက်ရောက်မှုကို ကြီးကြီးမားမားလက်ခံထားရတဲ့နိုင်ငံဖြစ်ပါတယ်။

နောက်ပြီးတော့ဂျပန်နဲ့လည်းဆက်ဆံရေးကောင်းမွန်ပြီးတော့ ဘယ်ဘက်နဲ့မှ ပြဿနာမဖြစ်အောင်နေခဲ့တဲ့ ရူခရူးဘုရင်နိုင်ငံတော်ပဲဖြစ်ပါတယ်။

မှီတင်းနေထိုင်တဲ့ ဂျပန်လူမျိုးတွေရဲ့ လွှမ်းမိုးမှုက စတင်လာပါတယ်။၁၅၉၂ ခုနှစ်မှာ ဂျပန်နိုင်ငံက အခုလက်ရှိကိုးရီးယားကစစ်ကြေငြာခဲ့တဲ့ စစ်ပွဲကိုလည်းတိုက်ခိုက်ခဲ့ပါတယ်။ဂျပန်အစိုးရက အဲ့ဒီအချိန်မှာ ရူခရူးဘုရင့်နိုင်ငံ နဲ့လက်တွဲခဲ့ပြီး စစ်သားတွေရဲ့စားနက်ရိက္ခာဖြစ်တဲ့ဆန်ကိုထောက်ပံ့ပေးခဲ့ပါတယ်။

ပြီးတော့ အဲ့ဒီနောက်ပိုင်းမှာ ဂျပန်နဲ့ တရုတ်ကြားကူးသန်းရောင်းဝယ်ရေးမှာ ရူခရူးကို အသုံးပြုမယ်ဆိုတဲ့ မူကြမ်းကထွက်ခဲ့တဲ့တာကို ရူခရူးတိုင်းပြည်ကငြင်းဆိုခဲ့ပါတယ်။

ဂျပန်အစိုးရက ဆစုမဟန် 薩摩藩 ဆိုတဲ့ လက်ရှိ ကာဂိုရှီးမားစီရင်စုနဲ့ လက်တွဲပြီး အိုကီနာဝါကို ကျူးကျော်ဖို့ ခွင့်ပြုလိုက်ပါတယ်။

စစ်အင်အားရဲ့ခြားနားချက်က ရှင်းလင်းခဲ့တဲ့အတွက် စစ်ပွဲကြီးမဖြစ်ခင်မှာ ရူခရူးဘုရင့်နိုင်ငံက လက်နက်ချခဲ့ပြီးတော့ ဂျပန်နိုင်ငံရဲ့ အစိတ်ပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။

 

အတင်းအကြပ်ဂျပန်နဲ့တစ်သားထဲဖြစ်ခဲ့တာကို ရူခရူးရဲ့ပြည်သူတွေက သဘာဝအတိုင်းစိတ်ဝင်စားတယ်လို့မထင်ပါဘူး။

ပြီးတော့ဂျပန်ရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်လာတဲ့အခါမှာ ရူခရူးမဟုတ်တော့ပဲနဲ့ အိုကီနာဝါဆိုတဲ့နာမည်ကိုပြောင်းလဲခဲ့ပါတယ်။

နောက်ပြီးတော့ ဂျပန်က  အမေရိကနဲ့ပြင်းထန်တဲ့စစ်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

 

အဲ့ဒီစစ်ပွဲမှာ ဂျပန်တစ်ခုလုံးက ပျက်စီးဆုံးရှုံးမှုတွေကြီးမားခဲ့ပေမယ့် အိုကီနာဝက အဲ့ဒီ ရှေ့တန်းမှာရှိနေပြီး ကံဆိုးမိုးမှောင်ကျခဲ့ရပါတယ်။

ဂျပန်နိုင်ငံက ကမ္ဘာပေါ်မှာအကြီးဆုံး တိုက်သင်္ဘော ၊ယမတို (大和)ကို အိုကီနာဝါကျွန်းမှာစေလွှတ်ထားပါတယ်။

ဂျပန်ပြည်မကိုကာကွယ်ပေးဖို့ အရှေ့တန်း အခြေစိုက်စခန်းအနေနဲ့ ရှိနေပါတယ်။

ယမတိုကနစ်မြှုပ်ခဲ့ပြီး အိုကီနာဝါက အမေရီကန် တပ်မတော် လက်အောက်ကျရောက်ခဲ့ပြီး လူအမြောက်အများသေဆုံးခဲ့ပါတယ်။

ဘာကြောင့်အိုကီနာဝါရဲ့ လူတွေကအသတ်ခံခဲ့ရတာပါလဲ?

ဂျပန်ပြည်မကို ကာကွယ်ပေးခဲ့တဲ့အတွက် ……အတင်းအကြပ်ဂျပန်ကိုဝင်ရောက်ခဲ့ပြီး အဲ့ဒီဂျပန်ကိုကာကွယ်ဖို့ အတွက်အသတ်ခံခဲ့ရတာဖြစ်ပါတယ်။

 

နောက်ပြီးယခု တရုတ်နိုင်ငံ မြောက်ကိုးရီးယားနိုင်ငံက လက်နက်တွေကိုတိုးချဲ့ပြုလုပ်နေပြီး အဲ့ဒီ ရှေ့တန်းအခြေစိုက်စခန်းအဖြစ်ရှိနေတာက အိုဆာကာပဲဖြစ်ပါတယ်။

အမေရိကန်တပ်မတော်ရဲ့ အောက်ခြေကလည်းကြီးမားတဲ့ အရာတွေရှိပါတယ်။

အဲ့ဒီထဲမှာ အမေရိကန်စစ်တပ်က အမျိုးမျိုးသော ရာဇဝတ်မှုတွေကိုကျူးလွန်ထားပါတယ်။

အိုကီနာဝါရဲ့ မိန်းကလေးတွေကိုရိုက်နှက်တယ်ဆိုတဲ့ အရာကလည်းမကြာခဏဖြစ်ပွားခဲ့ပါတယ်။

ဘာအတွက်ကြောင့် အိုခီနာဝါ မှာ အမေရိကန်စစ်တပ်တွေက အခြေချခဲ့ကြတာလဲ?

ဂျပန်ပြည်မကြီးကို ကာကွယ်ပေးဖို့အတွက်ကြောင့်ဖြစ်ပါတယ်။

 

အိုကီနာဝါကဂျပန်ကိုအတင်းအကြပ်ဝင်ရောက်ပြီးတော့ ဂျပန်နိုင်ငံအတွက်ဒုက္ခသည်တွေဖြစ်လာခဲ့ပါတယ်။

အိုကီနာဝါကလူတွေက ဒီလိုစဥ်းစားတာလည်းမဖြစ်နိုင်တာမရှိပါဘူး။

အိုကီနာဝါက ဂျပန်ကနေလွတ်လပ်ရေးရချင်တယ်လို့ တွေးတဲ့သူလည်းရှိပြီး အဲ့ဒါမှ အခုချိန်မှာ အသက်မရှင်သန်နိုင်တဲ့အတွက် မလွတ်လပ်ဘူးဆိုတဲ့သူတွေလည်းရှိပါတယ်။

အိုကီနာဝါက ဂျပန်ဖြစ်တဲ့အတွက် ဂျပန်ရဲ့တခြားဒေသကလူတွေက အနည်းငယ်မတူညီတဲ့ခံစားချက်ကို လက်ခံထားပါတယ်။

ဂျပန်အစိုးရရော အမေရိကန်ရော နေရာနဲ့ဆိုင်တဲ့ ပြဿနာကနေ အိုကိနာဝါမှာအခြေချထားချင်တယ်ဆိုတဲ့ ကိစ္စမှာ ပြောင်းလဲချင်တာမရှိပါဘူး။

တော်တော်ကို ရှုပ်ထွေးတဲ့ပြဿနာပါပဲ။

အိုကီနာဝါကလူတွေလည်း သဘောတူနိုင်ခဲ့တဲ့ပုံစံရဲ့ ပေါင်းစပ်တာကိုမျှော်လင့်ခဲ့ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: