ဆုတောင်းတွေပြည့်မပြည့်သိနိုင်တဲ့ ထူးဆန်းတဲ့ကျောက်တုံး

ကျိုတိုမြို့(京都)၏ အထင်ကရခရီးသွားနေရာတစ်ခုဖြစ်တဲ့ ဖူရှိမိ အိနရိတအိရှ

(伏見稲荷大社(ふしみいなりたいしゃ)) ဆိုတဲ့နေရာကို သိပါသလား။

 

ဒီပုံကို တော်တော်များများတွေ့ဖူးကြမယ်ထင်တယ်နော်။ 

 

 

နတ်ဘုရားတွေနေတဲ့ နတ်ကွန်းနဲ့ လူသားတွေနေတဲ့ ကမ္ဘာကြီးအကြားနယ်နိမိတ်ခြားထားတာကို တိုရိအိ(鳥居(とりい))လို့ခေါ်တဲ့ အနီရောင်တိုင်လုံးတွေနဲ့ခြားထားပါတယ်။

 

ဖူရှိမိ အိနရိတအိရှ(伏見稲荷大社)က ဆန်းဘွန်းတိုရိအိ(千本鳥居(せんぼんとりい))လို့ခေါ်တဲ့ တိုရိအိတိုင်လုံးတွေအများကြီး စီတန်းထားတာက နက်နဲပြီး ပဟေဠိဆန်ပါတယ်။

 

တကယ်တမ်းအရေအတွက်ကတိုင်လုံးပေါင်း ၃၃၈၁တိုင်ရှိပါတယ်။

https://www.youtube.com/watch?v=TpR0NU6LxP0

 

အဲလမ်းအတိုင်းအရှေ့ကို ဆက်သွားလိုက်ရင် ထူးဆန်းပြီး စိတ်၀င်စားစရာကောင်းတဲ့ ကျောက်တုံးကိုတွေ့ရမှာပါ။

https://jp.zekkeijapan.com/article/index/1051/

 

ဒီပုံထဲမှာ မြင်ရတဲ့ ကျောက်တုံးပါ။

ကျောက်တုံးနှစ်ခုနဲ့လုပ်ထားတဲ့ တိုးရော (灯籠(とうろう))ဆိုတဲ့ အရင်တုန်းကမီးအိမ်အစားအသုံးပြုခဲ့တဲ့အရာက စီတန်းနေပါတယ်။

 

အရင်ဆုံး ဒီနေရာမှာ ဆုတောင်းပါမယ်။

ကိုယ်တောင်းချင်တဲ့ဆုတောင်း၊ ဥပမာအားဖြင့် အလုပ်အကိုင်၊ ပညာရေး၊ အချစ်ရေးစသည့်ဖြင့် ဘယ်ဆုကိုမဆိုတောင်းလို့ရပါတယ်။

နောက်ပြီး ကျောက်တုံးက နှစ်ခုရှိတဲ့အထဲမှာ ဘယ်မှာဘဲဆုတောင်တောင်းရပါတယ်။

 

ပြီးရင်တော့ ဒီမီးအိမ်ကို သေချာစိုက်ကြည့်ပါ။

https://jp.zekkeijapan.com/article/index/1051/

 

အဲမီးအိမ်ပေါ်မှာ တင်ထားတဲ့ လုံး၀န်းတဲ့‌ကျောက်တုံးကို

လက်နှစ်ဖက်နဲ့ မြှောက်ပင့်လိုက်ပါ။

 အဲလိုပင့်လိုက်တဲ့အချိန်မှာ လေးတယ်လို့ခံစားမိလား (သို့) ပေါ့တယ်လို့ခံစားမိလား

အဲအပေါ်မှာ မူတည်ပြီး ဆုတောင်းပြည့်မပြည့်သိနိုင်တယ်လို့ ပြောကြပါတယ်။

 

ပင့်လိုက်တဲ့အခါ ပေါ့နေတယ်ဆိုရင်

သင့်ဆုတောင်းက ပြည့်ဖို့ရာခိုင်နှုန်းများပါတယ်။ ဆုတောင်းထဲကအတိုင်းယုံကြည်ရာကို ဆက်လုပ်ဆောင်လိုက်ပါ။

အကယ်၍ ပင့်လိုက်တဲ့အခါ လေးနေတယ်ဆိုရင်

သင့်ဆုတောင်းပြည့်ဖို့ရာ ခက်ခဲပါလိမ့်မယ်။

သေသေချာချာ စဥ်းစားပြီးဆက်လုပ်ဆောင်မလား …. ဒါမှမဟုတ် တခြားတစ်ခုခုကိုပြောင်းလုပ်မလားဆိုတာကတော့ သင့်အပေါ်မှာ မူတည်ပါတယ်။

 

ကဲအခုဆိုရင်တော့ ထူးဆန်းတဲ့ကျောက်တုံးအကြောင်းကို ပြောပြပြီးပြီနော်။

တိုကျိုရောက်ရင် ဒီနေရာလေးကိုလည်း ဆက်ဆက်သွားပြီး

ဆုတောင်းကြည့်ရအောင်နော်။

 

伏見稲荷大社

京都市伏見区深草薮之内町68番地

TEL075641-7331

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: