နိုင်ငံခြားမှာ ရှားပါးတဲ့ ဂျပန်အမဲသား

ကမ္ဘာပေါ်မှာ Wagyu ဆိုတဲ့ဂျပန်အမဲသားကို ကြိုက်နှစ်သက်တဲ့သူတွေ တော်တော်များပါတယ်။

အသားနဲ့အဆီ အချိုးကျပါဝင်ပြီးတော့ အဆီဆိုပေမယ့်အရမ်းကိုအရသာရှိတဲ့ အသားကင်၊ steak အပြင် အစိမ်းစားနိုင်တဲ့ အစားအစာဖြစ်ပါတယ်။

https://www.syokuraku-web.com/news/13742/

တရုတ်နိုင်ငံမှာတော့ အဲ့ဒီအမဲသားကို တင်သွင်းခွင့် ပိတ်ပင်ထားပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ အဆင့်မြင့်အသားကင်ဆိုင်တွေမှာဆိုရင် တော်တော်များများတွေ့ရပါတယ်။ အဲ့ဒါတွေက အတုတွေများလား………?

တကယ်တော့ Wagyu အစစ်တွေဖြစ်ပါတယ်။

ဘယ်လိုဖြစ်ရတာလဲဆိုတာကိုသိချင်ရင် အပေါ်ကဇယားကို ကြည့်လိုက်ပါနော်…

Wagyu ကို တင်ပို့တဲ့နိုင်ငံတွေမှာ အစိမ်းရောင်လိုင်းက ဗီယက်နမ်နိုင်ငံ ၊ အပြာရောင်လိုင်းက အမေရိကန်နိုင်ငံ ၊ အနီရောင်လိုင်းက ကမ္ဘောဒီးယားနိုင်ငံနဲ့ ခဲရောင်လိုင်းကတော့ ဟောင်ကောင်တို့ပဲဖြစ်ပါတယ်။

ဟောင်ကောင်ကိုဝင်ရောက်လာတဲ့ အမဲသားတွေက တရုတ်နိုင်ငံမှာ ပျံ့နှံ့သွားတယ်လို့ ထင်ရပေမယ့် ကမ္ဘောဒီယားနိုင်ငံကို တင်ပို့မှုတွေမြင့်မားနေတယ်ဆိုတာ သတိထားမိပါသလား ?

အမဲသားတင်သွင်းမှုမှာ ကမ္ဘောဒီးယားနိုင်ငံဟာ ဟောင်ကောင်နိုင်ငံကို အရှိန်ဟုန်ပြင်းပြင်းနဲ့ ကျော်သွားခဲ့ပါပြီ။

တကယ်တော့ ကမ္ဘောဒီးယားနိုင်ငံကို ဝင်ရောက်လာတဲ့အမဲသားတွေက တရုတ်နိုင်ငံထဲကိုဝင်ရောက်သွားခဲ့တာပဲဖြစ်ပါတယ်။

ဇယားထဲမှာပါတဲ့ ဗီယက်နမ်က ဘာကြောင့်တဖြည်းဖြည်းနည်းသွားရလဲဆိုတော့ ၂၀၁၀ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ မိယဇစီရင်စုမှာ 口蹄疫 ခိုးတဲ့အိအဲခိ လို့ခေါ်တဲ့နွားရောဂါဖြစ်ပွားခဲ့တဲ့အတွက် တင်သွင်းမှုတွေကို ပိတ်ပင်လိုက်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

အစကတော့ ဗီယက်နမ်ကိုဖြတ်ပြီး တရုတ်နိုင်ငံကိုအမဲသားတွေကို တင်ပို့ခဲ့ပေမယ့် ဗီယက်နမ်ဘက်က ပိတ်ပင်ခဲ့တဲ့အတွက် ကမ္ဘောဒီးယားဘက်ကိုရောက်ရှိသွားတာဖြစ်ပါတယ်။

ဂျပန်အစိုးရက ၂၀၁၇ ခုနှစ်မှာ Wagyu တင်ပို့မှုကနေ ယန်း 19,200,000,000 ရရှိခဲ့ပေမယ့် ၂၀၁၉ ခုနှစ်မှာ ယန်း 25,000,000,000 တိုးပြီးရရှိချင်ခဲ့ပါတယ်။

တရုတ်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံဆီကို တင်ပို့မှုတွေကတော့ တစ်ချိန်ထဲမှာပဲ ပိတ်ပင်ခံခဲ့ရပါတယ်။

ဒါကြောင့် နိုင်ငံခြားမှာလည်း Wagyu ကို အကန့်အသတ်နဲ့ စျေးကြီးကြီးပေးဝယ်ပြီးစားနေရတာဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: