ဆွံ့အနားမကြားအချင်းချင်းငွေညစ်ခြိမ်းခြောက်မှုဖြစ်ပွား…..

2018 ခုနှစ် 10 လပိုင်း 12 ရက်နေ့ မှာ လူဆိုးဂိုဏ်းက ၃ယောက်ကိုဖမ်းဆီးခဲ့ပါတယ်။

လူဆိုးဂိုဏ်းဆိုတာက အားလုံးသိလောက်တဲ့ ရာခူဇာ တွေပဲဖြစ်ပါတယ်။

ဆွံ့အနားမကြားတွေနဲ့ ရင်းနှီးပြီးတော့ အဲ့ဒီလူတွေရဲ့ ကိုယ်ရေးကိုယ်တာကို ကူညီတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငွေစုစာအုပ်ထဲကနေ မတရား  ထုတ်ယူခဲ့တယ်ဆိုတဲ့ အဖြစ်ပျက် ဖြစ်ပွားခဲ့ပါတယ်။

မတရား ထုတ်ယူခဲ့တာကိုသိခဲ့တဲ့ ကာယကံရှင်က ဒေါသထွက်ခဲ့ပေမယ့် ခြိမ်းခြောက်စာကိုရေးပြီး နှုတ်ပိတ်ခဲ့တာပဲဖြစ်ပါတယ်။

 

နားမကြားတဲ့သူဆိုတော့ ဘယ်လို စကားပြောမလဲ?

 

Body Language နဲ့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။

ကျန်းမာတဲ့ ဆွေမျိုးတွေမှာ နားမကြားတဲ့ သူတွေရဲ့ Body Language ကိုနားလည်တဲ့ သူသိပ်မရှိပါဘူး။

ဘာကြောင့် Body Language ကို နားလည်တာလဲဆိုတော့ အဲ့ဒီ ရာဇဝတ်သားကလည်း ဆွံ့အနားမကြား ဖြစ်နေလို့ပါ။

အဲ့ဒီနားမကြားတဲ့ သူတွေအချင်းချင်း ငွေညစ်မှု ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ သံသယရှိသူက ဂျပန်ရဲ့ ဒုတိယနေရာမှာရှိတဲ့ ရာခူဇာဂိုဏ်းအဖွဲ့ဝင်ပဲဖြစ်ပါတယ်။

ဂျပန်ရဲ့ အကြီးဆုံး ရာခူဇာ အဖွဲ့မှာလည်း နားမကြားတဲ့ အဲ့ဒီအဖွဲ့ဝင်ကိုလည်းဖမ်းဆီးခဲ့ပါတယ်။

http://bunshun.jp/articles/photo/9384?pn=1

 

ဂျပန်မှာ ဆွံ့အနားမကြား စုစုပေါင်း အယောက် ၃ သိန်းလောက်ရှိတယ်လို့ ဆိုပေမယ့် အဲ့ဒီထဲမှာ ဘယ်နှစ်ယောက်က ရာခူဇာ အဖွဲ့ထဲဝင်ရောက်နေမလဲ ?

နောက်ပြီးတော့ ငွေကြေးဆုံးရှုံးခဲ့တဲ့ သူကဘယ်နှစ်ယောက်လဲ ဆိုတာကိုတိတိကျကျမသိရသေးပါဘူး။

ဆွံ့အနားမကြားအချင်းချင်း ကူညီမယ်ဆိုပြီး ရည်ရွယ်ထားခဲ့တဲ့ အဖွဲ့အစည်းထဲမှာ တချို့ဒီလိုရာခူဇာအဖွဲ့ဝင်တွေက  ငွေညစ်ဖို့ အတွက် စုဆောင်းနေတာတွေလည်းရှိတယ်လို့ ပြောနေကြပါတယ်။

အားနည်းသူအချင်းချင်း ဒီလိုလုပ်ခိုင်းတယ်ဆိုတော့ ရာခူဇာဂိုဏ်းက တကယ်ကိုကြောက်စရာကောင်းပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: