TOYOTA ကနေထုတ်လုပ်မယ့် လကမ္ဘာစူးစမ်းရှာဖွေရေးကား

ကားစက်မှုဇုံတွေအမြောက်အများတန်းစီနေတဲ့ ကားကုမ္ပဏီတွေအများကြီးရှိပါတယ်။

အဲ့ဒီထဲမှာမှ TOYOTA ကားကုမ္ပဏီကြီးက ယန်း 397,0490,000,000 တန်ကားကိုလည်း ထုတ်လုပ်ထားပါတယ်။

၂၀၁၇ ခုနှစ်မှာ အဆင့်သတ်မှတ်ချက်အနေနဲ့ စျေးကွက်တစ်ခုလုံးမှာ ကမ္ဘာ့နံပါတ် ၃ အနေနဲ့ အရောင်းရဆုံးဖြစ်ပါတယ်။

နောက်ပြီးတော့ Brand အနေနဲ့ပဲပြောရမယ်ဆိုရင် TOYOTA က ကမ္ဘာ့နံပါတ် ၁ နေရာမှာရပ်တည်နေပါတယ်။

ဒီကုမ္ပဏီရဲ့အရင်းအမြစ်က 豊田自動織機(とよたじどうしょっき)တိုရောတဂျိဒိုးရှော့ခိဆိုတဲ့အဖွဲ့အစည်းကိုဖွဲ့စည်းပြီး စက်ပစ္စည်းတွေထုတ်လုပ်ရာက စတင်ခဲ့တာဖြစ်ပါတယ်။

TOYOTA ကနေ စစချင်းထုတ်လုပ်ခဲ့တဲ့ကားက ဒီကားပါ။

၁၉၃၆ ခုနှစ်မှာ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

အခုလက်တွေ့မှာ အားလုံးသိကြတဲ့အတိုင်း ကုမ္ပဏီကြီးတစ်ခုအနေနဲ့ တိုးတက်လာခဲ့ပါတယ်။

လတ်တလောမှာ Hybrid car၊ ဂျပန်နိုင်ငံရဲ့သီးသန့်စက်မှုပညာနဲ့ ဟိုက်ဒရိုဂျင်ကိုအသုံးပြုပြီး လောင်စာအနေနဲ့အသုံးပြုရတဲ့ကားတွေကို ထုတ်လုပ်ထားပြီး ကမ္ဘာ့ကားစက်မှုလုပ်ငန်းတွေရဲ့ ရှေ့ဆုံးမှာဦးဆောင်နေပါတယ်။

TOYOTA က နောက်တစ်မျိုးကိုလည်း ထုတ်လုပ်ဖို့ရည်ရွယ်ထားပါတယ်။

ဒါကတော့ ဒီကားကို နောက်မျိုးဆက်သစ်မှာထုတ်လုပ်ဖို့ရည်ရွယ်နေတာဖြစ်ပါတယ်။

https://www.cnn.co.jp/tech/35134173.html

၆ ဘီးပါတဲ့ Off road car ပဲဖြစ်ပါတယ်။

ဒါကို ပေါ့သေးသေးကားလို့မမှတ်လိုက်ပါနဲ့နော်။

ဒီကားက လကမ္ဘာစူးစမ်းရှာဖွေရေးအတွက် ထုတ်လုပ်မယ့်ကားဖြစ်ပါတယ်။

အရှည်ကတော့ ၆ မီတာရှည်ပြီး Microbus နှစ်စီးစာလောက်ကြီးပါတယ်။

ယာဥ်မှူးနှစ်ယောက်မောင်းနှင်ကာ လကမ္ဘာပေါ်မှာ အခြေချပြီး ကားထဲမှာတော့ အာကာသဝတ်စုံကိုဝတ်ပြီးနေထိုင်နိုင်မှာဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်မှုမှာ ထည့်သွင်းသွားမယ့် TOYOTA ရဲ့နည်းပညာက လောင်စာအနေနဲ့ ဘက်ထရီကိုထည့်သွင်းသွားမှာဖြစ်ပါတယ်။

တခြားနိုင်ငံတွေမှာလည်းအလားတူပဲ ယာဉ်တွေကို ဘက်ထရီနဲ့မောင်းနှင်လာကြပါပြီ။

ဘက်ထရီနဲ့မောင်းတဲ့ကားတွေက ခရီးသွားနိုင်တဲ့အကွာအဝေးတိုပြီး အားသွင်းရတဲ့အချိန်လည်းကြာပါတယ်။

ဟိုက်ဒရိုဂျင်ကိုအသုံးပြုခဲ့တာက ဘက်ထရီလိုအားသွင်းစရာမလိုဘဲ့ 10,000km ခရီးဝေးမောင်းနှင်နိုင်ပြီး အလေးချိန်လည်းမရှိတာကြောင့် ချက်ချင်းနဲ့ မြန်မြန်ဆန်ဆန်မောင်းနှင်နိုင်ပါတယ်။

ဒီလိုလောင်စာနဲ့သုံးလို့ရတဲ့နည်းပညာရှိတာက ကမ္ဘာမှာ TOYOTA တစ်ခုထဲပါပဲ။

ကမ္ဘာမြေကြီးပေါ်မှာ လျှပ်စစ်ကားတွေကအဓိကအနေနဲ့ဖြစ်လာတဲ့ထဲမှာမှ လောင်စာတွေပြတ်တောက်သွားရင်ဘယ်လိုလုပ်မလဲလို့ တွေးမိလိုက်ရင် မမျှော်လင့်ထားတဲ့ နေရာကနေအသုံးပြုဖို့နည်းလမ်းကိုရရှိခဲ့ပါတယ်။

ကမ္ဘာကြီးရဲ့ TOYOTA ကနေ အာကာသရဲ့ TOYOTA ဖြစ်လာပါတော့မယ်။

အိမ်မက်မက်နေသလိုဆိုပေမယ့် ပျော်ရွှင်စရာတစ်ခုအနေနဲ့ စောင့်မျှော်မိပါတယ်။

ဒီကားကို ၂၀၂၉ မှာထုတ်လုပ်ဖို့အတွက်ရည်ရွယ်ထားပါတယ်။

ဂျပန်နိုင်ငံက အဲ့ဒီအချိန်ရောက်ရင် လူတွေကို လကမ္ဘာပေါ်တောင်ပို့တော့မှာပါလား…..

ဒါကလည်း အာကာသကိုတိုးချဲ့ဖို့အတွက် ခြေလှမ်းကြီးတစ်ခုပဲနော်

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: