အိုဆာကာရှိ စိတ်ကျန်းမာရေးဆေးခန်း မီးရှို့ခံရတဲ့အမှုမှာ သံသယရှိသူရဲ့ ပတ်သက်ရာနေရာကနေ Kyoto အန်နီမေးရှင်စတူဒီယိုမီးလောင်မှုနဲ့ပတ်သက်တဲ့ ဆောင်းပါးအပိုင်းအစထွက်လာ

ဒီဇင်ဘာ ၂၁ ရက်နေ့၊ ၂၀၂၁ ခုနှစ်။

ယခုလ ၁၇ ရက်နေ့က၊ အိုဆာကာ Kita ရပ်ကွက် Sonezakishinchi ရှိ အဆောက်အဦးရဲ့ ၄ လွှာက စိတ်ကျန်းမာရေးဆေးခန်း မီးရှို့ခံလိုက်ရတဲ့အမှုမှာ၊ ရဲတွေဟာ လူသတ်မှုနဲ့မီးရှို့မှုသံသယအဖြစ် လက်ရှိစုံစမ်းနေတဲ့ Morio Tanimoto အသက် ၆၁ နှစ်၊ လိပ်စာနှင့် အလုပ်အကိုင်မသိဟာ တရားခံဖြစ်ကြောင်းကို ကြေငြာလိုက်ပါတယ်။

တရားခံဟာ ရောဂါပြင်းထန်တဲ့အခြေအနေနဲ့ ဆေးရုံကိုလွှဲပြောင်းခြင်းခံရသူဖြစ်ပါတယ်။

မီးလောင်မှုအတွင်း သေဆုံးသူ ၂၄ ဦးရှိတယ်လို့ ယခင်သတင်းများကတင်ပြထားသော်လည်း ဆေးရုံသို့ပို့ဆောင်ခံလိုက်ရတဲ့ အသက် ၂၀ အရွယ်မိန်းကလေးတစ်ဦးဟာ ဆေးကုသမှုခံယူနေရင်း ယနေ့ ၂၁ ရက်နေ့မှာဆုံးပါးသွားခဲ့ပါတယ်။ ဒါကြောင့် ဒီမှုခင်းအတွင်းသေဆုံးသူမှာ ၂၅ ဦးဖြစ်ကြောင်း NHK သတင်းဌာနကဖော်ပြထားပါတယ်။

https://www3.nhk.or.jp/news/html/20211221/k10013396501000.html?utm_int=all_side_ranking-social_005

နောက်ဆက်တွဲစုံစမ်းစစ်ဆေးမှုတစ်ခုမှာ၊ အိုဆာကာမြို့တွင်းမှာရှိတဲ့ သံသယရှိသူရဲ့ပတ်သက်ရာနေအိမ်ကနေ “ Kyoto အန်နီမေးရှင်စတူဒီယို မီးလောင်မှု” မှုခင်းနဲ့ပတ်သက်တဲ့ ဆောင်းပါးအပိုင်းအစကိုရှာဖွေတွေ့ရှိခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအရာရှိများနဲ့ တွေ့ဆုံမေးမြန်းမှုအရသိရပါတယ်။

အိုဆာကာ Nishiyodogawa ရပ်ကွက်မှာရှိတဲ့ တရားခံရဲ့နေအိမ်ကနေ ဓါတ်ဆီကိုအသုံးပြုခဲ့တဲ့ “ Kyoto အန်နီမေးရှင်စတူဒီယို” ရဲ့ မီးရှို့မှုဖြစ်စဉ်နဲ့ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ်ကိုတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ Kyoto အန်နီမေးရှင်စတူဒီယိုမီးလောင်မှုမှာလည်း လူ ၃၆ ဦးသေဆုံးခဲ့ရတာကို အားလုံးအမှတ်ရနေမယ်လို့ထင်ပါတယ်။

တရားခံ Tanimoto ဟာ၊ အရင်ကနေထိုင်ခဲ့တဲ့ဒီနေအိမ်မှာ လွန်ခဲ့တဲ့တစ်လကျော်ကမှ ပြန်လည်နေထိုင်ခဲ့တယ်လို့ယူဆရပြီး၊ ကျန်ခဲ့တဲ့လနှောင်းပိုင်းမှာတော့ အနီးအနားရှိ ဓါတ်ဆီဆိုင်မှာ ဓါတ်ဆီ ၁၀ လီတာခန့်ကိုဝယ်ယူခဲ့တယ်လို့ NHK သတင်းဌာနကဖော်ပြထားပါတယ်။

https://jocr.jp/raditopi/2021/12/20/

ရဲတပ်ဖွဲ့ဟာ ဒီမှုခင်း ၂ ခုကအတော်လေးနီးစပ်တဲ့အချက်တွေရှိတာကြောင့်၊ ပတ်သက်မှုရှိမရှိကို ဆက်လက်စုံစမ်းနေပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: