Shoko Asahara ရဲ့သေဒဏ်ဟာ တရားမဝင်ခဲ့ဘူးလား? တရားခံ၏မိသားစုမှ ယန်း ၁ သန်းနစ်နာကြေးကိုနိုင်ငံတော်ထံ တောင်းခံထား။

စာဖတ်သူတို့ Aum Shinrikyo ဆိုတဲ့ယုံကြည်ကိုးကွယ်မှုကို သိကြပါသလား?
ဂျပန်မှာရှိခဲ့တဲ့ ဘာသာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပေမဲ့၊ လွန်ခဲ့သော ၂၇ နှစ်၊ ၁၉၉၅ ခုနှစ် ၃ လပိုင်း ၂၀ ရက်နေ့မှာ တိုကျိုမြေအောက်ရထားမှာ Sarin အဆိပ်ဓာတ်ငွေ့ကိုဖြန်းပြီး၊ ထိုအချိန်က မြို့တော်ရဲဌာနကိုတိုက်ခိုက်ကာ ပြဿနာအကြီးအကျယ်ရှာခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
ဒီအဖွဲ့အစည်းရဲ့ခေါင်းဆောင်ဖြစ်သော Shoko Asahara၊ (အမည်ရင်းမှာ Chizuo Matsumoto) ဟာ ၂၀၀၆ ခုနှစ် ၉ လပိုင်းမှာသေဒဏ်ချမှတ်ခံရပြီး၊ ၂၀၁၈ ခုနစ် ၇ လပိုင်းမှာ ကွပ်မျက်ခံလိုက်ရပါတယ်။

၎င်းတို့ရဲ့ကျမ်းစာပိုဒ်အရ Aum Shinrikyo ဘာသာဟာ မြောက်ကိုရီးယားနဲ့ပူးပေါင်းဖို့ကို ပြောပြထားပြီး၊ Aum Shinrikyo ဟာ အဆိပ်ဓာတ်ငွေ့ဖြန်းပြီး တိုကျိုကိုအင်အားမဲ့စေကာ ထိုအချိန်မှာ မြောက်ကိုရီးယားတပ်တွေဆင်းသက်လာပြီး ဂျပန်ကိုသိမ်းပိုက်မယ်ဆိုတဲ့အကြောင်းအရာကိုရေးထားတယ်လို့ ပြောကြပါတယ်။
ဒါဟာ သူတို့တွေရဲ့ဘာသာရေးပို့ချချက်ဖြစ်တဲ့ နောက်ဆုံးစစ်ပွဲကို အကောင်အထည်ဖော်ခြင်းဖြစ်ပါတယ်။
တစ်နည်းအားဖြင့် မိမိတို့ဘာသာရဲ့ကျမ်းစကားတွေကမှန်ကန်ကြောင်းပြသချင်တာဟာ အဓိကဦးတည်ချက်ဖြစ်ပြီး၊ ဘာသာရေးအဖွဲ့အစည်းရဲ့မူဘောင်ကိုကျော်လွန်တဲ့အပြုအမှုတွေလုပ်ဆောင်သလို၊ သံသယဝင်လာတဲ့ဂျပန်အစိုးရကို တိုက်ခိုက်ဖို့ကလည်းဦးတည်ချက်ပဲလို့စဥ်းစားကြည့်ရင် လှည့်စားမှုသက်သက်လို့ မထင်ရတော့ပါဘူး။

Asahara ဟာအမှုပေါင်းများစွာနဲ့ ဆက်စပ်နေတဲ့အတွက်၊ ထိုသုံးသပ်ခြင်းဟာ အသက်ရှင်နေစဥ်မှာပြီးဆုံးသွားမလား? ဆိုပြီးတောင်ပြောခဲ့ကြပေမဲ့၊ ထိုဘာသာဝင်တွေရဲ့ စစ်ဆင်ရေးကိုကြောက်ရွံ့ပြီး၊ ဂျပန်မှာပုံမှန်မဟုတ်တဲ့မြန်ဆန်မှုနဲ့ ၎င်းကိုသေဒဏ်ချကွပ်မျက်လိုက်ပါတယ်။

သို့ပေမဲ့ ထိုသေဒဏ်ဟာတရားမဝင်ခဲ့ဘူးဆိုပြီး တရားစွဲဆိုမှုတစ်ခု မနှစ်က ၁၂ လပိုင်းမှာပေါ်ထွက်လာပြီး ထိုပြဿနာပြန်ပေါ်ပေါက်လာပါတယ်။ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုဟာ မရေတွက်နိုင်အောင်များပြားပြီး၊ သေဒဏ်ချမှတ်ခံရသင့်ပေမဲ့ ဘယ်အရာကတရားမဝင်ဘူးလို့ တရားစွဲလာရတာလဲ?

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၇၉ အပိုဒ် ၁ အရ။
သေဒဏ်ချမှတ်ခံရတဲ့ပုဂ္ဂိုလ်ဟာ စိတ်ဖောက်ပြန်တဲ့အခြေအနေမှာရှိရင်၊ တရား‌ရေးဝန်ကြီးရဲ့အမိန့်အရ ကွပ်မျက်ခြင်းကိုဆိုင်းငံ့ထားနိုင်သည်။

ဒီလိုဥပဒေကိုပြဌာန်းထားပါတယ်။
တရားခွင့်ရဲ့ရလဒ်ကြောင့် မိမိအသတ်ခံရခြင်းကို မသိနိုင်သောသူအားကွပ်မျက်ခြင်းမှာ အပြစ်ပေးရာမရောက်။
ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။

သေဒဏ်ကိုပြန်နုတ်လိုက်ခြင်းမဟုတ်ဘဲ သေဒဏ်ကိုယာယီရပ်ဆိုင်းနိုင်ခြင်းမျိုးဖြစ်ပြီး စီရင်ချက်ရဲ့ အဓိပ္ပါယ်ကို နားလည်လာတဲ့အခါ သေဒဏ်ပေးခံရမှာ ဖြစ်ပါတယ်။

Asahara ဟာ အဖမ်းခံရပြီးနှစ် ၂၀ ကျော်မှ ကွပ်မျက်ခံရလိုက်တာဖြစ်ပါတယ်။

စကားပြောကြည့်လည်း တုံ့ပြန်မှုမရှိခဲ့ကြောင်းနဲ့ တရားခွင်အလယ်မှာ ရှေ့နေ့အဖွဲ့နဲ့ဆက်သွယ်လို့တောင်မရတဲ့အခြေအနေထိ ဖြစ်နေတာကို ထိုအချိန်မှသိခဲ့ရပါတယ်။

တရားစွဲဆိုထားတဲ့ သေဒဏ်ပေးခံရသူမိသားစုဟာ နစ်နာကြေးယန်း ၁ သန်းကို နိုင်ငံတော်ဆီတောင်းခံထားပါတယ်။

တကယ်ပဲ စိတ်ဖောက်ပြန်သွားတာလား?
ဂျပန်ကိုဖြုတ်ချဖို့ကြံစည်တယ်လို့ပြောနိုင်လောက်တဲ့ ရာဇဝတ်မှုကြီးကိုကျူးလွန်ခဲ့တာကို ဥပဒေကဘယ်လောက်အထိ ကာကွယ်ပေးနေရတာလဲ။

သာမန်ပြည်သူတွေဘက်ကနေကြည့်ရင် Aum Shinrikyo ယုံကြည်ကိုးကွယ်မှုက ကြီးကြီးမားမားအနှောက်အယှက်တစ်ခုသာလျှင်ဖြစ်တဲ့အတွက်၊ သေဒဏ်ပေးသင့်တယ်လို့ အားလုံးကပြောကြပါတယ်။
အကယ်၍ ယန်း ၁ သန်း နစ်နာကြေးကို အစိုးရကအတည်ပြုလိုက်မယ်ဆိုရင်၊ အမျိုးသားရေးစိတ်ဓာတ်အနေနဲ့ ကျေနပ်လက်ခံမှာမဟုတ်ပါဘူး။
သို့သော် ဥပဒေကဥပဒေပါပဲ။

အဆုံးသတ်ဘယ်လိုဖြစ်မလဲ?
တရားသူကြီးတွေလည်း ခေါင်းကိုက်တဲ့ပြဿနာပါပဲ။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: