အပျော်ရိုက်တဲ့ ဗီဒီယိုကြောင့် ဘဝပျက်ခဲ့ရတဲ့အချိန်ပိုင်းအလုပ်သမား

အခုခေတ်မှာ ဘယ်သူမဆို လွယ်လွယ်ကူကူ အင်တာနက်နဲ့ အချက်အလက်တွေကို ပို့လို့ရပါပြီ။

ဂျပန်နိုင်ငံမှာ Twitter က ရေပန်းအစားဆုံးဖြစ်ပါတယ်။

ဒီတစ်ကြိမ် ပြဿနာဖြစ်နေတာက ဆူရှီကိုအဓိကရောင်းတဲ့ くら寿司 ခုရဆူရှီဆိုတဲ့ ဆူရှီဆိုင်ပဲဖြစ်ပါတယ်။

http://blog.livedoor.jp/dqnplus/archives/1987376.html

အဲ့ဒီမှာအလုပ်လုပ်နေတဲ့ တက္ကသိုလ်ကျောင်းသားက အပျော်သဘောနဲ့ရိုက်ပြီးတင်ခဲ့တဲ့ ဗီဒီယိုက ကိစ္စကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်။

သူကအမှိုက်ပစ်တဲ့နေရာမှာ ငါးကိုပစ်လိုက်ပြီးတော့ ဒါကိုနောက်တစ်ခါပြန်ကောက်ပြီး ချက်ခဲ့တဲ့ ဗီဒီယိုကို တင်ခဲ့ပါတယ်။

အဲ့ဒီလိုတင်လိုက်တာကြောင့် くら寿司 ခုရဆူရှီကို လာရောက်တဲ့ဧည့်သည်တွေ လျော့နည်းသွားခဲ့တဲ့ဆုံးရှုံးမှုဖြစ်ပွားခဲ့ပါတယ်။

တကယ်တော့ ဒီလိုလုပ်တာက ဒီတစ်ကြိမ်ဟာ ပထမဦးဆုံးအကြိမ်မဟုတ်ပါဘူး။

အခြေအနေအရ အချိန်ပိုင်းလုပ်တဲ့သူအမျိုးမျိုးကို ဒီအတိုင်းလွတ်ထားမိတယ်လို့ဆိုပြီး အခြား အစားအသောက်ဝန်ဆောင်မှုကုမ္ပဏီတွေမှာလည်း ဒီလိုပါပဲ။

လူတွေကိုမြင်တွေ့စေခဲ့တာက အချိန်ပိုင်းကျောင်းသားရဲ့ အသုံးမကျမှုကြောင့်လို့ပဲ ပြောရပါတော့မယ်။

ရပ်လိုက်ဖို့တွေးမိရမှာကို ပေါ့ပေါ့တန်တန်ပဲတွေးခဲ့တယ်နော်။

ဒီတစ်ခါမှာတော့ ခုရအိဆူရှီဆိုင်ရဲ့ လုပ်ဆောင်မှုတွေက တော်တော်လေးကို အံ့သြစရာကောင်းခဲ့ပါတယ်။

https://headlines.yahoo.co.jp/hl?a=20190210-00000011-spnannex-soci

ဒီဗီဒီယိုကိုတင်ခဲ့တဲ့အတွက်ကြောင့် ဆုံးရှုံးသွားတဲ့ ရင်းနှီးမြုပ်နှံငွေပမာဏက ယန်း 2,700,000,000 ဖြစ်ပါတယ်။

အဲ့ဒီငွေပမာဏက စားသောက်ကုန်လုပ်ငန်းရဲ့ပျက်စီးဆုံးရှုံးမှုလို့ တွက်မယ်ဆိုရင် ဖြစ်နိုင်ပါတယ်။

ခုရဆူရှီဆိုင်ကိုစီမံခန့်ခွဲတဲ့ ခုရစီးပွားရေးလုပ်ငန်းက အဲ့ဒီကျောင်းသားမိဘကို ပျက်စီးဆုံးရှုံးမှုပမာဏအတွက် မြို့နယ်တရားရုံးမှာ တရားစွဲသွားမယ်လို့ ကြေညာခဲ့ပါတယ်။

နောက်ထပ်ပြစ်မှုတစ်ခုကိုလည်း တရားရင်ဆိုင်နေရပါတယ်။

လက်ရှိမှာ ကျောင်းသားရောမိဘရော ဒီငွေပမာဏကို ချက်ချင်းကြီးပေးဖို့ဆိုတာမဖြစ်နိုင်တဲ့အတွက်ကြောင့် ဒီအတိုင်း တရားခွင်ထဲရောက်နေပြီး ခုရဆူရှီဆိုင်ကိုဝယ်ဖို့လည်း အဲ့လောက်ထိပိုက်ဆံမရှိပါဘူး။

ဒါကြောင့် ကျောင်းသားလေးရော မိဘရောက ရှိသမျှဥစ္စာပစ္စည်းတွေကို သိမ်းယူခြင်းခံခဲ့ရတာကြောင့် ဆင်းရဲမွဲတေသွားခဲ့ရပါတယ်။

နောက်တစ်ခုက ကျောင်းသားလေးကိုလည်း တရားစွဲဆိုထားတဲ့အတွက်ကြောင့် ထောင်ကျမယ်လို့တောင်တွက်ထားကြပါတယ်။

အချိန်ပိုင်းအလုပ်က မကောင်းဘူးဆိုတာနဲ့ မပြီးဘဲ လုံးဝကိုနားမလည်နိုင်တဲ့ ကလေးတစ်ယောက်သာသာရှိသေးတဲ့ ကျောင်းသားတွေများနေတဲ့ခေတ်မှာ ဒီလောက်တင်းကြပ်ဖို့လိုလားဆိုတာကို တွေးတဲ့သူတွေ တော်တော်နည်းနေပါတယ်။

ဒီကိစ္စရဲ့အဆုံးသတ်မှာတော့ အသုံးမကျတဲ့အချိန်ပိုင်းအလုပ်သမားတွေထပ်ထွက်မလာဖို့ပဲ ဆုတောင်းမိပါတော့တယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: