ဆာမူရိုင်းများ ဒိုင်းကာကို မသုံးတဲ့အကြောင်းအရင်း?

ဂျပန်ဓားရှည်တစ်လက်နဲ့ ခန္ဓာကိုယ်ကိုကာကွယ်တဲ့သံချပ်ကာတွေမပါဘဲ ပေါ့ပေါ့ပါးပါးဝတ်ဆင်ပြီး တိုက်ခိုက်ကြတာကတော့ ဆာမူရိုင်းတွေ ဖြစ်ပါတယ်။
ဒီလိုဆာမူရိုင်းတွေရဲ့အသွင်အပြင်ကို တစ်ကမ္ဘာလုံးကလူတွေကလည်း အာရုံစိုက်မိကြပါတယ်။

သံချပ်ကာတွေဆိုတာ တိုက်ပွဲအတွင်းမှာ သေချာဝတ်ဆင်ရပါတယ်။
ဒါပေမယ့် ဆာမူရိုင်းတွေက လမ်းဘေးမှာလည်း တိုက်ခိုက်ရတာမျိုးရှိတဲ့အတွက် ပေါ့ပါးတဲ့အဝတ်နဲ့ပဲ တိုက်ခိုက်တာက ပိုအဆင်ပြေစေမယ်လို့ ထင်ပါတယ်။
မြို့ထဲမှာ ဆာမူရိုင်းတွေ တိုက်ခိုက်နေကြပုံက အလန်းစားဖြစ်ပေမယ့် ဘေးပတ်ဝန်းကျင်က လူတွေအတွက်တော့ အနှောက်အယှက်အလွန်ဖြစ်စေပါတယ်

ဥရောပဘက်က စစ်သည်တော်တွေက ဒီလိုဒိုင်းကာတွေနဲ့ တိုက်ခိုက်ကြပြီး အကြီးဆုံးဒိုင်းကာက အောက်ကပုံလောက်ရှိပါတယ်။

https://www.pinterest.jp/pin/

ရန်သူရဲ့ တိုက်ခိုက်မှုကို ဒိုင်းကာနဲ့ ခုခံပေးပြီး ကိုယ့်ဓားနဲ့ပြန်တိုက်ရတာက စစ်သည်တော်တွေရဲ့ အခြေခံတိုက်ခိုက်နည်းဖြစ်ပါတယ်။
ဒါဆို ဓားနဲ့တိုက်ခိုက်တဲ့ဂျပန်လူမျိုးတွေက ဘာလို့ ဒိုင်းကာကို အသုံးမပြုကြတာပါလဲ? စာဖတ်သူတို့ရော သိပါသလား?

ဆာမူရိုင်းတွေအတွက် အကြီးဆုံးပြဿနာကတော့ ဓားကို ဘယ်လိုသယ်မလဲဆိုတာပဲ ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေရဲ့ဓားက လက်တစ်ဖက်တည်းနဲ့ကိုင်လို့ရတဲ့အတွက် ကျန်လက်တစ်ဖက်နဲ့ ဒိုင်းကို သယ်လို့ရပါတယ်။
ဒါပေမယ့် ဂျပန်နိုင်ငံရဲ့ ဓားက အခြေခံအနေနဲ့ လက်နှစ်ဖက်နဲ့သယ်ရတာဖြစ်တဲ့အတွက် ဒိုင်းကို သယ်လို့မရပါဘူး။

ဒါပေမယ့် လက်မှာအမြဲသယ်ထားဖို့မလိုတဲ့ဒိုင်းအမျိုးအစားကို အသုံးပြုခဲ့ကြတယ်လို့ဆိုပါတယ်။

https://kaikore.blogspot.com/2017/06/japanese-hields.html

သင်္ဘောမှာ ကပ်တာတို့၊ မြေကြီးပေါ်မှာစိုက်တာတို့လုပ်နိုင်တဲ့ဒိုင်းကာအကြီးစားတွေကိုတော့ စစ်ပွဲတွေမှာ အသုံးပြုခဲ့ကြပါတယ်။
ဒါပေမယ့် တိုက်ပွဲစတင်ပြီဆိုတာနဲ့ ရွေ့လျားနိုင်မှုကလည်း အရေးကြီးတဲ့အတွက် လက်နဲ့မသယ်နိုင်တဲ့ဒိုင်းကာတွေကို အသုံးချနိုင်မယ့်နယ်ပယ်က ကျဥ်းမြောင်းလာပါတယ်။
သေနတ်ကိုင်တပ်သားတွေရဲ့ အရှေ့မှာ ဒိုင်းကာကို ထားတာမျိုးရှိပေမယ့် ဓားနဲ့တိုက်ခိုက်ရတာမျိုးမှာတော့ ဒိုင်းက အတော်လေးအဆင်မပြေဖြစ်ကြရပါတယ်။

ဒါဆို ဆာမူရိုင်းတွေက ဘယ်လိုကာကွယ်ကြတာလဲ?

စစ်ပွဲမှာတော့ သံချပ်ကာတွေကို ဝတ်ထားတဲ့အတွက် အခြေခံအားဖြင့် ရန်သူရဲ့ တိုက်ချက်တွေကို သံချပ်ကာတွေနဲ့ ကာကွယ်ရပါတယ်။
ရန်သူကို ခုခံပြီး တန်ပြန်တိုက်ခိုက်တဲ့ပုံစံဖြစ်ပါတယ်။
ဒါပေမယ့် အဲ့ဒါက နည်းနည်းကြောက်ဖို့ကောင်းတဲ့တိုက်ခိုက်နည်းပါပဲ။

ရန်သူနဲ့ ကိုယ့်အကြားမှာ လက်ရည်မတူတဲ့အခါ တိုက်ချက်တွေကို ရှောင်ကွင်းတဲ့နည်းလမ်းလည်းရှိပေမယ့် တော်တော်များများ လက်ရည်မတူတာတွေက ရှိပါတယ်။

ဒါဆိုရင် ပေါ့ပေါ့ပါးပါးပဲ ဝတ်ပြီးတိုက်ခိုက်တဲ့အခါကျတော့ ဘယ်လိုကာကွယ်မလဲဆိုရင်
အပေါ်ကပြောခဲ့သလို မြို့ထဲလမ်းလျှောက်နေတဲ့အခါတော့ ဓားကိုသယ်သွားပေမယ့် သံချပ်ကာတွေကိုတော့ ဝတ်ဖို့မဖြစ်နိုင်ပါဘူး။ အဲ့ဒီအတွက် ရန်သူတိုက်ချက်ကို ခုခံဖို့နည်းလမ်းက တစ်နည်းပဲရှိပါတယ်။ ဓားနဲ့ခုခံဖို့ပဲဖြစ်ပါတယ်။

ဂျပန်ဓားရှည်တွေက အရမ်းထက်တယ်ဆိုပြီး နာမည်ကြီးပါတယ်။ ဒါပေမယ့် အရမ်းထက်လွန်းလို့ ဓားကိုတောင် ပျက်စီးလွယ်စေပြန်ပါတယ်။
အဲ့ဒီအတွက် ကာကွယ်ဖို့ရာဆိုရင် ဓားကိုင်ထားတဲ့ဘက်ရဲ့အပေါ်ပိုင်း၊ ဓားသွားရဲ့ဆန့်ကျင်ဘက်ပိုင်း တုံးတဲ့ဘက်နဲ့ ခုခံဖို့ဖြစ်လာပါတယ်။

ဒါကြောင့် ဓားတွေရဲ့ တုံးတဲ့ဘက်မှာ ရန်သူရဲ့တိုက်ခိုက်ချက်တွေကို အများကြီးတွေ့ရတတ်ပါတယ်။
ဒါပေမယ့် ဒီလိုခုခံမယ်ဆိုရင် ဓားကိုယ်ထည်ပုံပျက်နိုင်ပြီး ဓားရဲ့မူလထက်ရှမှုလည်း လျော့ပါးနိုင်တဲ့အတွက် ရန်သူအများကြီးနဲ့တိုက်ခိုက်တဲ့အခါ ဓားအများကြီးလိုအပ်တာတို့ရှိနိုင်ပါတယ်။
ဂျပန်ဆာမူရိုင်းရုပ်ရှင်တွေမှာဆိုရင် ရန်သူအများကြီးနဲ့တိုက်ခိုက်တဲ့အခါ ရန်သူရဲ့တိုက်ချက်ကို ဓားနဲ့ခုခံပြီး ရန်သူကို ပြန်လည်တိုက်ခိုက်တာတို့ ပြုလုပ်ကြပေမယ့် လက်တွေ့မှာတော့ အဲ့လိုမတိုက်ကြဘူးလို့ဆိုပါတယ်။

တစ်ခါတစ်လေ ဓားတွေကို နေရာအသီးသီးမှာ ကြိုထားထားတာတို့၊ လဲကျသွားတဲ့ရန်သူရဲ့ဓားကို ပြန်သုံးတာတွေလည်း ရှိပါတယ်။

ဒါပေမယ့် ဒီကာကွယ်နည်းဟာလည်း ခက်ခဲတဲ့ပုံပါပဲ။
ဓားနဲ့ ခုခံဖို့လုပ်တာကို တစ်ဖက်လူက သိသွားတဲ့အခါ ခုခံဖို့လုပ်တဲ့လက်ချောင်းတွေနားထိ ဓားရောက်လာတာတို့၊ လက်မောင်းကို ဖြတ်မိတာတို့လည်း ဖြစ်သွားနိုင်ပါတယ်။
ဂျပန်ဓါးသိုင်း အားကစားနည်းဖြစ်တဲ့ Kendo အားကစားမှာလည်း မှန်ကန်တဲ့အနေအထားနဲ့ မတိုက်ခိုက်ရင် အမှတ်မရတာမျိုး ရှိပါတယ်။
ဒါပေမယ့် ဓားနဲ့အချင်းချင်း အပြန်အလှန်တိုက်ခိုက်ရတာမို့လို့ ဘယ်နေရာထိထိ တစ်ဖက်လူကို ဒဏ်ရာရစေနိုင်ပါတယ်။

ဒါဆို အကောင်းဆုံးကာကွယ်ဖို့နည်းလမ်းက ဘယ်ဟာလဲဆိုတဲ့ မေးခွန်းရှိလာပါတယ်။
အောက်ကလို ဂျပန်စကားပုံတစ်ခုရှိပါတယ်။

တိုက်ခိုက်ခြင်းသည် အကောင်းဆုံး ကာကွယ်မှု

ဟုတ်ပါတယ်။ တိုက်ခိုက်ခြင်းဟာ အကောင်းဆုံး ကာကွယ်မှုဖြစ်ပါတယ်။
တစ်နည်းအားဖြင့် ရန်သူကို အရင်နိုင်အောင်တိုက်လိုက်ရင် ကာကွယ်စရာမလိုတော့ဘူးပေါ့။
ရန်သူထက် ပိုတိုက်ခိုက်အနိုင်ရချင်တဲ့စိတ်ပြင်းပြဖို့လိုပါတယ်။
ဒီလိုအနိုင်ရဖို့ကလည်း လွယ်လွယ်ကူကူလုပ်နိုင်တဲ့အရာတော့ မဟုတ်ပါဘူး။ ရန်သူရဲ့ စွမ်းရည်၊ တိုက်ခိုက်မှုက ကိုယ့်ထက်ကောင်းနေရင် အခြေအနေကလည်း တစ်မျိုးပြောင်းနိုင်ပါတယ်။

အဲ့လိုအခြေအနေအတွက် ဒီလိုစကားပုံလည်း ရှိပြန်ပါတယ်။


https://www.fashion-press.net/news/45460

ထွက်ပြေးခြင်းဖြင့် အနိုင်ယူခြင်း

ထွက်ပြေးရရင်တောင် အသက်ရှင်ကျန်နေခဲ့တဲ့လူက အနိုင်ပဲ
ဆိုတဲ့ အတွေးအခေါ် ဖြစ်ပါတယ်။

စာဖတ်သူတို့ရော ဘယ်နည်းလမ်းကို သုံးပြီး ရန်သူကို အနိုင်ယူချင်ပါသလဲ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: