လေထိုးဖို့မလိုတဲ့ တာယာ?

ဂျပန်နိုင်ငံ ထိပ်တန်းတာယာအမှတ်တံဆိပ် Bridgestone က လေထိုးဖို့မလိုတဲ့ တာယာကို စမ်းသပ်နေတယ်လို့ဆို
Bridgestone ရဲ့ကြေညာချက်အရ synthetic resin ကိုအသုံးပြုထားပြီး လိုက်လျောညီထွေဖြစ်စေဖို့နဲ့ တာယာအတွင်းရွေ့လျားမှုကို ထိန်းထားနိုင်တယ်လို့ဆိုပါတယ်။
Bridgestone ရဲ့ပြောကြားချက်အရ လေထိုးစရာမလိုတဲ့တာယာတွေမှ သမားရိုးကျ တာယာများထက် ထူးထူးခြားခြား အားသာချက်များစွာရှိတယ်လို့ဆိုပါတယ်။ ဖောက်လို့မရနိုင်တာ၊ လေတင်းတာမျိုးမရှိတာ သို့မဟုတ် ကွဲထွက်တာမျိုးမရှိတာတွေပဲဖြစ်ပါတယ်။ တာယာဘေးအကာတစ်ဝိုက်မှာ ပါတဲ့ အထူးဖွဲ့စည်းထားတဲ့ ပလပ်စတစ်အမျိုးအစားက ပုံလိုက်ပြောင်းပြီး ကိုယ်ထည်အလေးချိန်ကို ထောက်ပံ့ပေးနိုင်ပြီး ထိခိုက်မှုကိုလည်း သက်သာအောင်လုပ်ပေးနိုင်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဒီတာယာအမျိုးအစားဟာ တာယာ၏အပြင်ဘက်ပိုင်း ပြင်းထန်စွာပျက်စီးမသွားသ၍ ကြိမ်ဖန်များပြန် ပြန်သုံးလိုရတာကြောင့် ပတ်ဝန်းကျင်အတွက်လည်း အထောက်အကူဖြစ်ပါတယ်။
Bridgestone ဟာ Idemitsu Kosan ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ဒီလေမဲ့တာယာကို လျှပ်စစ်ကားများပေါ်မှာ စမ်းသပ်တပ်ဆင်ကြည့်နေပါတယ်။
Idemitsu Kosan ရဲ့ အထွေထွေမန်နေဂျာ Akira Oishi က “ Bridgestone က ထုတ်လုပ်တဲ့ လေမဲ့တာယာရဲ့ သဘောတရားက သဘာဝပတ်ဝန်းကျင်နဲ့ အလွန်ကိုက်ညီတယ်လို့ ယုံကြည်ပါတယ်။ ထိုးဖောက်လို့မရတဲ့ တာယာဖြစ်တာကြောင့် မောင်းနေရင်း ထိုးရပ်သွားမည့်အန္တရာယ်ကို လျှော့ချနိုင်ပြီး အနာဂတ်မှာ ယာဉ်မောင်းများအတွက် အသုံးဝင်မှုတန်ဖိုး တိုးလာမယ်လို့ မျှော်လင့်ပါတယ်” လို့ပြောခဲ့ပါတယ်။
အရင်းအမြစ်- Bridgestone
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: