ခေါင်းအုံးနတ်ဘုရား (ဂျပန်တစ်နိုင်ငံလုံးမှာ တစ်ခုတည်းသာရှိသောနတ်ကွန်း)

ဂျပန်မှာ သန်း‌ပေါင်းများစွာသောနတ်ဘုရားတွေ ရှိနေတယ်လို့ ယုံကြည်ထားကြပါတယ်။
နတ်ကွန်းထဲကသစ်ပင်ကြီးမှာရော၊ တောင်ပေါ်မှာ၊ ပင်လယ်ထဲမှာ ဒီအပြင် သင့်အိမ်ကမီးဖိုချောင်နဲ့ အိမ်သာမှာပါ သက်ဆိုင်ရာနတ်ဘုရားတွေရှိကြတယ်လို့ ယူဆထားကြပါတယ်။ ဂျပန်လူမျိုးတွေဟာ ထိုနတ်ဘုရားတွေကို အစဉ်ကျေးဇူးတင်တဲ့စိတ်နဲ့ နေ့စဉ်ဘဝမှာလှုပ်ရှားသွားလာခြင်းဖြင့်၊ ပတ်ဝန်ကျင်နဲ့သဟဇာတဖြစ်စွာနေလာခဲ့ကြပါတယ်။ အဲ့ဒီလိုဂျပန်မှာတော့ နတ်ကွန်းအမျိုးမျိုးဟာ ဂျပန်တစ်နိုင်ငံလုံးမှာ ရှိပါတယ်။

ရုတ်တရက်ဆိုပေမဲ့၊ စာဖတ်သူတို့ ညဘက်တွေမှာ ချက်ချင်းအိပ်ပျော်ပါသလား?
ပူလို့ ညညကောင်းကောင်း အိပ်မပျော်ဘူး.. ဆိုတာမျိုး
အလုပ်ရဲ့ဖိစီးမှုကြောင့်၊ ကျောင်းစာရဲ့ဖိအားတွေကြောင့် ညဘက်တော်တော်များများ အိပ်မပျော်တဲ့လူတွေ ရှိတတ်ပါတယ်။

အဲ့ဒီလိုလူမျိုးတွေအတွက် သတင်းကောင်းရှိပါတယ်။ ဂျပန်မှာတော့ ခေါင်းအုံးနတ်ဘုရားဆိုတာရှိတယ်တဲ့….။

အချစ်၊ ပညာရေး၊ ဘေးရန်ကင်းရှင်း စတဲ့နတ်ဘုရားကိုကိုးကွယ်တဲ့ နတ်ကွန်းတွေဟာ နေရာအနှံ့မှာရှိတတ်ပေမဲ့၊ ခေါင်းအုံးနတ်ဘုရားကိုကိုးကွယ်တဲ့ နတ်ကွန်းကတော့ ဂျပန်မှာတစ်ခုတည်းသာ ရှိပါတယ်။
ထိုနတ်ကွန်းကတော့ အိုဆာကာရဲ့ Izumisano မြို့မှာရှိတဲ့ 日根神社Hine Jinja နတ်ကွန်းပဲဖြစ်ပါတယ်။

https://icp-japan.or.jp/

ဒီနတ်ကွန်းဖြစ်ပေါ်လာပုံကတော့ ရှေးတုန်းက ရွာတစ်ရွာမှာ ကလေးမရလို့ ကလေးလိုချင်တဲ့မိန်းကလေးတစ်ယောက်ဟာ နတ်ကွန်းရဲ့တိုင်မှာ ခေါင်းအုံးကိုတွဲချည်ပြီးတန်ဆာဆင်ကာ ကလေးရဖို့ဆုတောင်းခဲ့ရာကနေ အစပြုခဲ့ပါတယ်။

စကားမစပ် နှစ်စဉ် ၅ လပိုင်း ၄ ရက်နေ့နဲ့ ၅ ရက်နေ့မှာ 【大阪・まくら祭り】 “ မခုရ မဆုရီ” 【ခေါင်းအုံးပွဲတော်】 ကို ဟောဒီ Hine Jinja နတ်ကွန်းမှာကျင်းပလေ့ရှိပါတယ်။ နွေဦးပွဲတော်တစ်ခုဖြစ်ပြီး အလံတိုင်သုံးခုမှာ ခေါင်းအုံးများကိုတန်ဆာဆင်ပြီး “ Makura Matsuri” ကိုကျင်းပပါတယ်။ ဒီပွဲတော်မှာလှူဒါန်းတဲ့ “ အလှဆင်ခေါင်းအုံး” တွေကိုတော့ အမျိုးသမီးတွေဟာလက်နဲ့ချုပ်လုပ်ကြပြီး၊ အချစ်ကံကောင်းခြင်း၊ လွယ်ကူချောမွေ့စွာ မီးဖွားခြင်း၊ သီးနှံပေါကြွယ်ဝခြင်း စတဲ့ဆုတောင်းများ ထည့်သွင်းကြပါတယ်။ နွေဦးပွဲတော်ဟာ အနည်းငယ်သာရှိပြီး၊ ခေါင်းအုံးကိုတန်ဆာဆင်ကာ လှည့်လည်ကျင်းပတဲ့ပွဲတော်ကတော့ တစ်နိုင်ငံလုံးမှာ ရှားပါးတဲ့ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။

နတ်ကွန်းမှာတော့ ဒီလိုအဆောင်လက်ဖွဲ့ကို ရောင်းချပါတယ်။

အိုဆာကာကိုသွားမယ့်လူရှိရင် ဒီအဆောင်လေးကိုမှာလိုက်ပါ။

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျပန်ပြည်ဝင်ခွင့်ကလည်းမဖွင့်သေးတဲ့အတွက် မသွားနိုင်သေးပေမဲ့၊ ဒီညကနေစပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ရဖို့ နတ်ဘုရားဆီကိုတော့ ဆုတောင်းနိုင်ပါတယ်။ ညဘက်တွေမှာ အိပ်မပျော်လို့၊ မနက်ဆိုမထနိုင်တဲ့သင်၊ ခေါင်းအုံးနတ်ဘုရားကို ဆုတောင်းကြည့်ရအောင် …

မနက် ၇ နာရီမှာ အိပ်ရာထချင်ရင် ခေါင်းအုံးကို ၇ ကြိမ်ရိုက်ပါ။ ပြီးရင် နတ်ဘုရားကို မနက် ၇ နာရီမှာခေါ်နှိုးပေးပါ ဆိုပြီးဆုတောင်းကြည့်ပါ။

ဒါတွေလျှောက်လုပ်ပြီး နိုးမှာလည်းမဟုတ်ပါဘူး… လို့ထင်မိမှာပဲနော်?
ဒါပေမဲ့ တကယ်ထိရောက်တယ်လို့ပြောတဲ့လူတွေကို ကိုယ်တိုင်မြင်ဖူးပါတယ်။
ဒါဖြင့် စမ်းသပ်ကြည့်မယ်ဆိုလည်း အကျိုးယုတ်စရာတော့မရှိဘူးနော်

ဒါပေမဲ့ တစ်ခုတော့ရှိပါတယ်။ အိပ်တာလွန်သွားရင်တော့ တာဝန်မယူပါဘူးနော်။ Japo ကဒီအတိုင်း ဗဟုသုတမျှဝေပေးတာပါ။ ဒါကြောင့် ပုံမှန်အလန်းနှိုးစက်နာရီကိုတော့ ပြင်ဆင်ထားဖို့လိုပါမယ်။ နတ်ဘုရားထံဆုတောင်းထားပြီး ၇ နာရီအထိ တောက်လျှောက်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့ရင်တောင်၊ နှိုးစက်အလန်းမြည်တဲ့အခါ အိပ်ရေးဝပြီး လန်းဆန်းနေမှာ သေချာပါတယ်။

日根神社Hine jinja
631 Hineno, Izumisano, Osaka 598-0021, Japan

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: