Cat Cafe လိုမျိုး Pig Cafe

မြန်မာနိုင်ငံရဲ့ ရန်ကုန်မြို့မှာ Cat Cafe ဆိုတာကအရမ်းကိုနာမည်ကြီးနေပါတယ်။

ဒါကိုစပြီးလုပ်ခဲ့တဲ့ ဂျပန်နိုင်ငံက နောက်ထပ်တစ်မျိုး ထပ်ထွင်ဖို့လုပ်ခဲ့ပါတယ်။

ဒီတစ်ခါမှာတော့ Pig Cafe ပဲဖြစ်ပါတယ်။

https://irorio.jp/nagasawamaki/20190118/512214/

 

တိုကျိုမြို့ရဲ့ 目黒 မဲဂုရိုမှာ ဖွင့်လှစ်ခဲ့တဲ့ mipig Café ကနေ ၊ ချစ်စရာကောင်းတဲ့ဝက်ကလေးတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ကော်ဖီဆိုင်လေးဆိုပြီးတော့ ၃ လပိုင်း ၁ရက်နေ့မှာဖွင့်လှစ်ဖို့ စီစဥ်နေပါတယ်။

ဒါနဲ့နေပါဦး……..ဝက်ဆိုတော့ အကြီးကြီးနဲ့ချစ်စရာကောင်းပါ့မလား ? လို့စာဖတ်သူတို့ တွေးမိလိုက်တယ်ဟုတ် ? ? ?

အရင်ဦးဆုံး အနံ့အသက်တွေ ကင်းဖို့အတွက် သန့်ရှင်းရေးတွေလုပ်ပေးရပါတယ်။

အရွယ်အစားကတော့ …..

 

https://pepy.jp/16107

 

ဒီအရွယ်လေးပါပဲ……

 

Mini Pig တွေက အရင်ကတည်းကရှိပေမယ့်လည်း တော်တော်လေးကြီးနေသေးတာကြောင့် ဒီထက်ပိုပြီးသေးငယ်တဲ့ Micro pig လေးတွေကို မွေးမြူခဲ့ပါတယ်။

ခန္ဓာကိုယ်အရွယ်အစားက ၃၀ ကနေ ၅၀ စင်တီမီတာလောက်ရှိပြီးတော့ ခန္ဓာကိုယ်အလေးချိန်က ၁၅ ကနေ ၄၀ ကီလိုဂရမ်လောက်လေးပါတယ်။

 

အသက်ရှင်နိုင်တဲ့ သက်တမ်းကတော့ Mini Pig ကနေမပြောင်းလဲသေးတဲ့အတွက် ၁၀ နှစ်ကနေ ၁၅ နှစ်လောက် အသက်ရှင်နိုင်တာကြောင့် ခွေးတွေနဲ့အတူတူလောက်ပါပဲ။

နောက်ထပ်အမျိုးအစားအသစ်တစ်ခုက အစာတွေအများကြီးကျွေးမယ်ဆိုရင် အရွယ်အစားကြီးလာမယ်ဆိုတဲ့ ပြဿနာရှိနေပေမယ့်…..

 

ခွေးတွေကြောင်တွေလိုမျိုးမဟုတ်ဘဲ Allergies ပြဿနာတွေလည်းနည်းပြီးတော့  နောက်တစ်ခုက အော်သံတွေနဲ့ဆူညံနေတာတွေလည်းမရှိပါဘူး။

ဒီလိုဝက်ကလေးတွေနဲ့အတူ အောက်မှာပြထားတဲ့ ပုံအတိုင်းအနားယူနိုင်ပါတယ်။

https://irorio.jp/nagasawamaki/20190118/512214/

 

ဘယ်လိုလဲချစ်ဖို့ကောင်းတယ်မလား…… ?

မြန်မာနိုင်ငံမှာလည်း Pig Cafe ရှိလာမလားဆိုတာ မသိနိုင်ဘူးနော် …….

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: