ဂျပန်နိုင်ငံရဲ့ animation လေးတွေကို ဖန်တီးသူ “Studio Ghibli” အကြောင်းသိကောင်းစရာ!!!

အကယ်၍သင်ဟာ ဂျပန်ရုပ်ရှင်နဲ့ animation တွေကို သဲကြီးမဲကြီးကြည့်တတ်သူတစ်ယောက်သာဆိုရင်တော့ သေချာပါပြီ Studio Ghibli ဆိုတဲ့ နာမည်လေးကိုကြားဖူးမှာပါ။ Studio Ghibli ကထွက်တဲ့ animation တိုင်းဟာ သင့်ရဲ့ စိတ်အာရုံ၊ သင့်ရဲ့ အချစ်တွေကို တစ်ခဏအတွင်းမှာပဲ ဖမ်းယူနိုင်ပြီး အသက်သွင်းထားတဲ့ စိတ်ကူးယဥ်လည်းဆန်၊ အပြောင်းအလဲကလည်းမြန်တဲ့ ကာတွန်းကမ္ဘာငယ်လေးတစ်ခုပဲဖြစ်ပါတယ်။

Totoro ဆိုတဲ့ချစ်စရာကောင်းတဲ့ အကောင်ကြီးကိုမြင်ဖူးတဲ့သူ ကြားဖူးတဲ့သူရှိမယ်လို့ထင်ပါတယ်။ ဒါပေမဲ့ သူ့ကိုဖန်တီးပေးထားတဲ့ Studio အကြောင်းကိုတော့ သိတဲ့သူနည်းကောင်းနည်းနေပါလိမ့်မယ်။

ဒီဆောင်းပါးမှာ မိတ်ဆက်ပေးမှာကတော့ Studio Ghibli အကြောင်းပဲဖြစ်ပါတယ်။

Studio Ghibli ဆိုတာဘာလဲ?

ဂျပန်နိုင်ငံရဲ့ animation ရုပ်ရှင်လောကမှာ အခြားသော Studio တွေထက်ပိုပြီး အောင်မြင်နေတဲ့ Studio တစ်ခုဖြစ်ပါတယ်။

Ghibli ကို ၁၉၈၅ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှာ စပြီးတည်ထောင်ခဲ့ပါတယ်။ တည်ထောင်သူတွေကတော့ Hayao Miyazaki , Isao Takahata , Toshio Suzuki နဲ့ Yasuyoshi Tokuma တို့ပဲဖြစ်ပါတယ်။ Yasuyoshi Tokuma ကတော့ ၂၀၀၀ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့မှာတင် ဆုံးပါးသွားခဲ့ပါပြီ။

 

Hayao Miyazaki ဆိုသူကတော့ animation အကောင်လေးတွေကိုဆွဲတဲ့သူတစ်ယောက်လည်းဖြစ်သလို၊ ရုပ်ရှင်ပြုလုပ်သူ၊ ဇာတ်ညွှန်းရေးသူ၊ စာရေးဆရာတစ်ယောက် နောက်ပြီး manga ဆွဲတဲ့ပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

https://www3.nhk.or.jp/nhkworld/en/ondemand/video/3004581/images/CfuQbU6KC93VPxFVvsDxFQ5bckE0BsLDX8LX5FNg.jpeg

 

၁၉၄၁ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ မှာမွေးဖွားပြီး လက်ရှိမှာတော့ အသက် ၇၉ နှစ်ရှိနေပါပြီ။

သူဖန်တီးထားတဲ့ နာမည်ကြီး animation အများကြီးရှိတဲ့အထဲက ၅ ခုလောက်ကိုမိတ်ဆက်ပေးပါမယ်။

 

My Neighbor Totoro

https://kidscreen.com/wp/wp-content/uploads/2020/01/Neighbor-Totoro.jpg

 

 

Spirited Away

https://imgc.allpostersimages.com/img/print/u-g-F4S5QZ0.jpg?w=550&h=550&p=0

 

Princess Mononoke

https://musicart.xboxlive.com/7/ac355100-0000-0000-0000-000000000002/504/image.jpg?w=1920&h=1080

 

Kiki’s Delivery Service

https://musicart.xboxlive.com/7/9f355100-0000-0000-0000-000000000002/504/image.jpg?w=1920&h=1080

 

Ponyo

https://musicart.xboxlive.com/7/ad355100-0000-0000-0000-000000000002/504/image.jpg?w=1920&h=1080

 

 

Isao Takahata ကတော့ ရုပ်ရှင် ဒါရိုက်တာတစ်ယောက်၊ ဇာတ်ညွှန်းရေးသူတစ်ယောက် ပြီးတော့ ထုတ်လုပ်သူတစ်ယောက်လည်းဖြစ်ပါတယ်။

၁၉၃၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှာ မွေးဖွားခဲ့ပြီး၊ သူဟာကျန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဧပြီလ ၅ ရက်နေ့  (အသက် ၈၅ နှစ်) မှာပဲ ဆုံးပါးကွယ်လွန်သွားခဲ့ပါတယ်။

အရည်အချင်းရှိသူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတော့ animation လောကကြီးအတွက် ကြေကွဲမှုတစ်ခုပါပဲ။

 

https://oyster.ignimgs.com/wordpress/stg.ign.com/2018/04/lif1804060006-p1_dp84.jpg

 

သူထုတ်လုပ်ခဲ့တဲ့ animation ဇာတ်ကားပေါင်းများစွာရှိတဲ့အထဲက ပရိသတ်တွေရဲ့ ရင်ကိုအထိုးနက်ဆုံးနဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါမယ်။

