ရိုးရှင်းခြင်းလား သို့မဟုတ် ရူးသွပ်ခြင်းလား? သိပ်တော့ကြည့်မကောင်းပေမယ့် အကျိုးထိရောက်မှုရှိခဲ့တဲ့ ဆာမူရိုင်းတွေရဲ့ တိုက်ခိုက်နည်း

သာမန်ထက်ပိုပြီး ယောက်ျားဆန်ဆန်နဲ့ တိုက်ခိုက်ကြတာ ဂုဏ်ရှိစွာနဲ့ သေဆုံးကြတဲ့သူတွေကတော့ ဆာမူရိုင်းတွေဖြစ်ပါတယ်။
ဆာမူရိုင်းတွေရဲ့ ဒီလိုပုံရိပ်ဟာ ကမ္ဘာတစ်လွှား ပျံ့နှံ့နေပေမယ့် သေရေးရှင်ရေးအတွက် တိုက်ပွဲဝင်ကြတဲ့ခါ ဒီလိုအမြဲဂုဏ်ရှိတဲ့အရာတွေချည်းပဲ လုပ်နေတာတော့မဟုတ်ပါဘူး။
ဆာမူရိုင်းဖြစ်ပြီးတော့ ဘာလို့ဒီလိုလုပ်ရတာလဲ? လို့ တွေးရလောက်တဲ့အထိ ရိုးရှင်းတဲ့တိုက်ခိုက်နည်းဖြစ်ပေမယ့် အဲ့ဒီထဲကမှ တိုက်ပွဲဝင်ဖို့ အကောင်းဆုံးတိုက်ခိုက်နည်းရှိပါတယ်။

စစ်ပွဲတွေမှာ တစ်ဖက်ရန်သူတွေကလည်း အသေအကြေတိုက်ကြမှာဖြစ်လို့ အချင်းချင်းတိုက်ခိုက်ကြရင် နှစ်ဦးနှစ်ဖက် အသေအကြေများမှာဖြစ်ပါတယ်။
တတ်နိုင်သမျှ ဒီလိုမဖြစ်စေဖို့အတွက် ဗျူဟာအမျိုးမျိုး ရှိပါတယ်။

စကားလုံးဖြင့်တိုက်ခိုက်ခြင်း


https://mag.japaaan.com/archives/150952

စကားလုံးဖြင့် တိုက်ခိုက်ခြင်း ဟုတ်ပါတယ် အလွယ်ပြောရရင် တစ်ဖက်လူရဲ့ မကောင်းတဲ့အချက်တွေကို အပြန်အလှန်ပြောရတာပါ။
တကယ့်ကို မူလတန်းကျောင်းသားလေးတွေ ရန်ဖြစ်သလိုပါပဲ။
လူသားတွေဟာ ကိုယ့်ရဲ့အားနည်းချက်၊ လိုအပ်ချက်တွေကို တစ်ဖက်သူဆီကနေ အပြောမခံချင်ကြပါဘူး။ အဲ့လိုပြောခံရရင် ဒေါသထွက်လာမှာဖြစ်ပါတယ်။
စိတ်တိုနေတဲ့အခါ ဆုံးဖြတ်ချက်တွေကို အေးအေးဆေးဆေး ချနိုင်မှာမဟုတ်ဘဲ တိုက်ပွဲမှာ အားနည်းချက်တစ်ခုဖြစ်လာပါလိမ့်မယ်။

အပေါ်ကပုံကတော့ လက်တွေ့လုပ်ဆောင်ခဲ့တဲ့ စကားလုံးတိုက်ပွဲပုံစံကို ပန်းချီအနေနဲ့ ရေးဆွဲထားတဲ့ပုံဖြစ်ပါတယ်။
ချစ်စရာကောင်းတဲ့တိုက်ပွဲပုံလို့ထင်ရပေမယ့် တစ်ဖက်လူရဲ့တန်ပြန်တိုက်ချက်ကို ကိုယ်က သွေးရူးသွေးတန်းဖြစ်မိတာမျိုးလည်းရှိတဲ့အတွက်ကြောင့် နည်းနည်းကြောက်စရာကောင်းတဲ့တိုက်ပွဲဖြစ်ပါတယ်။

ကောက်ရိတ်ခြင်းအလုပ်


ရိုးရှင်းလိုက်တာနော်။
ရှုံးတဲ့ဘက်ကတော့ အစာရေစာပြတ်လပ်မယ်။
နိုင်တဲ့ဘက်ကတော့ အစာရေစာပေါများလာမှာဖြစ်ပါတယ်။
မစားမသောက်ရရင်တော့ တိုက်ပွဲဝင်နိုင်မှာမဟုတ်သလို စပါးတွေရိတ်သိမ်းခံရရင်လည်း စီးပွားရေးဘက်မှာ ထိခိုက်ပျက်စီးမှု အကြီးအကျယ်ဖြစ်စေမှာပါ။
ဆာမူရိုင်းတွေစုစုပေါင်း တိုက်ခိုက်ရင်တောင် နယ်မြေကို ကာကွယ်နိုင်မှာမဟုတ်လို့ ဒီယှဥ်ပြိုင်မှုမှာတော့ အနိုင်ရနှုန်းက မြင့်မားပါတယ်။

မီးရှို့ခြင်းအလုပ်


အဓိကအကြောင်းအရင်းကတော့ မီးရှို့ခြင်းဖြစ်ပါတယ်။
ပစ်မှတ်ကတော့ ဌာနချုပ်နဲ့ စစ်တပ်ဆိုင်ရာအဆောက်အအုံတွေ ဖြစ်ပေမယ့် အခြေအနေအရ ပြည်သူအိမ်၊ လယ်ကွင်း၊ တောင်တွေမှာပါ မီးရှို့ရတာမျိုးရှိပါတယ်။
မီးရှို့ခံရတဲ့သူကတော့ အထိတ်တလန့်ဖြစ်မှာပါပဲ။
လေလမ်းကြောင်းကိုသာ မစဥ်းစားဘဲ လုပ်မိရင် ကိုယ့်တိုင်းပြည်ကိုယ် မီးရှိုသလိုမျိုး ဖြစ်နေတာ့မှာပဲနော်။

လယ်ယာထွန်ယက်ခြင်း
စပါးမရိတ်သိမ်းမှီ လယ်တွေကို ထွန်ယက်ပြီး ပျက်စီးအောင်လုပ်ခြင်း။
ရိုးရှင်းတယ် ပြီးတော့ ရူးသွပ်ရာကြတယ်။
ဒီလိုလုပ်တာကြောင့်မို့ အလုပ်ပိုကြိုးစားလုပ်ရပြီး ကောက်ရိတ်ခြင်းအလုပ်လိုမျိုး ရိတ်သိမ်းစရာလည်း မလိုဘူး။
ဒါဆို ဆာမူရိုင်းအလုပ်ကို ရပ်ပြီး လယ်သမားလုပ်ရင်ရော မကောင်းဘူးလား?

လွတ်လပ်စွာလေ့ကျင့်ခြင်း


ရန်သူပိုင်နက်ထဲကို ဝင်ရောက်ပြီး ကိုယ် ယှဥ်ပြိုင်တိုက်ခိုက်လိုတဲ့သူနဲ့ ယှဥ်ပြိုင်တိုက်ခိုက်ခြင်းဖြစ်ပါတယ်။
ငွေဖြစ်လာမယ့် ပစ္စည်း၊ မွေးမြူရေးတိရိစ္ဆာန်တွေကို လုယက်ပြီး အမျိုးသမီးနဲ့ ကလေးတွေကို
ပြန်ပေးဆွဲကြပါတယ်။
ဒါကတော့ မကောင်းဘူးပေါ့နော်။
ဆာမူရိုင်းတွေက ဒီလိုလုပ်တယ်ဆိုတဲ့အကြောင်းကို မစဥ်းစားချင်ပေမယ့် ချောင်ပိတ်ခံရတဲ့သူကတော့ စစ်မြေပြင်မှာ ဒီလိုဖြစ်သွားနိုင်ပါတယ်။

ကျောက်တုံးပစ်ပေါက်ခြင်း


အလွယ်ပြောရမယ်ဆိုရင် ကျောက်တုံးကို တစ်ဖက်လူဆီ ထိအောင်ပစ်ရတာဖြစ်ပါတယ်။
ကလေးတွေအချင်းချင်းရန်ဖြစ်တဲ့အခါ အမေက စိတ်ဆိုးသလိုမျိုး ပုံစံဖြစ်ပါတယ်။
ကျောက်တုံးနဲ့ ထိမိတဲ့နေရာက ဆိုးရွားရင် အရိုးကျိုးတာတို့၊ မျက်လုံးကန်းတာတို့ ဒါ့အပြင် သေဆုံးတဲ့အထိပါ ဖြစ်တတ်ပါတယ်။

ဒီလို တိုက်ခိုက်နည်းတွေက တကယ်ရော ရှိရဲ့လားလို့ တွေးကြမှာလားမသိပေမယ့် အစီရင်ခံစာတစ်ခုအရ စစ်ပွဲခေတ်မှာ သေဆုံးသူရဲ့ 11% က ကျောက်တုံးပစ်တာကြောင့် သေဆုံးသူဖြစ်တယ်လို့ဆိုပါတယ်။
သေဆုံးနှုန်းက ဒီလောက်တောင် မြင့်တာလား ဒါမှမဟုတ် ကျောက်တုံးတွေကိုပဲ လျှောက်ပစ်နေကြတာလား?
ဒါပေမယ့် ဓားနဲ့ မတိုက်ခိုက်ခင်မှာတော့ ကျောက်တုံးနဲ့ပစ်ကြတော့ ဖြစ်နိုင်ခြေရှိတယ်လို့ထင်ပါတယ်။

ဆာမူရိုင်းလို့ ပြောလိုက်ရင် တအားမိုက်တဲ့ပုံရိပ်ရှိသူတွေလို့ ထင်ကြပေမယ့် အသက်အန္တရာယ်ရှိတဲ့တိုက်ပွဲမှာ ဒီလိုမျိုးတိုက်ခိုက်တာကတော့ မထူးဆန်းဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: