အကောင်းစား Camper ကားမပိုင်ဆိုင်ရရင်နေပါစေ။ သူ့ကိုပဲစိတ်ကြိုက်ပြန်ပြင်ဆင်ပြီး ကိုရိုနာကိုကျော်ဖြတ်မယ်။

ကားထဲမှာအိပ်ယာလည်းပါသလို မီးဖိုချောင်လည်းပါတယ်။
အမေရိကမှာတော့ အနုပညာရှင်တွေက Camper ကားအကြီးစားတွေဝယ်စီးကြပေမဲ့၊အဲ့လောက်အကြီးစားမဟုတ်ဘဲ နည်းနည်းဆိုရင်ရော အားကျစရာမကောင်းဘူးလား?

 

https://dime.jp/genre/1040435/

 

လူတွေမရှိတဲ့နေရာအထိသွားပြီး အေးအေးဆေးဆေးကားအပြင်ဘက်မှာလေညင်းခံရင်း ညရောက်ရင်တော့ ကားထဲမှာအိပ်မယ်။
ဟိုတယ်မရှိတဲ့နေရာပဲဖြစ်ဖြစ် ဘယ်နေရာပဲဖြစ်ဖြစ်အဆင်ပြေပြီး၊ လူတွေရဲ့အာရုံကိုလည်းကရုစိုက်စရာမလိုတာက သူ့ရဲ့ဆွဲဆောင်မှုတစ်ခုပါပဲ။
ဟိုတယ်ခပေးစရာမရှိလို့ ဈေးသက်သာတဲ့ခရီးကိုပဲရွေးလိုက်ရတာမျိုးရှိပါတယ်။ ဒါပေမဲ့ Camper ကားလေးတစ်စီးရှိထားမယ်ဆိုရင်ရော….

အရင်ကတည်းကရှိပြီးသားနာမည်ကြီး Camper ကားတွေက လက်ရှိကိုရိုနာသက်ရောက်မှုကြောင့် တစ်ကျော့ပြန်ရေပန်းစားလာပါပြီ။
သူတို့ကြွားကြတဲ့သူတို့ Camper ကားတွေကို ကြည့်ရအောင်…

 

ဒီကားကို အပြင်ကနေကြည့်ရင်တော့ အဲ့ဒီလောက်သိပ်မကျယ်ဘူးလို့ထင်ရတယ်နော် .. ဒါပေမဲ့ အထဲကိုကြည့်လိုက်တဲ့အခါ…

Living room လည်းရှိတယ်။
နောက်ပြီး ပါတီလည်းလုပ်နိုင်မယ်မထင်ဘူးလား?

အိပ်ယာအောက်မှာ ရေခဲသေတ္တာလည်းပါတယ်။
ဘီယာတွေထည့်ပြီး အအေးခံထားလို့ရတယ်နော်…

တခြားကားကိုလည်းကြည့်ရအောင်…

အပြင်ကနေကြည့်ရုံနဲ့တော့မသိနိုင်ပေမဲ့ အထဲကိုကြည့်လိုက်တဲ့အခါ ….

အင်.. ဒီဟာ..
This is JAPAN
ဒီလိုအသုံးအဆောင်ပစ္စည်းနဲ့ဆို ဆောင်းတွင်းလည်းပျော်ပျော်ပဲခရီးသွားနိုင်မယ်နော်..

နောက်ထပ်နည်းနည်းကြီးတဲ့အရာကိုလည်း မိတ်ဆက်ပေးပါမယ်။

သုံးပြီးသားမီနီဘတ်စ်ကို အသစ်ပြုပြင်လိုက်တာဖြစ်ပါတယ်။ သို့သော် သေးတယ်ဆိုပေမဲ့အထင်သေးလို့မရအောင် သေသေချာချာလေးအသုံးပြုနိုင်တဲ့ မီးဖိုချောင်တောင်တွဲပါနေတယ်။

 

ပိုပြီးအံ့သြစရာကောင်းတာက အိပ်ယာကို ၂ ခုတောင်ခွဲထားလို့ရတယ်တဲ့ ….
အိမ်လောက်နီးနီးပါပဲ။

မီးဖိုချောင်လေးကလည်း ညှပ်ပြီးပါနေတယ်။
ဒါကအနောက်ဘက်ခြမ်းကအိပ်ယာ..

၃၂ လက်မTVတောင်ရှိတယ်ဆိုတော့ TV နဲ့မီတင်တွေလုပ်နိုင်တဲ့အပြင် ဂိမ်းလည်းအေးအေးဆေးဆေးဆော့နိုင်ပါတယ်။

နောက်ပြီး အရှေ့ဘက်မှာအိပ်ခန်းတစ်ခုလည်းပါသေးတယ်,,,


ဒီနေရာမှာ ပြတင်းပေါက်ကြီးတစ်ခုလည်းလုပ်ထားတယ်။

နောက်ထပ်ပြောင်းလဲသွားတဲ့ Camper ကားကိုရှာတွေ့ပါပြီ။

ချွေးထုတ်ခန်းနဲ့တောင် ဆင်နေသလားလို့..
ဒီတစ်ခုကိုတော့ တော်တော်လေးအံ့သြသွားရပါတယ်။ ဒါပေမဲ့ ချွေးထုတ်ခန်းလုပ်ဖို့သူစိတ်ကူးခဲ့မှာမဟုတ်ပါဘူး။ စိတ်ကူးကောင်းတဲ့လူပဲနော်…

အသုံးပြုပြီးသားကားကိုဝယ်ပြီး Camper ကားအဖြစ် မိမိစိတ်ကြိုက်ပြန်ပြုပြင်ကြတယ်။
‌နောက်ပြီးကားလေးကိုစီးပြီးအပြင်ထွက်ရင်း သဘာဝတရားထဲမှာအေးဆေးသက်သာစွာနဲ့ဖြတ်သန်းရတာလည်း စိတ်ဝင်စားစရာတစ်မျိုးပါပဲ။
‌ဈေးကြီးပြီးအကောင်းစား Camper ကားတွေကလည်းကောင်းပေမဲ့၊ ဈေးသက်သက်သာသာနဲ့ မိမိစိတ်ကြိုက်ပြန်ပြင်ဆင်တာကိုကြိုက်နှစ်သက်သူတွေအတွက်တော့ ဒီလိုနည်းလမ်းကအကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: