ကိုရိုနာအဆုံးသတ်ဖို့ ၁ ရက်နေ့၊ ည ၈ နာရီကနေစပြီး ဂျပန်တစ်နိုင်ငံလုံးမီးပန်းတွေဖောက်သွားမည်ဖြစ်ကြောင်း !!!!

မီးရှူးမီးပန်းစေတနာ့ဝန်ထမ်းတွေပြုလုပ်လိုက်တဲ့ “ Cheer up!မီးရှူးမီးပန်းစီမံကိန်း” ဟာ ၆ လပိုင်း၊ ၁ ရက်နေ့ ည ၈ နာရီကနေစပြီး ၅ မိနစ်ကြာ၊ ဂျပန်တစ်နိုင်ငံလုံးမှာရှိတဲ့ ‌ဒေသအသီးသီးမှာ တစ်ပြိုင်နက်တည်း မီးပန်းတွေဖောက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
ရည်ရွယ်ချက်ကတော့ “ ရောဂါကပ်ဆိုးကြီးအတွက်ဆုတောင်းပြီး၊ မီးပန်းတွေကိုမော့ကြည့်ပြီး တစ်နိုင်ငံသားလုံး ပြုံးပျော်ရွှင်နိုင်ကြစေဖို့” ဆိုပြီးဖြစ်ပါတယ်။

 


https://image.itmedia.co.jp/news/articles/2006/01/l_ts0153_hanabi01.jpg

 

 


https://image.itmedia.co.jp/news/articles/2006/01/l_ts0153_hanabi02.jpg

တစ်နိုင်ငံလုံးမှာရှိတဲ့ ကုမ္ပဏီပေါင်း ၁၆၂ ခုကလည်းပါဝင်ခဲ့ပါတယ်။ ပိတ်ဆို့မှုတွေကိုရှောင်ရှားဖို့အတွက် မီးပန်းဖောက်မယ့်နေရာကိုတော့ အားလုံး private နေရာမှာလုပ်မည်ဖြစ်ကြောင်းသိရပါတယ်။
သို့သော် ရုတ်တရက်ဖောက်မယ့် မီးပန်းရဲ့အသံကိုစိုးရိမ်နေကြတဲ့သူတွေအတွက်လည်းစဥ်းစားပြီး အချိန်နဲ့ရက်အတိအကျကိုပါ ကြေညာခဲ့ပါတယ်။

တစ်ကမ္ဘာလုံးကိုလည်းပေးပို့ရန်အတွက်
ဖောက်မယ့်မီးပန်းတစ်ခုချင်းစီကိုဓါတ်ပုံရိုက်ပြီး၊ hashtag တွဲကာ SNS မှာတင်ပေးမည်ဖြစ်ကြောင်းသိရပါတယ်။
“ မီးပန်းဖောက်ရတဲ့ရည်ရွယ်ချက်၊ ရောဂါကပ်ဆိုးပြန့်နှံ့မှုနှင့်မီးရှူးမီးပန်းများ၏သမိုင်းကြောင်း၊ နောက်ပြီးပျော်ရွှင်အားရမှုတွေကိုလည်း တစ်ကမ္ဘာလုံးမှာရှိတဲ့လူတွေဆီပို့ဆောင်ပေးမယ်” ဆိုပြီးတော့ ရည်ရွယ်ပါတယ်။

ဒီမီးရှူးမီးပန်းပြသမှုဟာ ကပ်ရောဂါဆိုးအတွက်ဆုတောင်းခြင်းကိုအဓိကရည်ရွယ်ချက်တစ်ခုအနေနဲ့ထားပြီး ဖောက်တာဖြစ်ကြောင်းသိရပါတယ်။
တိုကျိုမြို့ရဲ့ Sumida မြစ် မီးရှူးမီးပန်းပြသမှုဟာ ၁၇၃၃ ခုနှစ်ရဲ့မတိုင်ခင်နှစ်မှာ အစာငတ်ခေါင်းပါးတဲ့ဘေးနဲ့ ကပ်ရောဂါဘေးတို့ရဲ့သားကောင်ဖြစ်ခဲ့ရသူတို့အတွက် သတိယအောက်မေ့ခြင်းနဲ့ ကပ်ရောဂါဖျတ်သိမ်းခြင်းအတွက်ဆုတောင်းဖို့ ရေဘုရားပွဲတော်ကိုကျင်းပတဲ့အချိန်မှာ ဘေးပတ်ဝန်းကျင်စားသောက်ဆိုင်များက မီးပန်းတွေဖောက်ခဲ့တာကနေ အစပြုခဲ့ပါတယ်။

နှစ်စဥ်နှစ်တိုင်းမှာတော့ ၇ လပိုင်းအကုန်လောက်ဆို ကျင်းပလေ့ရှိခဲ့ပေမဲ့၊ ယခုနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်ကူးစက်မှုအသစ်တွေကိုကာကွယ်ဖို့ရန်အတွက် ဖျတ်သိမ်းခဲ့ကြောင်း သတင်းမီဒီယာအပြည့်အစုံအရသိရှိရပါတယ်။

Hsu Mon

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: