ပျော်ရွှင်မှုကိုဖိတ်ခေါ်ပေးတဲ့ ကံကောင်းခြင်း 熊手Kumade (လာမည့်နှစ်အတွင်း အာကာသဆီကနေပျော်ရွှင်ခြင်းတွေကို စုဆောင်းမှာလား?)

ဟေးးးး 

ဒီမှာ ဒီမှာ၊ ကြီးပွားမယ် လာဘ်လာဘတိုးပွားမယ် ချမ်းသာမယ် !!!

 

ဆိုတဲ့ ကြွေးကြော်သံတွေက ၁၁ လပိုင်းရောက်ပြီဆို Asakusa မှာညံညံစည်လို့နေပါတယ်။ 

ထိုနေရာကတော့ Asakusa မှာရှိတဲ့ “ အိုးတိုရိ နတ်ကွန်း” ဖြစ်ပါတယ်။

၁၁ လပိုင်းရဲ့ “酉の日(とりのひ)” ရက်မှာ 酉の市” တိုရိနော့ အိချိ” လို့ခေါ်တဲ့ပွဲတော်ကိုကျင်းပပါတယ်။ 

 

ဒီနေရာကိုလာကြတဲ့လူတွေရဲ့ရည်ရွယ်ချက်က ဒီမှာရှိတဲ့ Kumade ဝယ်ကြဖို့ဖြစ်ပါတယ်။ 

အဆင်တန်ဆာပေါင်းများစွာနဲ့အလှဆင်ထားတာကြောင့် မြင်ရဖို့ခက်ခဲပေမဲ့၊ Kumade ရဲ့မူရင်းပုံစံကဒီလိုပါ။ 

ဒါကဆိုဒ်အသေးဖြစ်ပြီး၊ သဲထဲမှာနှစ်ဝင်နေတဲ့ ခရုခွံတွေကိုတူးဖော်ဖို့အသုံးပြုပါတယ်။ 

ဆိုဒ်အကြီးကိုတော့ သစ်ရွက်ကြွေတွေကိုစုသိမ်းတာတို့၊ ပုံနှိပ်တာတို့မှာအသုံးပြုပါတယ်။

ဟုတ်ပါတယ်၊ Kumade ဟာစုစည်းတယ် ဆိုတဲ့အလုပ်ကိုလုပ်တာဖြစ်ပါတယ်။ 

 

အဲ့ဒီတောက်တောက်ပြောင်ပြောင်ရှိနေတဲ့ Kumade မှာ ကံကောင်းစေတဲ့အရာတွေကို အထူးသဖြင့်အများကြီးချိတ်တွဲထားပြီး၊ ပျော်ရွှင်မှုကိုစုသိမ်းမယ်” ဆိုတဲ့ ကံကောင်းစေတဲ့အရာလေးဖြစ်ပါတယ်။ 

၁၁ လပိုင်းရဲ့ 酉の市” တိုရိနော့ အိချိ” ပွဲတော်မှာဝယ်ယူမယ်ဆိုရင်၊ ရောင်းချပေးတဲ့ဆိုင်ဝန်ထမ်းတွေက အသံကုန်အော်ဟစ်ပြီး ကံကောင်းခြင်းကိုရောင်းချပေးတဲ့အတွက် ကြိတ်ကြိတ်တိုးအောင်ဝယ်ကြတာဖြစ်ပါတယ်။ 

Youtube ကြည့်လို့ရတဲ့သူများအတွက်

youtu.be/TJ04UF4mZrY

 

Kumade ဟာ အဲ့ဒီလိုပျော်ရွှင်မှုကိုစုသိမ်းပေးတဲ့အရာဖြစ်ပေမဲ့၊ ဒီနှစ်တော့ မယုံနိုင်စရာ Kumade တစ်ခုပေါ်ပေါက်လာပါတယ်။ 

 

“ အာကာသအတိုင်းအတာနဲ့ ပျော်ရွှင်မှုကိုစုဆောင်းပေးမယ့် Kumade”

 ဖြစ်ပါတယ်။ မိုက်တယ်နော် ၊ တကယ်ကြီး အာကာသကိုပျံတက်သွားမယ့် Kumade ပါ။ 

ပုံမှန် Kumade နဲ့အနည်းငယ်ကွာခြားနေတဲ့အတွက်၊ ဟောဒီအာကာသအထိ စုဆောင်းပေးမယ့်အကြောင်းကို ရှင်းပြပေးပါမယ်။ 

 အရင်ဆုံး အာကာသကိုပျံမတက်သေးတဲ့ Kumade ကိုဝယ်ရပါမယ်။ 

ဒါကိုအချိန်အတိုင်းအတာတစ်ခုထိ၊ မိမိရဲ့အိမ်နဲ့ ရုံးခန်းမှာအလှဆင်ထားကာ၊ နောက်တစ်ကြိမ်ဆိုင်ကိုပြန်အပ်နှံရမယ်။ 

 

ဆိုင်က ဒီလိုသေတ္တာထဲမှာ Kumade ကိုထည့်ထားပေးပါမယ်။ 

https://www.jiji.com/jc/article?k=000000021.000074539&g=prt

 

တကယ်ကိုအာကာသဆီပျံသွားမှာဖြစ်ပါတယ်။ 

အမြင့်ပေ ၄၀၀ ကီလိုမီတာရှိတဲ့အမြင့်ကို နှစ်ဝက်ကနေ ၁ နှစ်အကြာလောက် ကမ္ဘာကိုလှည့်ပတ်နေပြီးမှ နောက်ဆုံးမှာလေထုထဲကိုပြန်ဝင်လာပြီး၊ မီးလောင်ကျွမ်းသွားကာပြီးသွားပါမယ်။ 

 ပုံမှန် Kumade ဟာလည်း ၁ နှစ်ကြာပြီးမှ ဝယ်ခဲ့တဲ့ဆိုင်နဲ့နတ်ကွန်းဆီကိုပြန်သွားပြီး၊ 御焚上げ(おたきあげ) လို့ပြောလိုက်ရင် ဆိုင်ကမီးရှို့ပေးမှာမို့လို့ ကိုယ်တိုင်မီးရှို့စရာမလိုပါဘူး။ 

 အာကာသထဲကနေ ပျော်ရွှင်မှုကိုစုဆောင်းပြီး၊ ကမ္ဘာမျက်နှာပြင်မှာ မီးလောင်ပြီးပြီးသွားမယ်။ 

 ဒီအာကာသ Kumade ဟာ၊ ကမ္ဘာ့ပထမဆုံးလည်းဖြစ်ပါတယ်။ 

 

“ ကြီးတဲ့ Kumade ကိုဝယ်တာ ပိုကောင်းတယ်” ဆိုတဲ့ဓလေ့လည်းရှိပါတယ်။ 

ပိုကြီးတယ် = ဈေးပိုကြီးတယ်။ 

ပိုကြီးတဲ့ Kumade ကိုဝယ်ထားတဲ့အခါ စီးပွားကောင်းတဲ့ကုမ္ပဏီပဲနော် ဆိုပြီးပတ်ဝန်းကျင်က အထင်ကြီးကြပါတယ်။

ဒါကြောင့် တတ်နိုင်သလောက် ကြီးတာကိုဝယ်ချင်ကြပေမဲ့၊ အာကာသ Kumade ဟာစိတ်မကောင်းစွာနဲ့ပဲ အရမ်းကိုချစ်စရာကောင်းတဲ့ လက်ဖဝါးအရွယ်စာလောက်ပဲရှိတယ်တဲ့… 

ဒါပေမဲ့ စိတ်ချပါ။ 

ဈေးနှုန်းကတော့ လက်ဖဝါးစာအရွယ်မဟုတ်ဘဲ၊ ယန်း ၂၀၂၁ သောင်းတဲ့..

အာကာသအတိုင်းအတာနဲ့ ပျော်ရွှင်မှုကိုစုဆောင်းပေးတာကြောင့်၊ ဒီလောက်ဈေးကြီးတာကတော့ မဆန်းဘူးပေါ့နော်…

 

လူတစ်ဦးတည်းကိုသာကန့်သတ်ပြီး 

၁၁ လပိုင်း ၉ ရက်နေ့မှာကျင်းပမယ့် 酉の市” တိုရိနော့ အိချိ” ပွဲတော်မှာရောင်းချပေးမယ်လို့သိရပါတယ်…

 

အာကာသ နံပါတ်တစ် ပျော်ရွှင်မှုကိုသိမ်းပိုက်မယ့်သူက ဘယ်သူများဖြစ်မလဲ?

စိတ်ဝင်စားသူကတော့ သေချာပေါက် ဒီlink ကိုကြည့်ကြည့်ပါ။ 

 

https://mba-space.com/kumade/

 

ဒီနှစ်မှာ JAPO လည်း 酉の市” တိုရိနော့ အိချိ” ပွဲတော်ကိုသွားပြီး ဓါတ်ပုံတွေရိုက်လာခဲ့ဖို့ စိတ်ကူးထားပါတယ်။ 

အာကာသ 熊手Kumade ကိုတော့မဝယ်နိုင်ပေမဲ့၊ လာမယ့်နှစ်တစ်နှစ်လုံး JAPO နဲ့အတူ စာဖတ်ပရိတ်သတ်အပေါင်းတို့ဆီကိုလည်း ပျော်ရွှင်ခြင်းများစွာရောက်ရှိလာဖို့ 熊手Kumade သွားဝယ်မှာဖြစ်ပါတယ်။ 

 

Video လည်းရိုက်လာခဲ့အုံးမှာဖြစ်လို့ အားလုံးပဲစောင့်မျှော်ရှုစားကြပါအုံးနော်… 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: