Kyoto Animation ရဲ့ တရားခံကို အခုထိဖမ်းမမိသေးဘူး

၂၀၁၉ ခုနှစ် ၇ လပိုင်း ၁၈ ရက်နေ့တုန်းက ဖြစ်ပွားခဲ့တဲ့ Kyoto Animation မီးရှို့မှုက အလန့်တကြားစေတဲ့ကိစ္စဖြစ်တာကြောင့် ကမ္ဘာပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

Animation တွေထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီကို အမျိုးသားတစ်ယောက်က မီးရှိုးဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

၆၉ ယောက် လောက်ထိခိုက်ခဲ့ရပြီး ၃၅ ယောက်သေဆုံးခဲ့ရာ ၃၄ ယောက်က ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

https://ja.wikipedia.org/wiki/京都アニメーション放火事件#/media/ファイル:Kyoto_Animation_Studio_1.jpg

မီးရှို့ဖျက်ဆီးခဲ့တဲ့ သံသယရှိသူအမျိုးသားကို အဲ့ဒီကုမ္ပဏီရဲ့ မီတာ ၁၀၀ အကွာလောက်မှာ ရဲတွေထိန်းသိမ်းထားနိုင်ခဲ့ပေမယ့် တစ်ကိုယ်လုံးမီးလောင်ကျွမ်းခဲ့တာကြောင့် စကားမပြောနိုင်ဘဲ တရားခံအနေနဲ့  ဖမ်းဆီးလို့မရတာဘဲ ရဲတွေကလည်း ဘာမှမတတ်နိုင်တဲ့အခြေအနေဖြစ်ပါတယ်။

ခုလက်ရှိ အရေးကြီးဆုံးဖြစ်တဲ့ သံသယရှိသူကို ဆေးကုသပေးနေရတာဖြစ်ပါတယ်။

လက်တွေ့မှာ အဲ့ဒီ သံသယရှိသူက အသက်အန္တရာယ်မရှိတော့တဲ့အထိ ကုသပြီးပြီးဆိုပေမယ့် စကားပြောနိုင်လောက်တဲ့အခြေအနေမရောက်သေးတာကြောင့် ရဲတွေလည်းစောင့်ကြည့်နေရတဲ့ အခြေအနေဖြစ်ပါတယ်။

အဲ့ဒီ Kyoto Animation အတွက် အလှူငွေတွေ စုဆောင်းနေတဲ့အတွင်းမှာ ဂျပန်အစိုးရကလည်း အထူးလုပ်ဆောင်ချက်တွေကို စတင်နေပါပြီ။

Kyoto Animation အတွက် လှူဒါန်းပေးတဲ့ တစ်ဦးချင်း ဒါမှမဟုတ် ကုမ္ပဏီတွေကို အခွန်တွေစတင်လျှော့ချပေးခဲ့ပါတယ်။

ဒီအမှုအတွက် လှူဒါန်းပေးတဲ့သူတွေကို အခွန်လျှော့ပေးတာက ဂျပန်မှာစတင်ပေးမှာဖြစ်ပါတယ်။

လက်ရှိ ယန်း 2.3 ဘီလီယံကျော် အလှူငွေတွေကို ကမ္ဘာတစ်ဝှမ်းကနေ စုဆောင်းရရှိခဲ့ပါတယ်။

ဒါပေမယ့် ဘယ်လောက်ပဲပိုက်ဆံရှိရှိ၊ နောက်ပြီး ရာဇဝတ်သားကို ဖမ်းမိခဲ့ရင်တောင် Top class creator တွေကို ဆုံးရှုံးခဲ့ရတဲ့ Kyoto Animation ရဲ့ ဆုံးရှုံးမှုတွေကို ဘယ်လိုမှအစားထိုးပေးလို့မရပါဘူး။

နောက်တစ်ခါ ဒီလို ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်မျိုးတွေထပ်မဖြစ်ဖို့ ရာဇဝတ်သားကို ကောင်းကောင်းကွပ်မျက်သင့်တယ်လို့ ထင်ပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: