ကွပ်မျက်သူဘက်ကတောင်မလုပ်ချင်တဲ့ အရက်စက်ဆုံးပြစ်ဒဏ်
မကောင်းမှုလုပ်ခဲ့ရင် အဲ့ဒါနဲ့လိုက်ပြီးပြစ်ဒဏ်ချမှတ်တယ်ဆိုတာ နိုင်ငံအသီးသီးမှာအတူတူပဲဖြစ်ပါတယ်။
မျက်မှောက်ခေတ်ဂျပန်မှာ အရက်စက်ဆုံးကတော့သေဒဏ်ပဲဖြစ်ပါတယ်။
လည်ပင်းကိုကြိုးကွင်းစွပ်ပြီးသတ်တဲ့ သေဒဏ်မျိုးဖြစ်ပါတယ်။
ခဏတစ်ဖြုတ်ကတော့ နာကျင်မှုကိုခံစားရပေမဲ့၊ ဒါဟာ ခဏအတွင်းမှာပဲပြီးသွားပါတယ်။
လိုတာထက်ပိုပြီးမနာကျင်စေဘူး ဆိုတဲ့သဘောထားကိုလက်ကိုင်ထားကြပါတယ်။
ဒါပေမဲ့၊ အရင်မူလဂျပန်မှာတော့ တော်တော်လေးရက်စက်တဲ့သေဒဏ်ရှိခဲ့ပါတယ်။
အဲ့ဒီအမြင့်ဆုံးထဲကအဆင့်ကတော့ 鋸挽(のこぎりびき)” လွှဖြင့်တိုက်ခြင်း” ဆိုတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။
နေရာဒေသအလိုက်အနည်းငယ်ကွဲပြားမှုတွေရှိပေမဲ့၊ တရားခံကိုမလှုပ်ရှားစေဖို့ မြေကြီးထဲမှာမြှုပ်ပြီးခေါင်းကိုပဲဖော်ထားပါတယ်။
အဲ့ဒီဘေးမှာတော့ ဝါးနဲ့လုပ်ထားတဲ့ လွှကိုထား ထားပါတယ်။
“ ကြိုက်တဲ့လူ လွှကိုလာဆွဲပါ..
ဒီလူဟာ ဒီလိုရာဇဝတ်မှုကိုလုပ်ခဲ့ပါတယ်”
ဆိုပြီးစီရင်ကြပါတယ်.
အဲ့ဒီအချိန်ရဲ့အခြေအနေကို ဆွဲထားတဲ့ပုံတစ်ခုကျန်နေပါသေးတယ်။
https://www.excite.co.jp/news/article/Japaaan_91504/?p=2
လွှကိုအသုံးပြုဖူးသူတွေ ခန့်မှန်းကြည့်ပါ။
အဲ့ဒီဂျွိဂျွိနဲ့ဖြတ်နေပုံက တစ်ခါတည်းပြတ်မသွားပါဘူး။
ပြတ်သွားဖို့ရန်အတွက် အဲ့ဒီချွန်ထက်တဲ့အသွားတွေနဲ့ဆက်ဖြတ်နေပါတယ်။
ဆိုလိုတာက တစ်ချက်တည်းသေဖို့မထိုက်တန်ဘဲ ရက်စက်စွာဝေဒနာကိုခံစားရင်းသေဖို့ စီစဥ်ထားခြင်းပဲဖြစ်ပါတယ်။
ကျူးလွန်ခံရတဲ့မိသားစုနဲ့ ဒုက္ခရောက်ရတဲ့လူတွေဟာ လွှကိုကိုယ်တိုင်ဆွဲခွင့်ရှိပါတယ်။
နောက်ပြီး ပြတ်သွားတဲ့ခေါင်းကို မြစ်နဲ့တံတားခြေရင်းမှာပြသထားပြီး၊ ပြစ်မှုကျူးလွန်သူတိုင်းဒီလိုဖြစ်မယ်ဆိုကာ ဥပမာပေးခဲ့ကြပါတယ်။
ဒါပေမဲ့ ဒါဟာအရမ်းရက်စက်လွန်းတာကြောင့် လွှကိုတိုက်ဖို့ ထွက်လာသူတွေတောင်သိပ်မရှိခဲ့ဘူးတဲ့…..။
ဒါကြောင့် အဲ့ဒိုခေတ်ထဲဝင်လာတဲ့အချိန်မှာတော့ ပုံစံကြီးကြီးမားမားပြောင်းသွားပါတော့တယ်။
အဆင့် ၄ ဆင့်ဆိုပြီး ခွဲထားပါတယ်။
၁။ မြို့ထဲလိုက်လံပြသခြင်း
မြင်းပေါ်တင်ပြီး သူဘာတွေလုပ်ခဲ့သလဲဆိုတာ တစ်မြို့လုံးကိုလိုက်လံပြသပါတယ်။
၂။ ဖော်ထုတ်သူလုပ်ခြင်း။
၂ ရက်ကနေ ၃ ရက်၊ မြစ်ထဲမှာထိုင်ခိုင်းပြီး၊ သူဟာတရားခံဖြစ်ကြောင်း တတ်နိုင်သလောက်လူများစွာကိုပြောရတယ်။
၃။ လွှဖြင့်တိုက်ခြင်း။
ဒီနေရာမှာ အနည်းငယ်လောက်ပဲဖြတ်ထားတယ်။
ဖြတ်ချင်တဲ့လူရှိမယ်ဆိုရင်တော့ ထိုအတိုင်းလာဖြတ်နိုင်ပါတယ်။
၄။ ကားတိုင်တင်သတ်ခြင်း။
သစ်တိုင်အရှည်ကြီးပေါ်မှာလက်နှစ်ဖက်ကိုဆန့်ပြီးတင်ထားကာ သေသည်ထိဖော်ပြခြင်းခံရပါတယ်။
ဒီကြားထဲ တရားခံကိုမုန်းတီးသူတွေရှိမယ်ဆို ထိုတရားခံအားကျောက်ခဲနဲ့ပစ်ဖို့လည်း ခွင့်ပြုထားပါသေးတယ်။
ဒါဆို ဘာလုပ်မိရင်ဒီလို ကြီးလေးတဲ့ပြစ်ဒဏ်ကိုခံရမလဲ?
ထိုအချိန်ဂျပန်မှာ ရာဇဝတ်ပြစ်မှုကြီးလို့သတ်မှတ်ထားတာကတော့ မီးရှို့တဲ့အမှုနဲ့လုယက်မှုတို့ပဲဖြစ်ပါတယ်။
သစ်သားအဆောက်အဦးတွေနဲ့ လူဦးရေထူထပ်တဲ့အဲဒိုမြို့မှာ မီးလောင်ပြီးဆိုတာနဲ့ ပျက်ဆီးဆုံးရှုံးမှုကလည်းသိသိသာသာများလွန်ပါတယ်။
ဒီအတွက် မီးရှို့ခြင်းဟာ ကြီးလေးသောရာဇဝတ်မှုပါပဲ။
ဒါပေမဲ့၊ ဒီ ၂ ခုမှာလည်း သာမန်သေဒဏ် ဒါမှမဟုတ် မီးရှို့ပြီးသတ်တဲ့ပုံစံအားဖြင့် စီရင်ပါတယ်။
ဒါထက်ကျော်လွန်သွားတဲ့ရာဇဝတ်မှုကတော့ “ သခင်ကိုပြန်သတ်ခြင်း” ပါပဲ။
ဆာမူရိုင်းမှာ သူကိုယ်တိုင်နာခံတဲ့ သခင်ဆိုတာသေချာပေါက်ရှိပါတယ်။
အဲ့ဒီသခင်ကိုလုံးဝပြန်သတ်ခွင့်မရှိပါဘူး၊ သတ်လိုက်ပြီးဆိုရင်တော့ အကြီးဆုံးသောရာဇဝတ်မှုဖြစ်သွားပါတယ်။
ဘာကြောင့်လဲဆိုတော့ ဒါဟာအင်အားတပ်ဖွဲ့ဖြစ်တဲ့ ဆာမူရိုင်းတွေကိုအုပ်ချုပ်တဲ့ ဥပဒေတစ်ခုအနေနဲ့သတ်မှတ်ထားလို့ပဲဖြစ်ပါတယ်။
စကားမစပ် အဖေကိုပြန်သတ်ရင်လည်း ဒီပြစ်မှုမြောက်ပါတယ်။
မိသားစုတစ်ခုမှာရှိတဲ့သခင်ကို ဖခင်အဖြစ်သဘောထားကြလို့ပဲဖြစ်ပါတယ်။
ဒါပေမဲ့ ..
ဘာမှမတတ်နိုင် ပြန်ပြီးမတိုက်ခိုက်နိုင်တဲ့ သခင်ရော၊ ဖခင်ရော ရှိခဲ့မှာအသေအချာပဲ။
သူတို့ကိုတော့ သနားရုံကလွဲပြီးဘာမှပြောစရာမရှိတော့ဘူးနော်…
Kengo Abe