(火垂るの墓, Hotaru no Haka) Grave of the Fireflies

 

https://www.reporter.live/wp-content/uploads/2018/04/takahata1.jpg

 

ဆိုတဲ့ animation လေးပဲဖြစ်ပါတယ်။

ဒီ animation ကိုကြည့်ဖူးတဲ့သူတိုင်းသိကြမှာပါ။ မျက်ရည်မဆည်နိုင်ဖြစ်ရပြီး နှလုံးကြေကွဲမတတ်ခံစားရတဲ့ စစ်ပွဲအတွင်းက မောင်နှမလေး ၂ ယောက်အကြောင်းကို ဖန်တီးထားတာပဲဖြစ်ပါတယ်။

နောက်ပြီး “ Princess Kaguya” ဆိုတာကိုလည်း သူပဲဖန်တီးခဲ့တာဖြစ်ပါတယ်။

သေချာပေါက် ကြည့်လိုက်အုံးနော်!!!!

 

နောက်တစ်ယောက်ကတော့ Toshio Suzuki ဆိုသူပဲဖြစ်ပါတယ်။

သူကတော့ ဂျပန်နိုင်ငံရဲ့ အကျော်ကြားဆုံး ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်လည်း ဖြစ်ပြီး၊ Hayao Miyazaki နဲ့ နှစ်ပေါင်းများစွာလက်တွဲလုပ်ဆောင်လျက်ရှိတဲ့ ထုတ်လုပ်သူတစ်ယောက်ပေါ့။

သူကတော့ ၁၉၄၈ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှာမွေးဖွားပြီး လက်ရှိမှာတော့ အသက် ၇၁ နှစ်ရှိနေပြီဖြစ်ပါတယ်။

 

https://www.gstatic.com/tv/thumb/persons/310517/310517_v9_ba.jpg

 

 

နောက်ထပ်တစ်ဦးကတော့ Studio Ghibli ရဲ့ animation တိုင်းမှာ ဝမ်းသာမှုတွေမှာရော၊ ဝမ်းနည်းမှုတွေမှာရော ခံစားမှုတွေကို ပိုပြီးလှုပ်ရှားသက်ဝင်စေဖို့ အသံပိုင်းနဲ့ထောက်ပံ့ပေးသူပဲဖြစ်ပါတယ်။ Music composer ဂီတတေးရေးဆရာပါ။ သူကတော့ Joe Hisaishi ဆိုသူပဲဖြစ်ပါတယ်။

၁၉၅၀ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှာ မွေးဖွားခဲ့ပြီး လက်ရှိမှာတော့ အသက် ၆၉ နှစ်ရှိနေပါပြီ။

http://studioghiblimovies.com/wp-content/uploads/2019/09/47684745_1965231003526541_8590243262709628928_o2-620×350.jpg

 

 

Studio Ghibli က Spirited Away ဆိုတဲ့ animation နဲ့ Academy Award ဆုကို ၂၀၀၁ ခုနှစ်မှာရရှိပိုင်ဆိုင်သွားခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာနာမည်ကြီးနေတဲ့ Tokyo Disneyland လိုပဲ Tokyo မြို့ထဲမှာ Ghibli Museum ဆိုတာရှိပါတယ်။

၂၀၀၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က စပြီးဖွင့်လစ်ခဲ့တာ အခုဆိုရင် ၁၉ နှစ်တောင်ပြည့်ပါတော့မယ်။

 

https://img.itinari.com/pages/images/original/5122338f-0c99-452b-a696-33bb5032ee56-30-cropped-better.jpg?ch=DPR&dpr=1&w=1600&s=d265f6f638caf4e00e7fff86a803f0d1

 

 

https://media.timeout.com/images/105612146/image.jpg

 

https://www.befreetour.com/img/produk/hot-deals-early-bird-ghibli-museum-admission-ticket-in-tokyo/hot-deals-early-bird-ghibli-museum-admission-ticket-in-tokyo_d6b129fcfcb4a2f51f94f6b1c0ccf8d477cb1ebf.jpg

 

https://savvytokyo.scdn3.secure.raxcdn.com/app/uploads/2019/07/Gift-Shop.jpg

 

https://media-cdn.tripadvisor.com/media/attractions-splice-spp-540×360/09/4b/11/7a.jpg

 

Ghibli Museum ကိုသွားလည်ချင်တဲ့လူတွေအတွက်လည်း အထောက်အကူဖြစ်မယ်လို့ထင်ပါတယ်။

Studio Ghibli ရဲ့ ဆောင်ပုဒ်လေးကတော့ 『夢と狂気の王国』The Kingdom of Dreams and Madness

“အိပ်မက်နဲ့ရူးသွပ်မှုတွေရဲ့ နိုင်ငံ” ပဲဖြစ်ပါတယ်။

https://cdn.animenewsnetwork.com/hotlink/thumbnails/max300x600/cms/news/64352/madness.png.jpg

 

ဆောင်ပုဒ်အတိုင်းပဲ ငြိမ်းချမ်းတဲ့တိုင်းပြည်ကို စာဖတ်သူတို့ရောက်ရှိသွားအောင် ပို့ဆောင်ပေးနိုင်တဲ့ Studio တစ်ခုပဲဖြစ်ပါတယ်။

ဒါဆိုအခုပဲ animation လေးတွေရှာပြီးကြည့်လိုက်ရအောင်နော်!!!!

Hsu Mon

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: