အိနရိနတ်ကွန်းရဲ့နတ်ဘုရားက ဝံပုလွေမဟုတ်ပါဘူး

ဂျပန်နိုင်ငံရဲ့လူနေမှုဘဝတွေထဲမှာ နတ်ကွန်းတွေကလည်း ရောယှက်လို့နေပါတယ်။

မြန်မာနိုင်ငံမှာတော့ ဘုန်းကြီးကျောင်းတွေပဲများပြီး ဂျပန်နိုင်ငံမှာက ဘုန်းကြီးကျောင်း 77000 ရှိပြီး နတ်ကွန်းတွေက 88000 ကျော်ရှိပါတယ်။

ဟုတ်ပါတယ်။ နတ်ကွန်းတွေက ပိုများနေပါတယ်။

နောက်ပြီး ဘုန်းကြီးကျောင်းတွေနဲ့လည်း မတူပါဘူး။

88000 တောင်ရှိတဲ့ထဲက 神主(かんぬし) ခန်းနုရှိလို့ခေါ်တဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေနဲ့တူတဲ့ နတ်ကွန်းတွေက 20,000 လောက်ရှိပါတယ်။

ကျန်တာတွေက လူမရှိတဲ့နတ်ကွန်းတွေဖြစ်ပါတယ်။

ဘုန်းကြီးကျောင်းတွေမှာ ဘုန်းကြီးတွေသတင်းသုံးနေပြီး ဘုန်းကြီးကျောင်းနဲ့ နတ်ကွန်းတွေက အဲဒီ့မှာကွာသွားတာဖြစ်ပါတယ်။

ဒီလိုနတ်ကွန်းတွေမှာ နတ်ကွန်းနဲ့သက်ဆိုင်တဲ့ နတ်ဘုရားတွေအသီးသီးရှိကြပါတယ်။

အရမ်းကိုနာမည်ကြီးတာကတော့ 稲荷神社(いなりじんじゃ)အီနရိဂျင်းဂျ ဆိုတဲ့ နတ်ကွန်း ဖြစ်ပါတယ်။

お稲荷さん( အိုအိနရိစံ ) ၊お稲荷様 ( အိုအိနရိဆမ ) လို့ခေါ်ကြတဲ့ နတ်ဘုရားကို ကိုးကွယ်ယုံကြည် ကြပါတယ်။

ဒီပုံကိုမြင်ဖူးလား?

https://cloud.distance-c.asia/s/vLR8orl4RCCnmLX

ကျိုတိုမြို့မှာရှိတဲ့ 伏見稲荷大社(ふしみいなりたいしゃ)ဖုရှိမိအိနရိတိုင်းရှ ဆိုတဲ့ နတ်ကွန်း ဖြစ်ပါတယ်။

နာမည်မှာ  稲荷(いなり) အိနရိဆိုတဲ့စကားလုံးပါသလို お稲荷さん အိုအိနရိ ဆိုတဲ့နတ်ကို အထွဋ်အမြတ်ထားကြပြီး၊ တစ်နိုင်ငံလုံးမှာရှိနေတဲ့ အိနရိနတ်ကွန်း ၃ သောင်းကျော်ထဲမှာ ဒီနေရာဟာ အထွဋ်အမြတ်အထားကြဆုံးနေရာဖြစ်ပါတယ်။

伏見稲荷大社 ဖုရှိမိနရိတိုင်းရှ နဲ့ တခြားအိနရိနတ်ကွန်းတွေမှာလည်း ဒီနတ်ကိုပဲ ကိုးကွယ်ကြတာကြောင့် ပရဝုဏ်အတွင်းမှာ ဒီလိုတိရိစ္ဆာန်ရုပ်ထုတွေရှိပါတယ်။

https://okumiya-jinja.com/column/column024/

အဲ့ဒီအကောင်တွေက ဒီပုံထဲကအကောင်တွေဖြစ်ပါတယ်။

https://okumiya-jinja.com/column/column024/

ဟုတ်ပါတယ်။ ဝံပုလွေပါ။

ဘယ်လိုအိနရိနတ်ကွန်တွေကိုဘဲသွားသွား ဝံပုလွေရုပ်ထုတွေရှိတာကြောင့် အိနရိနတ်ကွန်းရဲ့နတ်ဘုရား ဖြစ်တဲ့ お稲荷さん အိုအိနရိစံ ဟာ ဝံပုလွေလို့ထင်တဲ့သူတွေများပါတယ်။

ဒီလိုလည်းဖြစ်နိုင်တာပဲဆိုပြီး ဂျပန်လူမျိုးတွေကလည်း ဒီလိုပဲတွေးကြပါတယ်။

ဒါပေမယ့် မှားပါတယ်။

အိနရိနတ်ကွန်းရဲ့နတ်ဘုရားက 「宇迦之御魂大神(うかのみたまだいじん)(うかのみたまのおおかみ)」အူကနိုမိတမနိုအိုးခမိ လို့ခေါ်တဲ့နတ်ဖြစ်ပါတယ်။

အဲ့ဒီခန်းဂျီးကို ဂျပန်လူမျိုးတွေတောင် မှန်အောင်မဖတ်နိုင်ပါဘူး။

နတ်ဘုရားရဲ့မစမှုကြောင့် စီးပွားရေးတွေပိုပြီးအောင်မြင်လာမယ်လို့ယုံကြည်ကြပါတယ်။

အဲ့ဒီနတ်ဘုရားက ဒီလိုပုံစံမျိုးပါ။

https://日本の神社.asia/shinto4/shrine3.html

ဝံပုလွေကိုစီးထားတာနော်…

အဲ့ဒီပုံထဲမှာပါတဲ့ဝံပုလွေဖြူက သာမာန်ဝံပုလွေမဟုတ်ပါဘူး။

 

နတ်ဘုရားတွေနတ်သက်ကြွေသွားတဲ့အခါမှာ ဝိဉာဥ်အဖြစ်ရှိနေဦးမှာဖြစ်ပါတယ်။

တောင်တန်းတွေမှာရှိတဲ့ ရိုးရိုးဝံပုလွေနဲ့ပုံစံတူပေမယ့် တကယ်တော့ လုံးဝမတူပါဘူး။

နတ်ကွန်းကဝံပုလွေမှာ ထူးခြားနေတာတွေရှိပါတယ်။

https://okumiya-jinja.com/column/column024/

 

ပုံစံတွေအမျိုးမျိုးရှိပေမယ့် ဒီထဲမှာတော့ စပါးရိတ်သိမ်းချိန်ရဲ့ ဓာတ်ပုံထဲကသော့က ဂိုထောင်သော့ဆိုတဲ့ အဓိပ္ပာယ်ကိုဖော်ဆောင်ထားတာပြီး ဗုဒ္ဓဘာသာရဲ့ကျမ်းလိပ်ကိုကိုက်ထားတာဖြစ်လို့  ဆုတောင်းပြည့် နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။

နတ်ကွန်းဆိုတာက 神道(しんとう)ရှင်တိုလို့ခေါ်တဲ့ ရှေးဂျပန်တွေ ကိုးကွယ်ယုံကြည်တဲ့နေရာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာနဲ့မတူဘဲ ဂျပန်နိုင်ငံမှာ ရှင်တိုနဲ့ ဗုဒ္ဓဘာသာရောနေတာကြောင့် နတ်ကွန်းတွေရဲ့ဝံပုလွေတွေဟာ ဗုဒ္ဓဘာသာဆိုင်ရာကျမ်းတွေကို ထိန်းသိမ်းထားတဲ့ပုံစံဖြစ်နေတာဖြစ်ပါတယ်။

ဂျပန်နိုင်ငံကိုလာပြီး စီးပွားရေးအောင်မြင်စေဖို့အတွက် နာမည်ကြီးတဲ့ အိုအိနရိစံ ဆီမှာ စီးပွားရေးနဲ့ ပတ်သက်ပြီး ဆုတောင်းလိုက်ပါနော်….

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: