မိမိကိုယ်ကိုသတ်သေမှုနှုန်း ၂၀% ကျဆင်းသွားရတဲ့ အကြောင်းရင်းက ?

 

 

https://images.app.goo.gl/soJ6GZCqokoUZkeg8

ဂျပန်နိုင်ငံက ကမ္ဘာတစ်ဝှမ်းမှာ မိမိကိုယ်ကိုသတ်သေတဲ့ သူတွေများစွာရှိတဲ့ နိုင်ငံ ဆိုတာ သိကြလား ?WHO ရဲ့ စာရင်းအင်းအရ G8 (Group of Eight : United States, Italy, Russia, Japan, United Kingdom, Cadana, Germany, France နိုင်ငံတွေပါဝင်ထည့်တွက်ထားခြင်းမရှိရင်တော့ ဂျပန်နိုင်ငံဟာ တောင်ကိုရီးယားနိုင်ငံနှင့် အတူ သတ်သေမှုနှုန်းမြင့်မားတဲ့ Ranking ထဲမှာ ပါဝင်ပါတယ်။

၂၀၁၂ ခုနှစ်နှောက်ပိုင်းကစပြီး ဂျပန်နိုင်ငံဟာ မိမိကိုယ်ကိုသတ်သေမှုအရေအတွက် မှာ လျင်မြန်စွာ
လျော့ကျလာပါပေမယ့် စိတ်ဝေဒနာတွေခံစားရလွန်းလို့ မိမိရဲ့ အသက်ကို ဆက်ပြီး မရှင်ချင်တော့လို့ သတ်သေကြတဲ့သူတွေကတော့ ရှိနေဆဲပါ။

ဒါပေမယ့် ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလုံရေး၀န်ကြီးဌာနမှ စစ်တမ်းတစ်ခုအရ
လွန်ခဲ့တဲ့ Aprilလ က ဂျပန်တစ်နိုင်ငံလုံးတွင် မိမိကိုယ်ကို သတ်သေမှုများသည် ယခင်ကာလနှင့်နှိုင်းယှဉ်လျှင် ၂၀ ရာခိုင်နှုန်း ခန့် ကျဆင်းခဲ့ပါတယ်။

ဒါဟာ စိတ်ချမ်းမြေ့စရာ သတင်းပဲလို့ ပြောရမယ်နော်။အဲဒီလမှာ ကိုယ့်ကိုယ်ကိုသတ်သေမှုအရေအတွက်ဟာ ၁၄၅၅ယောက် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်နှင့် နှိုင်းယှဉ်ပါက လူ ဦး ရေ ၃၅၉ ဦး လျော့နည်းသွားပါတယ်။ဒါဟာ လွန်ခဲ့တဲ့ငါးနှစ်တောအတွင်းမှာ မိမိကိုယ်ကိုသတ်သေမှုဟာ အကြီးဆုံး ကျဆင်းမှုပဲဖြစ်ပါတယ်။

ဘာလို့များ ဒီလို လျော့နည်းသွားရတာလဲ ?

ခန့်မှန်းကြည့်မိရရင်တော့ Covid19 ကြောင့် မိသားစုနဲ့အတူ နေထိုင်တဲ့ သူတွေပိုများလာပါတယ်။ အလုပ်နဲ့ ကျောင်း သွားဖို့ ယာယီ ပိတ်ထားတဲ့အချိန်ဖြစ်လို့ စိုးရိမ်စရာတွေ လျော့နည်းတဲ့ အချိန်ဖြစ်နေလို့ လို့လည်း တွေးမိစေပါတယ်။

ဒီလိုမျိုး တစ်ဖက်မှာ ကျပြန်တော့လည်း အလုပ်နဲ့ ကျောင်းတွေ ပိတ်ထားလို့ ခက်ခဲတယ်လို့ တွေးတဲ့ သူတွေကလည်း အများကြီးရှိနေတယ်လေ . . .အလုပ်မှာ မပျော်တဲ့သူတွေ ကျောင်းမှာ လူမှုဆက်ဆံရေးနဲ့ ပတ်သတ်ပြီး စိုးရိမ်နေရတဲ့ သူတွေအတွက်ကတော့ ဒီအချိန်ဟာ အဲဒီ မနှစ်မြို့တဲ့ အရာတွေကနေ ခွဲထွက်ရတဲ့အချိန်ဖြစ်လို့ စိတ်သက်သာရတဲ့ သူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။

သို့ပေမယ့် မိမိကိုယ်ကို သတ်သေတဲ့အမှုဖြစ်စဉ်တွေမှာ ယာယီလျော့နည်းသွားတာနဲ့ ဝမ်းသာနေလို့ မပြီးဘူးနော်။
အခုလက်ရှိဖြစ်ပေါ်နေတဲ့ အရေးပေါ်အခြေအနေတွေပြီးသွားလို့ နေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်ဆောင်ရမယ့် အခြေအနေကို ပြန်လည်‌ရောက်ရှိလာတဲ့အခါ အလုပ်တွေ ကျောင်းတွေကြောင့် စိတ်ဖိစီးမှုတွေဖြစ်လာပြီး သတ်သေမှုတွေဟာလည်း ပြန်လည်မြင့်မားကောင်းမြင့်မားလာနိုင်ပါတယ်။

ထပ်ပြီးတော့ Covid 19 ကြောင့် အလုပ်မရှိတော့လို့ မျှော်လင့်ချက်တွေ ‌ပျောက်ဆုံးပြီး ကိုယ့်ကိုကိုယ် သတ်သေတဲ့သူ အရေအတွက်ကလည်း အနာဂတ်မှာ တိုးပွားလာနိုင်ချေ ရှိကောင်းရှိနိုင်ပါတယ်။

ဒါ့ကြောင့် အလုပ်လုပ်ရန် (သို့မဟုတ်) ကျောင်းတက်ရန် အခက်တွေ့နေသူများအတွက် အိမ်မှာ အလုပ်လုပ်နိုင်ရန်နှင့် စာလေ့လာနိုင်ရန် အခွင့်အလမ်းတွေကို ဆက်လက်ပေးနိုင်သွားဖို့ အရေးကြီးပါတယ်။

Corona ကြောင့် အလုပ်လက်မဲ့ဖြစ်သွားသူများအတွက်လည်း အလုပ်သစ်များရရန်အတွက် ငွေကြေးအကူအညီအထောက်အပံ့တွေလည်းလိုအပ်သည်။

Corona ပြီးသွားပြီဆိုရင်တော့
လူတိုင်းလူတိုင်း ပျော်ရွှင်စွာနေထိုင်နိုင်တဲ့ ကမ္ဘာကြီးသို့ ပြောင်းလဲနိုင်မယ်ဆိုရင် အရမ်းကို လှပမှာပဲနော်။

 

Yuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: