တိုကျို Toilet များနှင့်၎င်းတို့၏ဖန်တီးရှင်များ !!!

အကြောင်းပြချက်မရှိ toilet ကိုသဘောကျကြတဲ့ ဂျပန်လူမျိုးများ
အများပြည်သူသုံးအိမ်သာလို့ပြောရင် မှောင်တယ်၊ ကြောက်စရာကောင်းတယ်၊ ညစ်ပတ်တယ် ဆိုတဲ့မကောင်းတဲ့အချက်တွေကိုသာ မြင်ယောင်မိပါတယ်။
သွားရင်းလာရင်းအရေးပေါ်အခြေအနေကြောင့် အသုံးပြုနိုင်တာက ကျေးဇူးတင်စရာကောင်းပေမဲ့၊ မကောင်းတဲ့ပုံရိပ်တွေပဲမြင်‌ပြီး၊ convenience store က အိမ်သာကိုသာအသုံးပြုသူတွေ အများကြီးရှိနေမယ်လို့ထင်ပါတယ်။

ဒီမကောင်းတဲ့ပုံရိပ်ကို ဖျောက်ပစ်မယ်ဆို တဲ့ရည်ရွယ်ချက်နဲ့ပေါ်ပေါက်လာတာကတော့ TOKYO Toilet ဆိုတဲ့ ပရောဂျက်ပဲဖြစ်ပါတယ်။
Shibuya ရပ်ကွက်ရဲ့ နေရာ ၁၇ ခုမှာရှိတဲ့ အများပြည်သူသုံးအိမ်သာတွေကို အနုပညာဆန်တဲ့နေရာအဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။
ဒီပရောဂျက်မှာပါဝင်သူတွေဟာ ကမ္ဘာမှာလည်း နာမည်ကြီးတဲ့ထိပ်တန်းအဆင့်ပညာရှင်တွေဖြစ်ပါတယ်။

အရင်ဆုံး Toilet ကသန့်ရှင်းရေးဝန်ထမ်းတွေရဲ့ ယူနီဖောင်းပြောင်းလဲမှုကနေ အစပြုလိုက်ပါတယ် …

https://tokyotoilet.jp

ဒီ design ဟာ NIGO လို့ခေါ်တဲ့ ကမ္ဘာမှာလည်းနာမည်ကြီးတဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ရဲ့ ဒီဇိုင်းဖြစ်ပါတယ်။
ဒီပုဂ္ဂိုလ်ဟာ A BATHING APE ဆိုတဲ့ဖက်ရှင်အမှတ်တံဆိပ်ကို စတင်ခဲ့ပြီး၊ တန်ဖိုးကြီး Street fashion ရဲ့ ရှေ့ဆောင်တစ်ဦးအနေနဲ့ ကျော်ကြားသူဖြစ်ပါတယ်။

နောက်ထပ်ပေါ်လာတဲ့ Toilet ကတော့ ဒီမှာပါ

ဒီ Toilet ကတော့ယခင် JAPO မှာလည်းမိတ်ဆက်ဖူးတာကြောင့် တော်တော်များများသိပြီးသားဖြစ်မယ်လို့ထင်ပါတယ်။
Shigeru Saka ဆိုတဲ့ ဗိသုကာပညာရှင်ရဲ့လက်ရာဖြစ်ပြီး၊ သူဟာပြည်တွင်းပြည်ပမှာ ဆုအမျိုးမျိုးကိုရရှိထားတဲ့ နာမည်ကြီးတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။
မဝင်ခင်ကတည်းက Toilet အတွင်းပိုင်းရဲ့ သန့်ရှင်းမှုရှိမရှိကို မြင်နိုင်တဲ့အတွက် ကောင်းတာပဲနော် ..
ဝင်လိုက်ပြီးနောက် လော့ခ်ကိုချလိုက်တာနဲ့ အပြင်ကနေမမြင်ရတော့တာကြောင့် စိတ်ချစွာအသုံးပြုနိုင်ပါတယ်။
အထဲကနေတော့မြင်နေရတဲ့အတွက်၊ ပွင့်လင်းတဲ့ခံစားမှုနဲ့ အနည်းငယ်ရှက်ကြောက်မှုကြောင့် ရင်ခုန်စွာနဲ့အသုံးပြုရမှာပါ…။

ပန်းခြံထဲမှာ ပေါင်းထည့်ထားတဲ့ Toilet

ဒါကတော့ Masamichi Katayama စံရဲ့ ဒီဇိုင်းဖြစ်ပါတယ်။
New York၊ Paris နဲ့ Ginza က UNIQLO လိုအထင်ကရဆိုင်တွေနဲ့အတူ၊ LEXUS ဒူဘိုင်း၊ New York၊ Aoyama စတဲ့အထင်ကရဆိုင်တွေရဲ့ ဒီဇိုင်းအပ်ခြင်းခံရတဲ့နာမည်ကြီးပုဂ္ဂိုလ်ဖြစ်ပါတယ်။
နံရံ ၁၅ ချပ်ကိုပေါင်းစပ်ထားပုံရတဲ့ဒီဇိုင်းဖြစ်ပြီး၊ Toilet ဖြစ်သလို အဆောက်အအုံတစ်ခုခုလို့ထင်သွားစေမယ့် ခံစားမှုမျိုးကိုပေးပါတယ်။
Toilet ထဲမှာတောင် အပန်းဖြေမိမလားမသိဘူး‌နော်….။

ဒုတိယတစ်ခေါက်ကြည့်မှ Toilet ဖြစ်နေမှန်းသိတော့တယ်….

အင်? ဒါကြီးကဘာလဲ ?
ဆိုပြီးလူတိုင်းသမင်လည်ပြန်ဖြစ်သွားရမယ့် အနီရောင် Toilet
Naho Tamura ဆိုတဲ့ နယူးယောက်မှာနေထိုင်တဲ့ ကုန်ပစ္စည်းဒီဇိုင်နာတစ်ဦးရဲ့ လက်ရာတစ်ခုဖြစ်ပါတယ်။
သူမ လည်းပဲနိုင်ငံတကာဆုတံဆိပ်တွေ ရရှိထားတဲ့နာမည်ကြီးဒီဇိုင်နာတစ်ဦးဖြစ်ပါတယ်။
သူမနေထိုင်တဲ့ New York မြို့မှာတော့ LGBTQ+လူတွေက မိမိတို့ရဲ့ စိတ်အားထက်သန်ရာလိင်ဘဝဖြင့် ရိုးသားစွာနေထိုင်နေကြပါတယ်။
အဲ့ဒီလို အရှိကိုအရှိတိုင်းမိမိကိုလက်ခံပေးတဲ့ လူ့အဖွဲ့အစည်းကိုပုံဖော်ရင်းဒီဇိုင်းဆွဲထားခြင်းဖြစ်ပါတယ်။

ရေဘဝဲ vs ပြည်ကြီးငါး
ဒီပန်းခြံထဲမှာ ရေဘဝဲအရုပ်ကြီးရှိတာကြောင့် ရေဘဝဲပန်းခြံလို့လည်း အများကခေါ်ကြပါတယ်။


အဲ့ဒီလိုရေဘဝရဲ့ဆန့်ကျင်ဘက်၊ ပြည်ကြီးငါးရဲ့ဦးခေါင်းပိုင်းရေယက်ကိုပုံဖော်ထားတာကတော့ ဒီ Toilet ပဲဖြစ်ပါတယ်။

ဗိသုကာပညာရှင် Fumihiko Maki ရဲ့ ဒီဇိုင်းဖြစ်ပါတယ်။
ရေဘဝရဲ့ဆန့်ကျင်ဘက် ထူးခြားတဲ့ပုံသဏ္ဍာန်နဲ့ သန့်ရှင်းပြီးအေးချမ်းကာ အသုံးပြုရသူတွေကို စိတ်ချမ်းသာစေချင်တဲ့ဒီဇိုင်းကို မျှော်မှန်းပုံရပါတယ်။
ဗိသုကာပညာရှင်အဖြစ် အသက်မွေးဝမ်းကြောင်းပြုရင်း ဝါရှင်တန်တက္ကသိုလ်နဲ့ဟားဗတ်တက္ကသိုလ်မှာ မြို့ဒီဇိုင်းတွဲဖက်ပါမောက္ခအဖြစ်လည်းလုပ်ကိုင်တဲ့ သူ့ကဲ့သို့အသုံးချနိုင်မှုကိုထည့်သွင်းစဥ်းစားထားတဲ့ ဖန်တီးမှုကအကောင်းဆုံးဖြစ်ပါတယ်။

အလင်းဖြာနေတဲ့ Toilet ?

Toilet လည်းဖြစ်သလို၊ ပန်းခြံတစ်ခုလုံးကိုအလင်းပေးနေတယ်။
ဒီပန်းခြံရဲ့ Toilet ကိုအသုံးပြုမှုအကြိမ်အရေအတွက် အတော်လေးနည်းခဲ့ပေမဲ့၊ ပန်းခြံတစ်ခုလုံးကိုအလင်းပေးနိုင်တဲ့ပုံစံအဖြစ် အသစ်တစ်ဖန်မွေးဖွားပြောင်းလဲလာခဲ့ပါတယ်။
ဒီဇိုင်နာကတော့ Takenosuke Sakakura ဆိုတဲ့ပုဂ္ဂိုလ်ဖြစ်ပြီး၊
ဖခင်လိုပဲ ဗိသုကာပညာရှင်တစ်ယောက်ဖြစ်လာတဲ့သူဟာ Roppongi ရှိအဆင့်မြင့်ကွန်ဒို၊ တိုကျိုမြို့လယ်ကောင်ရှိ လူနေအဆောက်အဦးများစွာကိုဆောက်လုပ်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ပန်းကန်ပြားပျံ Toilet ?

အဝေးကနေကြည့်ရင်တောင် သိသာထင်ရှားတဲ့ဒီဇိုင်း
အထဲမှာဘာရှိမလဲဆိုပြီး စူးစမ်းချင်စိတ်ကိုဖြစ်ပေါ်စေတာက ဆောက်လုပ်သူရဲ့မျှော်လင့်ထားတဲ့အချက်ပါပဲ..
ဗိသုကာပညာရှင်အဖြစ် ကမ္ဘာကအာရုံစိုက်ခံရတဲ့ ဂျပန်လူမျိုးထဲကတစ်ယောက်ဖြစ်သူ Tadao Ando ရဲ့ဒီဇိုင်းဖြစ်ပါတယ်။
မလေးရှားနိုင်ငံရဲ့ ကွာလာလမ်ပူလေဆိပ်ကိုလည်း သူပဲဒီဇိုင်းဆွဲခဲ့တာဖြစ်ပါတယ်။

အတိတ်ကိုတောင်လွမ်းမိသွားတယ်

ပထမဆုံးမှာ မိတ်ဆက်ပေးခဲ့တဲ့ သန့်ရှင်းရေးဝန်ထမ်းတွေရဲ့ယူနီဖောင်းဒီဇိုင်းကိုဆွဲခဲ့တဲ့ NIGO ရဲ့လက်ရာဖြစ်ပါတယ်။
အဆောက်အအုံအမြင့်ကြီးတွေတန်းစီရှိနေတဲ့နေရာမှာ တိတ်ဆိတ်စွာရပ်နေတဲ့အိမ်ငယ်လေး…
Toilet လို့ပြောရမှာထက် အိမ်နဲ့ပိုတူနေပါတယ်။ အသုံးပြုထားတဲ့အရောင်၊ ပုံစံ၊ ဒီအပြင်ပြတင်းပေါက်ရဲ့ ဘောင် စတာတွေကအိမ်ရဲ့အငွေ့အသက်ကိုပေးပါတယ်…။
ဒီ Toilet ကလည်းအပန်းဖြေနိုင်တဲ့နေရာတစ်ခုလိုပါပဲ။
ကောင်းမွန်သောခေတ်ဟောင်းပုံစံနဲ့ သန့်ရှင်းပြီးခေတ်မီသောအိမ်သာတို့ရဲ့ ပေါင်းစပ်ထားမှုဖြစ်ပါတယ်။

ဥယျာဥ်တစ်ခုနဲ့တူတဲ့ Toilet

ဆရာကြီး Kengo Kuma ရဲ့လက်ရာကတော့ ဥယျာဥ်တစ်ခုနဲ့တောင်တူသွားပါတယ်။
Kengo Kuma ရဲ့လက်ရာဟာ ပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်စေဖို့ကိုဦးစားပေးပြီး၊ ဒီတစ်ခေါက်လည်း အပင်တွေပေါများလှတဲ့ပန်းခြံလိုနေရာမျိုးမှာ သစ်ကိုပဲအဓိကထားပြီးဆောက်လုပ်ခဲ့တာပဲမဟုတ်ပါသလား?
ပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်ရင်း ထင်ရှားပေါ်လွင်နေတာကလည်း အရမ်းမိုက်ပါတယ်။

မြို့ထဲမှာ လှပတဲ့အဆောက်အအုံအမျိုးမျိုးရှိလာမယ်ဆိုရင် မြို့ပေါ်လမ်းလျှောက်ရတာဟာလည်းပျော်စရာကောင်းလာမှာပါ။
ဘတ်စ်တို့ရထားတို့နဲ့သွားလာရတာလည်းကောင်းပေမဲ့၊ ကိုရိုနာပြီးသွားခဲ့ရင်တော့ စာဖတ်သူတို့အားလုံးကို တိုကျိုရဲ့မြို့တွေမှာ လျှောက်သွားကြည့်စေချင်မိပါတယ်….

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: