ဂျပန်မှာ လူသတ်မှုကျူးလွန်ဖို့ ကြိုးပမ်းတဲ့ ဗီယက်နမ်အမျိုးသား

လူသတ်မှု ကျူးလွန်ရန် ကြိုးပမ်းမှု သံသယနဲ့ အဖမ်းခံရပြီး…..စစ်ဆေးလိုက်တဲ့အခါ ထိခိုက်မိသူပါ “တရားမ၀င်နေထိုင်သူ” ဖြစ်နေလို့ အဖမ်းခံရ
Shizuoka စီရင်စု ရဲတပ်ဖွဲ့က လူသတ်မှု ကျူးလွန်ရန် ကြိုးပမ်းမှု သံသယနဲ့ ဗီယက်နမ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်
ဇန်နဝါရီ ၂၁ ရက် ညသန်းခေါင်ယံအချိန်မှာ Shizuoka စီရင်စု Gotemba မြို့မှာဖြစ်ခဲ့တဲ့ ဗီယက်နမ်အချင်းချင်း လူသတ်ရန်ကြိုးပမ်းမှုမှာ ရဲတွေဟာ ထိခိုက်သူနဲ့ ရင်းနှီးသူအမျိုးသားကိုပါ ဖမ်းဆီးလိုက်ပါတယ်။ သံသယရှိသူတွေအပြင် အခင်းဖြစ်ပွားရာနေရာမှာ ရောက်ရှိနေတဲ့ ဗီယက်နမ်အမျိုးသားကိုလည်း တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။
လူသတ်မှု ကျူးလွန်ရန် ကြိုးပမ်းမှု သံသယနဲ့ ဖမ်းဆီးခံခဲ့ရတာက အသက် ၂၉ နှစ်အရွယ် ဗီယက်နမ်နိုင်ငံသား အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဖြစ်ပါတယ်။ အဆိုပါအမျိုးသားကို ဇန်နဝါရီ ၂၄ ရက် ည ၁၁ နာရီအချိန်ခန့်က Gotemba မြို့၊ Nakashimizu ရှိ မြေကွက်လွတ်မှာ ဗီယက်နမ်နိုင်ငံသား (၂၅နှစ်) ကို ဓားနဲ့ထိုးသတ်ရန် ကြိုးပမ်းတယ်ဆိုတဲ့ သံသယရှိနေကြောင်း သိရပါတယ်။ သံသယရှိသူရဲ့ အမည်ကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်း မရှိပေ။
ဆက်လက်စုံစမ်းတဲ့အခါမှာ သံသယရှိသူအပြင်၊ သေဆုံးသူနဲ့ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေတဲ့ အိုဆာကာမြို့၊ Gotemba မှ အသက် ၂၅ နှစ်အရွယ် အလုပ်လက်မဲ့ဗီယက်နမ်အမျိုးသားအပါအဝင် ၃ယောက်ဟာ သုံးလကနေ တစ်နှစ်နဲ့သုံးလလောက် ဂျပန်မှာ တရားမ၀င်နေထိုင်တယ်ဆိုတဲ့ စွပ်စွဲချက်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ဒုက္ခသည် အသိအမှတ်ပြုဥပဒေအား ချိုးဖောက်မှုနဲ့ ၃ယောက်လုံး ဖမ်းဆီးခံခဲ့ရပါတယ်။
အခင်းဖြစ်ပွားချိန်မှာ ၎င်းတို့ သုံးဦးဟာ တိုက်ခန်းအတွင်း အရက်သောက်ကာ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားခဲ့တယ်လို့ ယုံကြည်ရပါတယ်။ အခင်းဖြစ်ရာနေရာမှာ ဒီလူ ၃ ဦးအပြင် လူအများအပြားရှိနိုင်ခြေကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။
Abe Kengo
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: