ဂျပန်နိုင်ငံရဲ့ Door Phone တိုးတက်ပြောင်းလဲလာမှုမှာ အနာဂတ်ကို ခံစားသိရှိနိုင်ပါတယ်

ဂျပန်နိုင်ငံဟာ စိတ်ချလုံခြုံတယ်ဆိုတာက အရင်တုန်းကပါ။
အခုတော့ ဂျပန်နိုင်ငံမှာလည်း မရိုးသားသူတွေ တိုးပွားလာပါတယ်။

ပြီးတော့ မြို့ကြီးပြကြီးတွေမှာ တစ်ယောက်တည်းနေကြတဲ့သူတွေများလာပြီး အထူးသဖြင့် တစ်ယောက်တည်းနေတဲ့မိန်းကလေးတွေကို ပစ်မှတ်ထားတဲ့ အန္တရာယ်ရှိတဲ့ ရာဇဝတ်သားတွေက တိုးပွားလာနေပါတယ်။

အဲ့ဒါတွေ ကာကွယ်ဖို့နည်းလမ်းတစ်ခုအနေနဲ့ ထိရောက်မှုရှိတာကတော့ Door Phone ပါ။
တံခါးမဖွင့်ခင် ဘယ်သူလာတယ်ဆိုတာကို ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။

အရင်တုန်းကတော့ တင်းတောင်ဆိုတဲ့အသံသာမြည်ခဲ့ပေမယ့် အခုကတော့ ကင်မရာပါ တပ်ဆင်ထားရှိနေကြပါပြီ။
ဒါပေမယ့် Door Phone ကတော့ ဆက်လက်တိုးတက်ပြောင်းလဲနေဆဲပါပဲ။
ဂျပန်နိုင်ငံရဲ့ Door Phone နဲ့ အနာဂတ်ကို ခံစားကြည့်ရအောင်။

ဗီဒီယိုမှတ်တမ်းယူနိုင်ခြင်း

အပြင်သွားနေတုန်း အိမ်ကို ဘယ်သူလာသွားလဲဆိုတာကို သိချင်ကြမယ်ထင်ပါတယ်။
အဲ့လိုသိချင်တဲ့သင့်အတွက် ဗီဒီယိုမှတ်တမ်းယူနိုင်တဲ့ Door Phone ကို အကြံပြုလိုပါတယ်။
အပြင်သွားနေတုန်းမှာ လူခေါ်ဘဲလ်ကို မကြာခဏနှိပ်တတ်တဲ့သူက သင့်ရဲ့လှုပ်ရှားသွားလာမှုပုံစံကို သဘောပေါက်ပြီး တကယ်အပြင်သွားနေတဲ့အချိန်ကို စောင့်ဆိုင်းနေတဲ့ သူခိုးလည်းဖြစ်နေနိုင်ပါတယ်။

 

ကင်မရာများ

https://bouhan-sensor-camera.sys-jp.com/bouhan-camera04.html

 

ဘယ်သူမဆို Door Phone ကို နှိပ်လိုက်တဲ့အချိန်မှာ ကင်မရာရှိနေတယ်ဆိုတာ သိနိုင်ပါတယ်။
အန္တရာယ်ရှိတဲ့ ရာဇဝတ်သားတွေဟာ ကင်မရာမှာမပေါ်အောင် သင့်အိမ်ထဲကို ခိုးကြောင်ခိုးဝှက်ဝင်ရောက်နိုင်ပါတယ်။
ဒါပေမယ့် အဲ့လိုရာဇဝတ်သားတွေတောင် သူတို့ မထင်ထားတဲ့ဘက်ကနေ မျက်နှာနဲ့ ထူးခြားမှုတစ်ခုခုကို ရိုက်ယူထားနိုင်ပါတယ်။

ဒီ Door Phone က ကင်မရာ ၄ လုံးချိတ်ဆက်ထားရှိတဲ့အတွက် မရိုးသားသူတွေကို သူတို့မထင်ထားတဲ့ဘက်ကနေ မှတ်တမ်းရိုက်ယူထားနိုင်ပါတယ်။

 

လက်ကိုင်ဖုန်းနှင့်ချိတ်ဆက်ထားခြင်း

Door Phone ကိုယ်တိုင်မှာကို ဝိုင်ဖိုင်နဲ့ ချိတ်ဆက်ထားပြီး တစ်ယောက်ယောက်လာရင် အဲ့ဒါကို လက်ကိုင်ဖုန်းထံ အသိလှမ်းပေးပါတယ်။
လက်ကိုင်ဖုန်းကနေပဲ ဖြေကြားမှုတွေလည်း လုပ်နိုင်ပေမယ့် “ ဟုတ်ကဲ့ အခု အိမ်မှာမရှိပါဘူး” လို့တော့ မပြောနဲ့ပေါ့နော်။
မရိုးသားတဲ့သူထင်တယ်လို့ တွေးမိတဲ့အခါမှာပဲ ဖြေကြားမှုလုပ်ကြည့်မယ်ဆိုရင် တစ်ဖက်လူက “ ဟင် အိမ်မှာရှိနေတာဘဲ” ဆိုပြီး အိမ်ထဲကို ခိုးဝင်ရောက်ခြင်းကို ကာကွယ်နိုင်ပါတယ်။

တံခါးနှင့် ပြတင်းပေါက်အာရုံခံစွမ်းရည်ပါရှိခြင်း

သူခိုးက တံခါးပေါက်နဲ့ ပြတင်းပေါက်ကနေ ခိုးဝင်နိုင်ပေမယ့် အဲ့ဒါကို သိရှိနိုင်တဲ့အာရုံခံစနစ်ပါဝင်တဲ့ Door Phone လည်းရှိပါတယ်။
အခုလောက်ဆိုရင် Door Phone မဟုတ်ဘဲ တခြားလုံခြုံရေးကိရိယာလိုဖြစ်နေပေမယ့် အိမ်မှာ ရှိထားမယ်ဆိုရင် စိတ်ချရမယ်ထင်ပါတယ်။

 

ကြိုးမဲ့စနစ်

အဝတ်အခြောက်ခံနေတုန်းမှာ Door Phone မြည်တာကို သတိမထားမိကြတာများပါတယ်။
ဒီကုန်ပစ္စည်းမှာ ညာဘက်အခြမ်းက အခန်းတွင်းတာမီနယ်ဖြစ်ပေမယ့် ကြိုးမဲ့စနစ်ဖြစ်ပါတယ်။
အိမ်ရဲ့ဘယ်နားမှာရှိရှိ Door Phone ကို ချက်ချင်းဖြေကြားနိုင်တဲ့အတွက် အဆင်ပြေလှပါတယ်။

ပိုပြီးအံ့သြစရာကောင်းတာက ဘယ်ဘက်ကတာမီနယ်က အပြင်ဘက်မှာ တပ်ရပြီး အလည်လာသူက ခလုတ်ကို နှိပ်ရပေမယ့် အဲ့ဒါလည်း ကြိုးမဲ့စနစ်ပါပဲ။
ဝါယာကြိုးတွေချိတ်ဆက်စရာမလိုဘဲ တံခါးမှာ ကပ်လိုက်ရုံပဲဖြစ်တဲ့အတွက်
အရမ်းအဆင်ပြေပါတယ်။

ဘယ်လိုလဲ။
ဂျပန်နိုင်ငံက Door Phone ကို အမျိုးမျိုး တိုးတက်ပြောင်းလဲအောင် လုပ်ဆောင်နေပါတယ်။
ဒီလိုမျိုးလုံခြုံရေးကိရိယာတွေက ကြည့်ရုံနဲ့တင် အရမ်းစိတ်ဝင်စားစရာကောင်းလှပါတယ်။

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: