အဲဒိုခေတ်က ရက်စက်တဲ့အပြစ်ပေးနည်း
လွန်ခဲ့တဲ့နှစ် ၁၅၀ မတိုင်ခက်လောက်က ဂျပန်နိုင်ငံကိုသွားရောက်ခဲ့တဲ့ အမေရိကန်လူမျိုးတစ်ယောက်ရဲ့ ဒိုင်ယာရီထဲမှာ ဒီလိုဖော်ပြခဲ့ပါတယ်။
品川 ရှိနဂဝ အနီးတစ်ဝိုက်မှာရှိတဲ့ လမ်းဘေးကလယ်ကွင်းတွေမှာ လွတ်နေတဲ့နေရာတွေကို တစ်ခုခုကိုအစားထိုးပြီးစိုက်ထားခဲ့ပါတယ်။
ကြည့်လိုက်ရင်အမြင့် ၆ ပေ လောက်မှာ လူနှစ်ယောက်ရဲ့ခေါင်းကိုတွေ့ခဲ့ရပါတယ်။
ဒါဆိုရင် ရုပ်ရှင်ထဲကအတိုင်းဖြစ်နေတာပေါ့နော်….
တစ်ချိန်တုန်းကတကယ့်ကို ရက်စက်လွန်းတဲ့ အပြစ်ပေးတဲ့နည်းလမ်းတွေရှိခဲ့ပါတယ်။
ဥပမာမီးရှို့သတ်ခြင်း
ဂျပန်နိုင်ငံဟာ သစ်သားအဆောက်အဦတွေနဲ့ဆောက်လုပ်ထားတဲ့အိမ်တွေရှိရာမှာ မြို့ပြမှာတော့အိမ်တွေက ကပ်နေတာကြောင့် မီးလောင်လွယ်ပြီး တစ်မြို့လုံးသေဆုံးသွားနိုင်ပါတယ်။
ဒါကြောင့်မီးရှို့သတ်တဲ့အပြစ်ပေးနည်းတွေပေါ်လာခဲ့တာဖြစ်ပါတယ်။
https://mag.japaaan.com/archives/91504
အဲ့ဒီပုံထဲကမိန်းကလေးဟာ မီးရှို့သတ်တဲ့နည်းလမ်းနဲ့ အသတ်ခံခဲ့ရတဲ့ မိန်းကလေးဖြစ်ပါတယ်။
ရာဇဝတ်သားရဲ့ပတ်ဝန်းကျင်မှာ မီးလောင်လွယ်တဲ့အရာတွေကို မီးရှို့ပြီး ယောက်ျာလေးဆိုရင်ယောက်ျားလေးအင်္ဂါ၊ မိန်းကလေးဆိုရင် ရင်သာတွေကနေစပြီး မီးရှို့သတ်ပါတယ်။
မီးရှို့သတ်ထားတဲ့အလောင်းတွေကိုမမြှုပ်ဘဲ လူတိုင်းမြင်အောင် မြစ်ထဲကိုမျှောလိုက်ပါတယ်။
ဂျပန်မှာလည်း လက်ဝါးကားတိုင်တင်သတ်တဲ့ပုံစံရှိပါတယ်။
သခင်ယေရှု့ကဲ့သို့ လက်ဝါးကားတိုင်ပေါ်တင်ပြီး လက်ဖဝါးမှာသံချောင်းတွေကိုရိုက်ထားတဲ့ နည်းလမ်းအတိုင်းပါပဲ။
အပိုင်းပိုင်းဖြတ်သတ်ခြင်း
https://mag.japaaan.com/archives/91504
ဒီနည်းလမ်းကလည်း ရက်စက်ကြမ်းကြုတ်တဲ့နည်းလမ်းဖြစ်ပါတယ်။
မြေကြီးထဲမှာြမှုပ်ထားတဲ့သေတ္တာထဲမှာ တရားခံကိုမြှုပ်ထားပြီး မျက်နှာတစ်ခုပဲမြေကြီးပေါ်မှာဖော်ထားပါတယ်။
နောက်ပြီးတော့“ လည်ပင်းကိုဖြတ်ချင်တဲ့သူလာဖြတ်လို့ရတယ် “ လို့ကြေငြာလိုက်ပါတယ်။
ဖြတ်သွားတဲ့လူဆိုရင်တောင် ဆွဲဖြုတ်ချင်ဖြုတ်သွားလို့ရပါတယ်။
ဒါပေမယ့်ဘယ်သူမှမဆွဲကြတာသေချာပြီး နောက်ဆုံးမှာတော့ ကားတိုင်ပေါ်တင်ပြီး ဒဏ်ပေးလိုက်ပါတော့တယ်။
အခုခေတ်မှာ ဒီလိုကြောက်စရာ ပြစ်ဒဏ်ပေးတဲ့နည်းလမ်းတွေမရှိပေမယ့် မကောင်းတာတွေမလုပ်မိဖို့ရှောင်ကျဥ်ကြပါနော်။