ဂျပန်နိုင်ငံမှာ တည်ထားကိုးကွယ်ထားတဲ့ ကမ္ဘာအေးစေတီတော်မြတ်ကြီး

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ခိတခရူးရှူးမြို့ကတော့ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှစစ်မြေပြင်ကို စစ်သား ၂ သန်းကျော် စေလွှတ်ခဲ့သည့် ဆိပ်ကမ်းတစ်ခု ဖြစ်ပါတယ်။
စစ်သားအများစုက နိုင်ငံမပြန်နိုင်ဘဲ စစ်မြေပြင်မှာပဲ ဘဝအဆုံးသတ်သွားကြပါတယ်။

ဒီလိုစစ်ပွဲကို နောက်တစ်ကြိမ်မဖြစ်ပွားရလေအောင်
ပြီးတော့ ဂျပန်နိုင်ငံကို ကာကွယ်ဖို့အတွက် အသက်စွန့်တိုက်ပွဲဝင်ခဲ့ကြတဲ့စစ်သည်တော်တွေကို အောက်မေ့တဲ့အနေနဲ့ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

၁၉၅၈ ခုနှစ်မှာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာအဖွဲ့အစည်းရဲ့ အလှူငွေနဲ့ ဂျပန်ပြည်တွင်း လှူဒါန်းမှုကြောင့် မြန်မာစေတီကို တည်ဆောက်ခဲ့ပါတယ်။
ဒီစေတီဟာ မြန်မာနိုင်ငံအစိုးရ ပြီးတော့ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းရဲ့ တရားဝင်အသိအမှတ်ပြုမှုကို ရရှိထားတဲ့ ဂျပန်နိုင်ငံရဲ့ တစ်ခုတည်းသောမြန်မာစေတီဖြစ်ပါတယ်။

https://www.japanheritage-kannmon.jp/bunkazai/index.cfm?id=14

ရန်ပုံငွေမလုံလောက်မှုနဲ့ သီတင်းသုံးတဲ့သံဃာမရှိခဲ့တဲ့အတွက်ကြောင့် ခေတ္တပိတ်ထားခဲ့ရပေမယ့် သက်ဆိုင်ရာပြည်သူတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံကနေ လာရောက်သီတင်းသုံးတော်မူတဲ့ သံဃာနှစ်ပါးဟာလည်း နေ့စဥ်ကမ္ဘာကြီးငြိမ်းချမ်းဖို့အတွက် ဆုတောင်းနေကြပါတယ်။ ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံသာမက ကမ္ဘာတစ်ဝှမ်းကလူသားတွေ ဘေးမသီရန်မခဘဲ ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်း ပြီးတော့ စိတ်ညစ်ခြင်းအလျင်းမရှိဘဲ နေထိုင်နေကြစေဖို့ ဆုတောင်းပေးလျက်ရှိပါတယ်။

ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ စစ်ပွဲဆိုတဲ့ ခါးသီးတဲ့အတိတ်ရှိခဲ့ပေမယ့် စစ်ပြီးပြီးချင်း ဒီလိုမျိုး ဘုရားတည်ဆောက်ရာမှာ ပူးပေါင်းဆောင်ရွက်ပေးခဲ့တဲ့မြန်မာလူမျိုးတွေရဲ့ နွေးထွေးတဲ့စိတ်ထားကို ကျွန်တော်တို့ဂျပန်လူမျိုးတွေက အမြဲအမှတ်ရနေပါတယ်။

ဂျပန်နိုင်ငံရဲ့ ဒီဆိပ်ကမ်းကနေ မြန်မာနိုင်ငံကို စေလွှတ်ပြီး စစ်ပွဲထဲမှာ သေဆုံးခဲ့တဲ့ ဝိညာဥ်တွေဟာ မြန်မာနိုင်ငံအပေါ် လွမ်းဆွတ်တဲ့စိတ် ပြီးတော့ ဂျပန်နိုင်ငံအပေါ် ချစ်မြတ်နိုးစိတ်တွေ ပြည့်နှက်နေမယ်လို့ ထင်ပါတယ်။

အခု မြန်မာနိုင်ငံဟာ ခေတ်ဆိုးကို ရောက်ရှိနေပေမယ့် မြန်မာနိုင်ငံသားတွေ စိတ်အေးချမ်းသာစွာနဲ့ နေထိုင်နိုင်တဲ့ ငြိမ်းချမ်းတဲ့ကာလ ပြန်ရောက်အောင် ကျွန်တော် Abe က ဆုတောင်းပေးနေပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: