တောင်ပေါ်ကနေကြားရတဲ့ နတ်ဆိုးသံ !!!!!

ကြောက်စရာဇာတ်လမ်းတွေအများကြီးရှိပေမယ့် အတော်များများကသရဲတစ္ဆေနဲ့ပတ်သတ်တဲ့ သရဲခြောက်တာတို့ဘာတို့လို မသေချာတဲ့ သံသယဖြစ်ဖွယ်အရာတွေကများပါတယ်။

သို့သော်. . . ဒီတစ်ခေါက်ပြောပြမယ့်အရာကတော့ အဲလိုမဟုတ်ပါဘူး။
တကယ့် တကယ့် ဖြစ်ရပ်မှန်ပါ။

Oita စီရင်စုမှာ နေထိုင်ခဲ့တဲ့ Kissaku လို့ခေါ်တဲ့လူငယ်လေးတစ်ယောက်ရှိပါတယ်။ သူက ချောက်ကမ်းပါးရဲ့ ကျောက်ဆောင်တွေမှာရှိတဲ့ မှိုတွေကို စိုက်ပျိုးကောက်ယူပြီး အသက်မွေးဝမ်းကြောင်းပြုလုပ်နေတဲ့ သူတစ်ယောက်ပေါ့။
အသက်အန္တရာယ်ရှိလို့ အမြဲတမ်း အသက်ကိုဖက်နဲ့ထုပ်ကာ အသက်မွေးဝမ်းကြောင်းပြုလုပ်နေတဲ့သူ . . .

တစ်နေ့မှာတော့ ရုတ်တရက် အသက်အန္တရာယ်နဲ့ကျရောက်လို့လာပါတယ်။

သူဟာ ကျောက်ဆောင်ရဲ့ ကြားမှာ ကျရောက်နေပြီး ကိုယ်ပိုင်အင်အားနဲ့ ရုံးထွက်လို့မရတဲ့ အခြေအနေသို့ကျရောက်လာပါတယ်။

အသံအကျယ်ကြီးအော်ပြီးတော့လည်း ကယ်တင်ပေးဖို့ အဆက်မပြတ် အကူအညီတောင်းခဲ့ပါတယ်။

“ ဟေး  . . . . ကယ်ကြပါဦး . . . !”

ဒီအသံကိုတော့ ရွာထဲကနေ ကြားရပါတယ်။

 

https://mag.japaaan.com/archives/124769

 

ရွာထဲကနေကြားရတဲ့အသံကတော့ ရှင်းလင်းပြတ်သားတဲ့ စကားလုံးနဲ့ကြားရတာမဟုတ်ပဲ တော်တော်လေးကို စိတ်ခြောက်ချားဖွယ် အသံနက်နက်ကြီးကိုသာကြားနေရပါတယ်။

တောင်ကနေ ကျောချမ်းဖွယ်အသံကို ကြားရတယ်။
သေချာပေါက် မကောင်းဆိုးသရဲနေမှာ ဘယ်သူ့မှ တောင်နားကို မချဉ်းကပ်နဲ့ !

ကောင်လေးရဲ့ အသံကိုကြားရသော်လည်း ရွာသားများက အထင်မှားပြီး တောင်သို့မချဉ်းကပ်ကြပါဘူး။ကောင်လေးက‌တော့ ရက်ပေါင်းများစွာအကူအညီတောင်းခံခဲ့ရပေမယ့် လာပြီးကယ်တင်ပေးမယ့်သူမရှိလို့ ဆာလောင်မွတ်သိပ်မှုနှင့် အအေးမိမှုတို့ကြောင့်မောပန်းနေပြီး စိတ်ရှုပ်ထွေးလာပါတော့တယ်။

ကယ်သူမဲ့ကောင်လေးဟာ နောက်တော့ မတတ်နိုင်တဲ့အဆုံး ဒီပေါ်ကနေ ခုန်ချသင့်ပြီလို့တွေးကာ အနီရောင် အရွက်တွေပြည့်နေတဲ့ ချိုင့်ထဲကို ကျောက်ဆောင်ကြားကနေ ခုန်ချလိုက်ပါတော့တယ်။

 

 

ပထမဆုံးနှင်းကျတဲ့အချိန် တောင်ပေါ်မှ ထူးဆန်းတဲ့ ကျောချမ်းဖွယ်အသံများ မကြားရတဲ့အခါမှာတော့ ဒေသခံများစိတ်သက်သာရာရသွားကြပါတယ်။

တကယ်တမ်းတော့ အသက်တစ်ချောင်းက ဆုံးရှုံးကျန်ရစ်ခဲ့ရပါတယ်။‌ကောင်လေး ချိုင့်ဝှမ်းသို့ကျသွားပြီး သေဆုံးသွားရတာကိုတော့ နောက်မှ သိကြရတာပေါ့။

ထိုအချိန်မှစပြီး ဤကျောက်တုံးကို Kissaku Otoshi လို့ အမည်ပေးပြီး တောင်ပေါ်သွားတဲ့အခါ ဂရုစိုက်ရမယ့် သင်ခန်းစာအဖြစ် ကျန်ရစ်ခဲ့ပါတယ်။

တောင်ပေါ်သွားမယ်ဆိုရင် မဖြစ်မနေ သင်ကာကွယ်ရမည့်အရာ လေးခု ရှိပါတယ်။

၁။ တောင်ပေါ်သို့ တစ်ယောက်တည်းမသွားရ။ အကယ်၍ အဲဒါကိုရှောင်လွှဲလို့မရဘူးဆိုရင်၊ သင်သွားနေတဲ့နေရာကို တစ်ယောက်ယောက်ကိုပြောပြီးမှ သွားပါ။

၂။ အသက်ကယ်ကြိုး ပြင်ဆင်သွားပါ။
၃။ နီးနီးနားနားပဲသွားပါ။
၄။ကယ်ဆယ်ရေးအတွက် ခံနိုင်ရည်ရှိရန် လုံလောက်သောပစ္စည်းကိရိယာနှင့်ခွန်အားကိုရယူထားပါ။

ဒါကတော့ တစ္ဆေဇာတ်လမ်းမဟုတ်ပါဘူး၊ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ကြောက်စရာဇာတ်လမ်းတစ်ပုဒ်ပါ။မကောင်းဆိုးဝါးအသံကို ကြားရတယ်လို့ ထင်ကြတဲ့ ရွာသားများရဲ့ ကြောက်ရွံ့မှုနှင့် တစ်ယောက်တည်းကယ်ရာမဲ့ဖြစ်ပြီး ရူးသွပ်သွားတဲ့ Kissaku ရဲ့ ကြောက်ရွံ့ခြင်းကိုလည်း ကောင်း‌ကောင်းကြီး နားလည်နိုင်ပါတယ်။

တောင်ပေါ်သွားရင် သတိပြုပါ။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: