ဂျပန်ရဲ့ကိုရိုနာအပေါ်စီမံဆောင်ရွက်မှုတွေက မှားယွင်းခဲ့သလား ?!!
၂၀၂၀ ခုနှစ် ၁ လပိုင်းကနေ အလျင်အမြန်ပဲကူးစက်လာတဲ့ မျိုးဆက်သစ်ကိုရိုနာဗိုင်းရပ်စ်ဟာ နောက်ဆုံးမှာတော့ ပြန်ပြီးတည်ငြိမ်လာစပြုပြီး၊ နိုင်ငံအသီးသီးကလည်းစီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ဖွင့်လစ်ဖို့အစပြုလာကြပါတယ်။
အဲ့ဒီအထဲကမှာ နိုင်ငံတစ်ခုချင်းစီရဲ့ကာကွယ်မှုစီမံဆောင်ရွက်ရေးတွေ အခြေအနေဘယ်လိုရှိခဲ့သလဲ? စသဖြင့် ပြန်ပြီးဆန်းစစ်မှုတွေရှိလာခဲ့ပါတယ်။
ဂျပန်နိုင်ငံကရော ဘယ်လိုမျိုးဆောင်ရွက်ခဲ့ပါသလဲ?
၂ လပိုင်း၊ ၃ လပိုင်း၊ ၄ လပိုင်း၊ အထိကတော့ ကမ္ဘာတစ်ဝှမ်းကနေဟားတိုက်ခြင်းခံရတဲ့အခြေအနေမှာရှိခဲ့ပါတယ်။
ရောဂါရှာဖွေရေးကဏ္ဍကိုလည်း သိပ်ပြီးမတိုးချဲ့ခဲ့တဲ့အတွက် ဒီအတိုင်းသာဆိုရင် အမေရိကန်နဲ့တရုတ်နိုင်ငံထက် အခြေအနေပိုဆိုးနိုင်တယ်၊ ဆိုပြီးနိုင်ငံအသီးသီးကနေ အပြင်းအထန်ဝေဖန်ခြင်းခံခဲ့ရပါတယ်။
နောက်ပြီး အားလုံးလည်း ဒီ mask ကိုကြည့်ပြီးရယ်မိကြမှာပါ။
https://www.toonippo.co.jp/articles/-/335136
တစ်အိမ်ကို ၂ ခုစီ။ အဝတ် mask တွေကိုလျှော်ပြီးပြန်သုံးမယ်ဆိုရင်တောင် တစ်ဦးကို ၂ ခုလောက်မှအလဲအလည်ဖြစ်မှာပါ။ အခုတော့ မိသားစုတစ်စုကို ၂ ခုပဲဆိုတော့ ဘယ်လိုသုံးရမလဲ?
ဒီလို mask သေးသေးလေးဆို ဘယ်လိုလုပ်ပြီးလုံခြုံမလဲ၊ မသုံးချင်ဘူးလို့ပြောလာတဲ့ ပြဿနာတွေရှိခဲ့ပြီး၊
ဒါ့အပြင် ထုတ်လုပ်မှုလုပ်ငန်းစဥ်မှာလည်း ပြဿနာရှိခဲ့ပြီးဆူညံမှုတွေလည်းဖြစ်ပွားခဲ့ပါတယ်။
“ ၅ လပိုင်း၊ ၂၇ ရက်နေ့ရောက်နေပြီ, အခုထိရောက်မလာသေးဘူး” ဆိုတာတွေလည်းသိရပါတယ်။
ကူးစက်မှုဖြစ်စဥ်အစပြုခဲ့တဲ့ တရုတ်နိုင်ငံကနေ တိုင်းပြည်တွင်းပြန်ဝင်လာသူတွေကိုကန့်သတ်တာကလည်း အခြားနိုင်ငံအများနဲ့ယှဥ်ရင် တော်တော်လေးနောက်ကျခဲ့ပြီး၊ စားသောက်ဆိုင်တွေအရေးကိစ္စမှာလည်း တင်းကြပ်တဲ့တားမြစ်မှုတွေမလုပ်ဘဲ တောင်းဆိုတဲ့သဘောမျိုးသာလုပ်ခဲ့ပါတယ်။
ဂျပန်ကဒီလိုနဲ့ပဲပြီးသွားပြီလား…လို့တစ်ကမ္ဘာလုံးက ခန့်မှန်းခဲ့ကြပေမဲ့၊ ရလဒ်ကတော့ ကျေးဇူးတင်စရာပြောင်းပြန်အခြေအနေဖြစ်လာခဲ့ပါတယ်။
ဥပမာ အင်္ဂလန်နိုင်ငံနဲ့ယှဥ်ကြည့်ရင်
ဂျပန်
လူဦးရေ 126,000,000 ဦး
သေဆုံးသူ 624 ဦး
အင်္ဂလန်
လူဦးရေ 66,000,000 ဦး
သေဆုံးသူ 31,855 ဦး
စကားမစပ်ဂျပန်မှာ ၂၀၁၉ ခုနှစ်ရာသီတုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၃၀၀၀ နဲ့အထက်ရှိခဲ့ပါတယ်။
တုပ်ကွေးရောဂါကြောင့်သေဆုံးမှုစုစုပေါင်းဟာ ၁၀,၀၀၀ ကျော်ခဲ့ပါပြီ။
၂၀၂၀ ခုနှစ်ဇန်နဝါရီလ နှစ်သစ်ကူးအားလပ်ရက်တွေမှာ ဂျပန်ဆန်မုန့်စားပြီးလည်ချောင်းမှာကပ်နေခြင်းကြောင့် လူပေါင်း ၁၃၀၀ သေဆုံးခဲ့ပါတယ်။
တစ်နည်းအားဖြင့် ကိုရိုနာကြောင့်သေဆုံးသူအရေအတွက်ဟာ ပုံမှန်သေဆုံးသူဦးရေထက် အရမ်းကိုနည်းပါးကြောင်းသိရပါတယ်။
သေချာတာကတော့ အားလုံးကလည်းသတိပြုနေတဲ့အတွက်ကြောင့်လို့ထင်ပါတယ်။
ဘယ်သူတွေဘယ်လိုပဲမြင်ပါစေ အင်္ဂလန်နိုင်ငံက တင်းကြပ်တဲ့စည်းကမ်းတွေချမှတ်ထားခဲ့တာတောင်မှ ဒီလိုကွာခြားရခြင်းအကြောင်းအရင်းကဘာဖြစ်မလဲ?
အကြောင်းအရင်းကို ကမ္ဘာတစ်ဝှမ်းကရှာဖွေလျက်ရှိပါတယ်။
အကြောင်းအရင်း ၄ ချက်ကိုစဥ်းစားနိုင်ပါတယ်။
၁။ သန့်ရှင်းတဲ့နေထိုင်မှု။
လက်ဆေးခြင်း၊ ပလုပ်ကျင်းခြင်းကို ကလေးဘဝကတည်းကနားပူတဲ့အထိသင်ကြားခြင်းခံခဲ့ရသလို ဖိနပ်ချွတ်တဲ့ယဥ်ကျေးမှုပါ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် နေ့တိုင်းရေချိုးကန်ထဲဝင်တဲ့ သန့်ရှင်းတဲ့နေထိုင်မှုကြောင့်ဆိုပြီး ပြောကြပါတယ်။
၂။ BCG ကာကွယ်ဆေးထိုးခြင်း။
လုံးဝတစ်ခြားရည်ရွယ်ချက်အတွက် သုံးစွဲတဲ့ကာကွယ်ဆေးကကိုရိုနာအတွက်သက်ရောက်မှုရှိတယ်ဆိုတဲ့ သီအိုရီတွေထွက်လာပါတယ်။ ဂျပန်မှာသတ်မှတ်ထားတဲ့အရွယ်မလွန်ခင် ကလေးတွေအားလုံးကိုအဲ့ဒီဆေးထိုးပေးတာပါ။
၃။ မျိုးရိုးဗီဇအချက်များ။
မျိုးရိုးဗီဇအပေါ်မူတည်ပြီး တိကျတဲ့ရောဂါရဖို့လွယ်ကူသလို၊ ရောဂါရဖို့ခက်ခဲတာတွေလည်းရှိပါတယ်။
ဂျပန်နိုင်ငံဟာ အခြားနိုင်ငံကနေပြောင်းရွေ့နေထိုင်သူတွေနည်းတဲ့အတွက် မျိုးရိုးဗီဇကလည်းအတော်လေးရိုးရှင်းပါတယ်။ ဒါကပဲမျိုးရိုးဗီဇဖွဲ့စည်းမှုကောင်းမွန်တဲ့ရလဒ်ကိုတွေ့ရပြီး၊ တိုင်းသူပြည်သားအများစုကထိုနည်း၄င်း ဖြစ်နိုင်ပါတယ်။
၄။ စားသောက်မှုဆိုင်ရာပြဿနာ။
ပျက်စီးဆုံးရှုံးမှုတွေက မြောက်အမေရိက၊ ဥရောပနဲ့ တောင်အမေရိက တို့မှာပိုများပါတယ်။
သို့သော် ဂျပန်မှာသာမကအာရှနိုင်ငံတွေမှာတော့ တော်တော်လေးနည်းတာကိုတွေ့ရပါတယ်။
စားသောက်မှုပုံစံမတူညီတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အာရှနိုင်ငံတွေကတော့ ငါးနဲ့ဆန်စပါးကိုအဓိကစားပြီး၊ အနောက်နိုင်ငံတွေနဲ့ယှဥ်ရင် အသားစားမှုကနည်းပါတယ်။
နောက်ပြီး Kimchi, natto , miso အစရှိတဲ့ အချဥ်ဓာတ်ပါတဲ့အစားအစာတွေ ပိုစားကြတယ်ဆိုတဲ့ထူးခြားချက်လည်းရှိပါတယ်။
ဘယ်သူတွေဘယ်လိုပဲမြင်မြင် ဂျပန်အစိုးရရဲ့မူဝါဒကပျက်ကွက်ပြီး လိုအပ်ချက်တွေရှိခဲ့ပေမဲ့၊
ဒီလိုကွာခြားမှုကရှင်းလင်းနေပြီး၊ အကြောင်းအရင်းကိုစုံစမ်းလိုက်ခြင်းဖြင့်
ဒီအချက်တွေကြောင့် သေဆုံးမှုနှုန်းနည်းရခြင်းဖြစ်ကြောင်း စဥ်းစားကောင်းစဥ်းစားနိုင်ပါတယ်။
Kengo Abe