ဓါတ်လှေကားနဲ့ အာကာသကို သွားကြမယ်

တစ်ချိန်ချိန်မှာ အာကာသကို သွားကြည့်ချင်တယ် လို့တွေးနေတဲ့သူများ တော်တော်များများ ရှိလိမ့်မယ်ထင်တယ်နော်။
ဒုံးပျံကိုစီးပြီး အာကာသကို သွားဖို့ဆိုရင် ို ကုန်ကျစရိတ်က တော်တော့်ကိုကုန်ကျမှာပဲ။
အဆောက်အဦးရဲ့ နက္ခတာရာကြည့်မျှော်စင်လိုမျိုး ဓါတ်လှေကားနဲ့ တက်သွားတဲ့ခေတ်‌ရောက်လာနိုင်ပါလိမ့်မယ်။

၂၀၁၆ ခုနှစ် ဂျာမနီမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခု ရှိတယ်။
အမြင့် မီတာ ၁၀၀ ခန့်ရှိတဲ့ ဝိုင်ယာ
ပြီးတော့ အဲ့ဝိုင်ယာကို ချိတ်ဆွဲထားမယ့် အရှည် 30cm ခန့်ရှိ ဓါတ်လှေကား
အမြင့်က 100m。

ဒါပေမယ့် ဒီလိုမျိုးဖြစ်ရပ်တွေ စုပုံလာစေပြီး ၂၀၅၀ ခုနှစ်မှာ 56,000km အမြင့်ရှိ တဲ့ တစ်ဆင့်လွှင့်ဌာနအထိ ဓါတ်လှေကားကို ဆက်သွယ်ကြမယ် ဆိုတဲ့ မှတ်တမ်းတင်နိုင်တဲ့ဖြစ်ရပ်က အစဖြစ်လာပါတယ်။
လက်တလောမှာတော့ 96,000km အမြင့်ရှိတဲ့ အာကာသဌာနအထိ ဓါတ်လှေကားကို ချိတ်ဆက်နိုင်တော့မယ့်ပုံပါပဲ။
ဒီလိုမျိုးဓါတ်လှေကားနဲ့သာဆိုရင်တော့ အာကာသဝတ်စုံတွေ လိုအပ်တော့မှာ မဟုတ်ဘူး။

ဒါ့အပြင် ရာသီဉတုအခြေအနေပေါ်မမူတည်တဲ့ နေရောင်ခြည်သုံး ဓါတ်အားပေးစက်များလည်း သုံးနိုင်လာမယ်။ ဒုံးပျံတွေကို ကမ္ဘာမြေပြင်ကနေ ပစ်တင်ပြီး ရောက်စေတဲ့နည်းပညာရော လောင်စာရော မလိုအပ်တော့ဘူး။

ဒုံးပျံတွေလည်း ပုံစံတွေ သေးလာပြီး ပိုပြီး ဝေးဝေး အာကာသထဲကို ပျံသန်းနိုင်ဖို့ လောင်စာတွေကိုအများကြီး စုဆောင်နိုင်လာလိမ့်မယ်။

ဓါတ်လှေကားနဲ့ အာကာသထဲဌာနထိသွားကာ ဒုံးပျံပြောင်းစီးပြီး လပေါ်အထိ သွားလာမယ်။ ခရီးတွေက ဘယ်လောက်ဝေးဝေး မဝေးတော့တဲ့ အနာဂါတ် အကောင်အထည်ပေါ်လာ တော့မှာပါ။

ဂျပန်နိုင်ငံရဲ့ ဆောက်လုပ်ရေးကုမ္ပဏီကြီး OBAYASHI CORPORATION မှ ပျော်စရာကောင်းတဲ့ အနာ ဂါတ် ကို တည်ဆောက်ဖို့ ကြိုးစားလျက်ရှိပါတယ်။

http://www.obayashi.co.jp/english/special/2014110424.html
ဘယ်လိုမျိုးအနာဂါတ်ဖြစ်လာမလဲဆိုတာကိုတော့ စိတ်ဝင်စားရင်တော့ လင့်လေးကိုကြည့်လိုက်နော်။

ကိုးကား
http://www.obayashi.co.jp/

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: