ဆေးတောင့်တွေထဲမှာ “စိတ်ကြွဆေး”??

ဆေးတောင့်တွေထဲမှာ “စိတ်ကြွဆေး”??… ဖြည့်စွက်စာလို့ လိမ်ညာပြီးတော့ အမေရိကန်ကနေ စိတ်ကြွဆေး မှောင်ခိုတင်သွင်းတဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသမီးကို တရားစွဲ
အိုဆာကာမှာနေတဲ့ အမျိုးသမီးတစ်ဦးဟာ အမေရိကန်က စိတ်ကြွဆေးတွေကို ဖြည့်စွက်စာဆိုပြီး မှောင်ခိုတင်သွင်းမှုနဲ့ တရားစွဲခံထားရပါတယ်
ဖြည့်စွက်စာနဲ့တူတဲ့ ဆေးတောင့်တွေနဲ့ အထဲမှာပါတာက “စိတ်ကြွဆေး” တွေဖြစ်နေတာပါ။ တရားခံ Jun Akimoto (34) ဟာ အလုပ်လက်မဲ့တစ်ယောက်ဖြစ်ပြီး စိတ်ကြွမူးယစ်ဆေးဝါးထိန်းချုပ်မှုဥပဒေကို ချိုးဖောက်မှုနဲ့ တရားစွဲခံရတာပဲဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ အဆိုအရ တရားခံ Akimoto ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ အမေရိကန်ပြည်ထောင်စုမှာ ရောင်းချတဲ့ ဖြည့်စွက်စာပုလင်းတွေထဲမှာ စိတ်ကြွဆေး ၃၂ ဒသမ ၄ ဂရမ်ကို မှောင်ခိုသွင်းခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ပုလင်းထဲမှာ စိတ်ကြွဆေး ၇၅ တောင့်ပါဝင်ပြီး လက်လီဈေးဟာ ယန်း ၁.၉ သန်းတန်ဖိုးရှိပါတယ်။
ရဲတပ်ဖွဲ့ဟာ တရားခံ Akimoto ဟာ လက်ခံသူဟုတ်လားမဟုတ်လား ရှင်းရှင်းလင်းလင်း မသိခဲ့ရပေမယ့်၊ mail ကတစ်ဆင့် အကောက်ခွန် စစ်ဆေးမှုလုပ်တဲ့အချိန်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး တရားခံ Akimoto သည် လက်ခံသူဖြစ်ကြောင်း နောက်ဆက်တွဲ စုံစမ်းမှုများကတစ်ဆင့် သိခဲ့ရတယ်လို့ဆိုပါတယ်။
Abe Kengo
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: