ရည်းစားနဲ့ဒိတ်တာမျိုးတောင် မလုပ်ကြတော့တဲ့ ဂျပန်လူငယ်တွေ။ ဂျပန်ကအဆင်ပြေရဲ့လား?

ရည်စားမထားတဲ့ လူငယ်လူရွယ်တွေများလာတဲ့ ဂျပန်အကြောင်းကိုသိထားကြမယ်လို့ ထင်ပေမယ့်၊ စစ်တမ်းတွေအရတော့ အသက် ၂၀ ကျော်အရွယ် ယောကျ်ားလေး ၄၀% လောက်ဟာ ချိန်းတွေ့တဲ့အတွေ့အကြုံတောင် မရှိကြဘူးလို့ ဆိုပါတယ်

ပိုပြီး အံ့ဩစရာကောင်းတာက အသက် ၂၀ ကျော်အရွယ် မိန်းကလေး ၅၀%၊ ယောကျ်ားလေး ၇၀% က ရည်းစားရော လက်ထပ်ဖို့တွေ့ကြတာမျိုးပါ မရှိတာပါပဲ

 

ဘယ်လိုစဥ်းစားစဥ်းစား မွေးနှုန်း ကျဆင်းတာဆက်ဖြစ်မယ်၊ သက်ကြီးရွယ်အို များလာမယ့် ဂျပန်နိုင်ငံပါပဲ

လူငယ်တွေက ဘာတွေစဥ်းစားပြီး၊ ဘာကို လိုချင်ကြတာပါလိမ့်?

အကြောင်းအရင်းကတော့ ရေရှည်စီးပွားရေး တုံ့ဆိုင်းသွားခြင်းပါပဲ။

ဘာပဲလုပ်လုပ် ကြီးကြီးမားမား မမြတ်ဘူး၊ ဒါကြောင့် လုပ်ချင်တဲ့အလုပ်လည်း မရှိဘူး။

 

အလုပ်ကိုသေသေချာချာလုပ်လည်း လစာကတက်မလားဘူးဆိုတော့၊ ကိုယ်ပိုင်အချိန်ကို အလေးထားချင်တယ်

 

ရည်းစားထားရင် ပိုက်ဆံကုန်ဦးမယ်

ဆိုတော့ မလိုချင်ဘူး

ကလေး? ပိုတောင်ပိုက်ဆံကုန်ဦးမယ်? မလိုချင်ဘူး

ဒီအခြေအနေကို သေချာမကိုင်တွယ်နိုင်တဲ့ ဂျပန်အစိုးရ

ရလဒ်အနေနဲ့ စစ်တမ်းထွက်လာပါတယ်

ကမ္ဘာပေါ်က ပျမ်းမျှသက်တမ်းက 30.9 နှစ်ဖြစ်ပြီး ဂျပန်ရဲ့ ပျမ်းမျှသက်တမ်းက 48.4 နှစ်ဖြစ်ပါတယ်

သက်ကြီးရွယ်အိုပိုများနေတာ အမှန်ပါပဲ

 

တစ်ဖက်မှာလည်း ပျမ်းမျှသက်တမ်းအနေနဲ့ အမျိုးသားက 81.64 နှစ်၊ အမျိုးသမီးက 87.74 နှစ်

စံချိန်တင် အမြင့်ဆုံးပါပဲ

ကမ္ဘာမှာအမြင့်ဆုံး ဆံချိန်လည်းဖြစ်ပါတယ်

 

တစ်နည်းအားဖြင့် ငယ်ရွယ်သူက နည်းပါးလာပြီး၊ အသက်ကြီးတဲ့သူတွေက ပိုပိုများလာတာကြောင့်၊ နိုင်ငံတစ်ခုအနေနဲ့ မတည်ဆောက်နိုင်တဲ့ အနေအထားကို ရောက်တော့မှာပါ

တကယ်က ရောက်တောင်နေပါပြီ

 

ဒီလိုအခါမျိုးမှာ တခြားနိုင်ငံဆိုရင်တော့ နိုင်ငံရပ်ခြားကတေ နေထိုင်သူတွေကို လက်ခံကြမာဖြစ်ပေမယ့်၊ ကျွန်းနိုင်ငံဖြစ်ပြီး နိုင်ငံခြားသားနဲ့ အပ်စပ်အောင်မနေတတ်တဲ့ ဂျပန်မှာတော့ လက်ခံဖို့က ခဲယဥ်းပါသေးတယ်

 

နှစ် ၃၀ကြာပြီး‌နောက်၊ ဒါမှမဟုတ် နောက် ၁၀ နှစ်နေတဲ့အခါမှာ  ဘယ်လိုမျိုးဖြစ်မှာပါလိမ့်?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: