ရုတ်တရက်အမျိုးသမီးတစ်ယောက် အသတ်ခံခဲ့ရတဲ့အမှုဖြစ်ပွားခဲ့တယ်။ ဂျပန်လည်းအန္တရာယ်ရှိနေပြီလား?

နို၀င်ဘာ ၁၆ ရက်နေ့ Shibuyaရဲ့ Hatagaya တွင်မှုခင်းတစ်ခုဖြစ်ပွားခဲ့ပြီး Misako Obayashi (၆၄ နှစ်) ဆိုတဲ့အမျိုးသမီးက သူစိမ်းအမျိုးသားတစ်ဦး၏ရိုက်နှက်သတ်ဖြတ်ခြင်းခဲ့ရပါတယ်။

https://mainichi.jp/articles/20201122/k00/00m/040/219000c

 

သူမက ရုံဘတ်စ်ကားမှတ်တိုင်မှာထိုင်နေတာပါ။
ပထမဦးဆုံးပုလင်းဖြင့်ရိုက်နှက်ခံရပြီး ထပ်မံကျောက်တုံးဖြင့်ထုရိုက်ခံရကာ .. ..သူ့မကိုချက်ချင်းဆေးရုံသို့ခေါ်ဆောင်သွားခဲ့သော်လည်း ဦးခေါင်း၌ ပြင်းထန်စွာဒဏ်ရာရမှုကြောင့် သေဆုံးခဲ့ရပါတယ်။သူမမှာ ၈ယန်းသာရှိပြီး Business ကတ်ပြားအရွယ်ရှိတဲ့မှတ်စုတစ်ခုသာရှိပါတယ်။
မှတ်စုတိုမှာလည်း ဆွေမျိုးသားချင်းများနှင့်ဆက်သွယ်ရန်အချက်အလက်များနှင့်သာပြည့်နေပါတယ်။Obayashi ဟာ လမ်းပေါ်တွင်နေထိုင်သူဖြစ်ခဲ့ပုံရပါတယ်။
အထက်ပါပုံကတော့ Obayashiရဲ့ မောင် ဆုတောင်းနေတဲ့ပုံဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ Obayashi ကသူ့မောင်နှင့်မိဘများအတွက်ခရစ်စမတ်ကဒ်တစ်ခုပို့ခဲ့တယ်လို့ဆိုပါတယ်။ထို့နောက်ပိုင်း သူမဟာမောင်ဖြစ်သူနှင့်အဆက်အသွယ်မရရှိခဲ့တဲ့အတွက် လမ်းပေါ်တွင်နေထိုင်သူဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့မိဘူးလို့ဆိုပါတယ်။ အချိန်တွေကြာပြီးနောက်မှ ပြန်လည်ဆုံဆည်းမှုဟာ ထိုကဲ့သို့သောဝမ်းနည်းဖွယ်ပုံစံဖြစ်လာပါတယ်။ ဒီအမှုကိုအမှုဖွင့်ခဲ့ပြီး ရာဇ၀တ်သားကို ဖမ်းဆီးရမိခဲ့ပါတယ်။

 

http://blog.livedoor.jp/dqnplus/archives/2004523.html

 

အသက် ၄၆ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပါတယ်။
သူဟာသူ့အမေနဲ့အတူ ရဲစခန်းကိုလိုက်လာပါတယ်။သူပြောခဲ့တဲ့စကားကတော့

“ဒီလောက်အကြီးကြီးဖြစ်လာလိမ့်မယ်လို့ မတွေးမိခဲ့ဘူး။”

လူတစ်ယောက်လုံးကိုသတ်ပြီးမှပြောတဲ့ စကားက ဒီလိုစကားလား? အမေကရဲကိုတိုင်လိုက်လို့လာခိုင်းတာဖြစ်နိုင်တယ်။အသက် ၄၆ နှစ်ရောက်နေပြီ ငါလုပ်ခဲ့တာအတွက်ငါတာ၀န်မယူလို့မရဘူး။

ဒီရာဇ၀တ်သားဟာ မည်သူမည်ဝါဖြစ်ကြောင်းထုတ်ဖော်ပြောကြားခြင်းမရှိသေးသော်လည်း သူဟာလူဆိုးဂိုဏ်းဝင်အရာရှိမဟုတ်ပဲ သာမန်တိတ်တဆိတ်နေထိုင်ခဲ့သူဖြစ်ပါတယ်။ အိမ်နီးချင်းများအဆိုအရ သူမနှစ်သက်တဲ့အရာတစ်ခုခုရှိခဲ့စဉ်က ဆိုင်များနှင့်အခြားနေရာများတွင်သူအော်ဟစ်ခဲ့တယ်လို့ဆိုပါတယ်။ ဘယ်နေရာမှာမှ အထိမခံနိုင်တဲ့ဒေါသနဲ့ အားနည်းနေတဲ့လူကိုရိုက်နှက်ပြီး ဘယ်တော့မှမလုပ်သင့်တဲ့အရာကိုလုပ်တဲ့လူတစ်ယောက်။

လွန်ခဲ့တဲ့ ၁၀ နှစ်၊ နှစ် ၂၀ အတွင်းမှာ ဂျပန်ကတစ်မျိုးကြီးဖြစ်လာတယ်လို့ထင်ခဲ့ပေမဲ့ Corona ကြောင့် ပိုပြီးအရှိန်မြင့်လာတယ်လို့ကျွန်တော်ထင်ပါတယ်။ ဂျပန်ကိုလာဖို့ပြင်နေတဲ့သူတွေ၊ ဂျပန်မှာရှိတဲ့သူတွေ. . .
ဒီမြို့ဟာ အရမ်းကိုလုံခြုံပြီး စိတ်ချရသောမြို့မဟုတ်ကြောင်း သတိထားကြပါလို့ပြောချင်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: