ဂျပန်နိုင်ငံရဲ့အလန်းစားအမြန်လမ်းများ

အမြန်လမ်းမကြီးတွေဟာ ဝေးတဲ့နေရာတွေကိုရောက်ရှိဖို့ တစ်နေရာနဲ့တစ်နေရာ သွားလာချိတ်ဆက်တဲ့ နေရာမှာ အရမ်းကိုအရေးပါပါတယ်။

ဂျပန်နိုင်ငံမှာတော့ တောင်တန်းကြီးတွေနဲ့ မြို့လေးတွေရဲ့ကြားထဲမှာ သွားလာတဲ့မှာ အခက်အခဲမရှိဘဲ နည်းပညာမြင့်မြင့်နဲ့ အမြန်လမ်းမကြီးတွေကို အင်ဂျင်နီယာကြီးတွေက ဆောက်လုပ်ပေးထားပါတယ်။

http://www.spoon-tamago.com/wp-content/uploads/2019/03/highway-interchange-1.jpg

ဒီပုံကတော့ ဂျပန်နိုင်ငံရဲ့ Takaosan Interchange ကနေရိုက်ကူးထားတဲ့ အမြန်လမ်းရဲ့ပုံဖြစ်ပါတယ်။

အရမ်းမိုက်တယ်နော်……….

အဲ့ဒီနေရာကတော့ ဂျပန်နိုင်ငံရဲ့အနောက်ဘက်ပိုင်းမှာရှိပြီး ၂၀၁၂ ခုနှစ်တုန်းက ဆောက်လုပ်ပြီးစီးခဲ့တာ ဖြစ်ပါတယ်။

လမ်းကြောင်း ၁၂ ကြောင်းရှိပြီး ခရိုင် ၂၀ နဲ့ ဆက်သွယ်ထားပါတယ်။

နောက်ပြီး ဂျပန်နိုင်ငံရဲ့အင်ဂျင်နီယာတွေဟာ တောင်တန်းတွေကြားထဲမှာတင် လှပတဲ့လမ်းတံတားတွေကို လှလှပပဆောက်လုပ်ထားတာမဟုတ်ဘဲ အဆောင်အဦတွေရှိတဲ့နေရာမှာတောင် သွားလာရလွယ်ကူဖို့ အတွက် ဆောက်လုပ်ထားတဲ့ လမ်းတံတားတွေဟာ တကယ်အံ့သြစရာကောင်းလောက်အောင် လက်ရာမြောက်လွန်းလှပါတယ်။

အဲ့ဒီတံတားကတော့ အဆောက်အဦပုံစံမျိုးထဲကို ဝင်ရောက်သွားပြီး ပြန်ထွက်လာရတဲ့ပုံစံနဲ့ ဆောက်လုပ်ထားတာဖြစ်ပါတယ်။

ဘယ်လိုမျိုးလဲဆိုတာကို ပုံထဲမှာဖွင့်ကြည့်လိုက်ပါနော်။


http://www.spoon-tamago.com/wp-content/uploads/2019/03/highway-interchange-4.jpg


http://www.spoon-tamago.com/wp-content/uploads/2019/03/highway-interchange-5.jpg

အဲ့ဒီနေရာကိုတော့ Ohashi Junction လို့ခေါ်ပါတယ်။

ဒီတံတားကြီးက အဆောက်အဦတစ်ခုလိုလိုနဲ့ အထဲကိုဝင်ရောက်ပြီးမောင်းနှင်ရတာကြောင့် အံ့သြစရာကောင်းပြီး ဂျပန်နိုင်ငံရဲ့နည်းပညာနဲ့ အင်ဂျင်နီယာတွေကို ချီးကျူးရမှာဖြစ်ပါတယ်။

အထဲကိုဝင်ပြီးမောင်းတဲ့အခါမှတော့…….

https://youtu.be/VZFihgCuDOk

တောင်တွေ၊ ဂူတွေ ကြားထဲကိုဖြတ်ရသလို ပါပဲနော်။

ဒီနေရာကို လူတိုင်းကနှစ်သက်ကြပြီး ၂၀၁၃ ခုနှစ်မှာ ဒီဇိုင်းအကောင်းဆုံးဆုကို ရရှိခဲ့ပါတယ်။

သူ့ရဲ့အရှည်က ပေ ၂၆၀ အရှည်ရှိပြီး အဆောက်အဦထဲမှာ နှစ်ပတ်လောက်ပတ်ထားတဲ့ပုံစံဖြစ်ပါတယ်။

အဲ့ဒီအဆောက်အဦကြီးဟာ တိုကျိုမြို့လည်ခေါင်မှာရှိတာကြောင့် အင်ဂျင်နီယာတွေဟာ လဲပြိုပျက်စီးတာတွေမရှိအောင် နည်းပညာတွေအမျိုးမျိုးကိုပေါင်းစပ်ခဲ့ပြီး ဆောက်လုပ်ခဲ့ကြပါတယ်။

နောက်တစ်ခုထူးခြားတာကတော့ အဲ့ဒီအဆောက်အဦရဲ့ ခေါင်မိုးထပ်ကို ရောမရဲ့ Colosseum ပုံစံ ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။

နောက်ပြီး Kiyosu နဲ့ Misato ဆိုတဲ့ အမြန်လမ်းတွရှိပါသေးတယ်။

http://www.spoon-tamago.com/wp-content/uploads/2019/03/highway-interchange-3.png


http://www.spoon-tamago.com/wp-content/uploads/2019/03/highway-interchange-2-1.png

ဒီလိုအမြန်လမ်းတွေရှိနေတာက ဂျပန်နိုင်ငံအတွက် အရမ်းကိုအဆင်ပြေပြီး လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေးတွေကို ပိုပြီးတော့တိုးတက်အောင်မြင်စေပါတယ်။

ဒါ့အပြင် ဒီလမ်းတွေဟာ ဂျပန်နိုင်ငံရဲ့ အလှတရားတစ်ခုအနေနဲ့တောင်တင်စားလို့ရပြီး နည်းပညာဘက်ကနေကြည့်ရင်လည်း ကမ္ဘာ့နံပါတ်တစ်ဖြစ်နေတာကို သိနိုင်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ဒီလိုလမ်းမျိုး ဘယ်တော့ရှိလာမှာပါလိမ့်နော်……

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: