ရုပ်ရှင်ရုံထဲမှာ အကျယ်ကြီးမရယ်ရ
ရုပ်ရှင်ကြည့်နေရင်းနဲ့ စိတ်အနှောင့်အယှက်ဖြစ်ရတာတွေကို လူတိုင်းကြုံဖူးကြမယ်ထင်ပါတယ်။
ရုပ်ရှင်ကြည့်ရင်း ဘယ်လိုစိတ်နှောင့်ယှက်စရာတွေကြုံခဲ့ဖူးလဲ ?
ရယ်စရာလေးတွေရှိလာရင်တော့ အားလုံးအတူတူရယ်တတ်ကြတယ်နော်။
အကျယ်ကြီးရယ်နေရင်တော့ တစ်ချို့လူတွေအတွက် စိတ်ရှုပ်စရာတွေဖြစ်တတ်ပါတယ်။
ဒီတစ်ခါမှာတော့ ဂျပန်နိုင်ငံမှာ ဒီလိုရုပ်ရှင်ကြည့်ရင်းရယ်တာနဲ့ပတ်သက်ပြီး စစ်တမ်းကောက်ယူခဲ့ပါတယ်။
စစ်တမ်းအရ အသက်အရွယ်အပိုင်းအခြားကိုလိုက်ပြီး ထင်ထားတာနဲ့ အကြီးအကျယ်ကွာဟနေတာကို တွေ့ခဲ့ရပါတယ်။
ဂျပန်နိုင်ငံရဲ့ရုပ်ရှင်ရုံတိုင်းမှာ ခွင့်ပြုထားတာတွေအရမ်းများပြီး ဘီယာဘူးကိုတောင် ရုပ်ရှင်ရုံထဲယူသွားပြီး သောက်လို့ရပါတယ်။
နောက်ပြီး လက်ဆောင်ရောင်းချတဲ့အစီအစဥ်တွေနဲ့ ရုပ်ရှင်ထဲကဇာတ်ကောင်တွေနဲ့ဆိုင်တဲ့ပစ္စည်းတွေကို ရောင်းချကြပါတယ်။
ဒါပေမယ့် ဂျပန်နိုင်ငံရဲ့ရုပ်ရှင်ရုံတွေထဲမှာ လိုက်ရှာရင်တောင်မတွေ့နိုင်တာက အသံကျယ်ကြီးနဲ့ရယ်နေတဲ့ ဂျပန်လူမျိုးတွေပါပဲ။
ဟုတ်ပါတယ်။ အခုပြောပြမယ့်စစ်တမ်းမှာ
ရုပ်ရှင်ရုံထဲမှာ အသံကျယ်ကြီးနဲ့ရယ်နေရင် ဘယ်လိုခံစားရလဲ ?
ဆိုတဲ့မေးခွန်းကို အယောက် ၂၉၀၈ ယောက်ကဖြေကြားခဲ့ပါတယ်။
အဖြေကတော့
မကြိုက်တဲ့သူ – ၅၅ %
ကြိုက်တဲ့သူ – ၄၅ % ဖြစ်ပါတယ်။
ဂျပန်လူမျိုးတွေက ဟာသကားနဲ့ရယ်စရာတွေကို မကြိုက်ကြတာမဟုတ်ပေမယ့် ဒီလိုအကျယ်ကြီး ရယ်လိုက်ရင် ယဥ်ကျေးမှုမရှိဘူးဆိုပြီး ဂျပန်လူမျိုးတွေရဲ့ပတ်ဝန်းကျင်မှာ သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။
ရုပ်ရှင်လာကြည့်တဲ့သူတွေက အေးအေးဆေးဆေးရုပ်ရှင်ကြည့်ချင်လို့လာပြီးစုစည်းနေကြတယ်ဆိုပေမယ့် သင့်ရဲ့ရယ်သံအကျယ်ကြီးကို ခဏခဏကြားနေရရင် စိတ်အနှောင့်အယှက်ဖြစ်မှာသေချာပါတယ်။
https://sociorocketnewsen.files.wordpress.com/2019/05/ml-2.png?w=640&h=426
ရုပ်ရှင်တွေထဲမှာလည်း လာရောက်ကြည့်ရှုသူတွေအတွက် စိတ်လှုပ်ရှားစရာ၊ ပျော်စရာ၊ ဝမ်းနည်းစရာတွေ ကိုထည့်သွင်းပေးထားပါတယ်။
နောက်ပြီးတော့ သင့်အတွက် ခွက်ထိုးခွက်လန်ရယ်စရာတွေပါလာရင်တောင် ဘေးနားမှာထိုင်နေတဲ့ ဂျပန်လူမျိုးက အသံတိတ်အပြုံလေးနဲ့ ရယ်နေတာကို တွေ့ရပါလိမ့်မယ်။
ဂျပန်လူမျိုးတွေဟာ အမြဲတမ်း တခြားသူတွေကို အနှောင့်အယှက်မဖြစ်အောင်ထိန်းတာကြောင့် ကိုယ့်အိမ်မှာ ကိုယ်ရုပ်ရှင်ကြည့်ရင်တောင် သင့်ရဲ့ရယ်သံကျယ်ကျယ်ကို အောင့်ထားရမှာဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ပတ်ဝန်းက ဒီလိုပုံစံဖြစ်နေရတာဟာ ရှေးလူကြီးတွေကတည်းက ဒီလိုဖြစ်ခဲ့တာကြောင့်လို့ ထင်နေကြမယ်ထင်ပါတယ်။ တကယ်သာဒီလိုဆိုရင် လူငယ်တွေကတော့ ရယ်ချင်ကြမှာပဲနော်…..
တကယ်တော့ ထင်ထားတာနဲ့တခြားစီပါပဲ….
ဘာကြောင့်လဲဆိုတာ အောက်ကအသက်အရွယ်နဲ့ခွဲခြားထားတဲ့ စစ်တမ်းကိုအရင်ကြည့်လိုက်ပါဦး။
အသက် ၁၉ နှစ်အထက်
မကြိုက်တဲ့သူ – ၆၈ %
ကြိုက်တဲ့သူ – ၃၁%
အသက် ၂၀ မှ ၂၉ နှစ်ထိ
မကြိုက်တဲ့သူ – ၅၈%
ကြိုက်တဲ့သူ – ၄၁%
အသက် ၃၀ မှ ၃၉ နှစ်ထိ
မကြိုက်တဲ့သူ – ၅၈%
ကြိုက်တဲ့သူ – ၄၁%
အသက် ၄၀ မှ ၄၉ နှစ်ထိ
မကြိုက်တဲ့သူ – ၅၈%
ကြိုက်တဲ့သူ – ၄၁%
အသက် ၅၀ မှ ၅၉ နှစ်ထိ
မကြိုက်တဲ့သူ – ၅၂%
ကြိုက်တဲ့သူ – ၄၇%
အသက် ၆၀ မှ ၆၉ နှစ်ထိ
မကြိုက်တဲ့သူ – ၅၀%
ကြိုက်တဲ့သူ – ၄၉%
ကဲ…ဘယ်လိုလဲ ? ? ? အသက်အရွယ်ကိုလိုက်ပြီး ဘယ်လိုတွေကွာခြားနေလဲ ?
အသက်အရွယ်အလိုက်ကွာခြားမှုတွေကို ကြည့်လိုက်တော့ ငယ်တဲ့သူတွေက အသံကျယ်ကြီးနဲ့ရယ်တာကို မကြိုက်ကြဘူးနော်…
ဒီလိုဆိုရင် ဂျပန်နိုင်ငံရဲ့ရုပ်ရှင်ရုံတွေထဲမှာ အကျယ်ကြီးရယ်တာမကြိုက်ဘူးဆိုတာကို သိကြပြီထင်ပါတယ်။
စာဖတ်သူတို့ရော ရုပ်ရှင်ကြည့်တဲ့အခါအကျယ်ကြီးရယ်လိုက်လို့ စိတ်အနှောင့်အယှက်ဖြစ်သွားဖူးလား ?
ကိုယ်တိုင်ကရော ဟာသဇာတ်လမ်းတွေကြည့်ရင် အော်ရယ်မိကြလား ?
Su Hlaing