(၃) ရက်နေ့ကနေစပြီး Tokorozawa ဘူတာတွင် ရထားစထွက်ချိန်၌ Totoro ဇာတ်ဝင်တေးကိုဖွင့်မည်။

【My neighborhood Totoro】animation ထဲကသီချင်း ၂ ပုဒ်ဖြစ်တဲ့ 「さんぽ」နဲ့ 「となりのトトロ」တို့ကိုရထားစထွက်တဲ့အချိန်မှာဖွင့်မယ်လို့သိရပါတယ်။

https://image.news.livedoor.com/newsimage/stf/9/5/95e8c_1726_957d4378_136446d5.jpg

 

https://news.railway-pressnet.com/wp-content/uploads/2020/09/001_p20200901-100642_01.jpg

 

https://pimg.togetter.com/6a5901bd5fce407074d61bceceeea22a22d95c46/68747470733a2f2f692e7974696d672e636f6d2f76692f33664d425a55466e3850382f687164656661756c742e6a7067

 

Seibu မီးရထားရဲ့ 所沢駅(Tokorozawa )ဘူတာရဲ့ ရထားစထွက်တဲ့သီချင်းက ဒီနေ့ ၃ ရက်နေ့ကနေစပြီး၊ 【My neighborhood Totoro】ရုပ်ရှင်ထဲက သီချင်းကိုသုံးတော့မယ်လို့သိရပါတယ်။
【My neighborhood Totoro】ရဲ့ဇာတ်အိမ်ကို Tokorozawa အနီးမှာရှိတဲ့မူရင်းရှုခင်းကိုမှီငြမ်းပြီး setting ချထားတာကြောင့် ဒီသံစဥ်ကိုရထားထွက်တဲ့အခါအသုံးပြုဖို့ Tokorozawa မြို့ကပဲအစီအစဥ်ဆွဲလိုက်ပါတယ်။ နောက်တစ်ခုက ဒီသီချင်းရဲ့မူရင်းကလည်း ဒီမြို့ကပဲဖန်တီးထားတာပါတဲ့။

 

 

ဒီဘူတာကိုလာကြတဲ့ ခရီးသည်တွေကလည်း “ Totoro” “ ချစ်စရာကောင်းလိုက်တာ” “ Tokorozawa ပဲနော်” စသဖြင့်ပြောကြပါတယ်။
ဘူတာမှာ ရထားထွက်ခွါတဲ့တီးလုံးကြောင့် ပျော်ရွှင်နေတဲ့ကလေးတွေကိုတွေ့ရသလို၊ ဒါဟာခရီးသည်တွေကိုပြုံးသွားစေဖို့ လုံလောက်တဲ့အတိုင်းအတာတစ်ခုလည်းဖြစ်ပါတယ်။

source:FNN

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: