【ယန်း၅,၉၈၀နဲ့ first classလေယာဥ်စီးမယ်】

လေယာဥ်နဲ့ခရီးသွားပြီဆိုရင် များသောအားဖြင့် Economy classကိုစီးကြတာများမယ်ထင်ပါတယ်။

business classကျတော့ စျေးများတယ်လေနော်။

first classဆိုပိုလို့တောင်စျေးများသေးတယ်။

ဘယ်လောက်ရှိလဲ သိပါသလား?

ခရီးသွားမယ့်အချိန်၊ လေယာဥ်လိုင်းပေါ်မူတည်ပြီး ကွာပေမယ့် ဥပမာအားဖြင့် တိုကျိုကနေ ပါရီ၊ ပြင်သစ်အထိဆိုရင် အသွားအပြန်ကို အကြမ်းဖြင်း ယန်း၂,၅၀၀,၀၀၀လောက်ရှိပါတယ်။

ကြာချိန်က ၁၂နာရီလောက်ကြာပါတယ်။

ဟိုတယ်မှာ တည်းဖို့အချိန်နည်းတဲ့အပြင် အခန်းကလည်း အရမ်းကျယ်တာမျိုးမဟုတ်တာကို

ဒီလောက်စျေးကြီးပေးစီးရတာပါ။

 

first classမှာစီးရင် ဘယ်လိုမျိုးနေမလဲ စမ်းစီးကြည့်ချင်လား

ယန်း၅,၉၈၀တည်းနဲ့ first classကို အစမ်းစီးကြည့်လို့ရပါတယ်။

   https://www.jalan.net/news/article/293375/

ဒီပုံကတော့ တိုကျို၊ Ikebukuroမှာရှိတဲ့ အဆောက်အဦးရဲ့ ထောင့်တစ်နေရာပါ။

FIRST AIRLINESလို့ရေးထားပါတယ်။

ဘယ်နေရာများလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။။

 https://www.jalan.net/news/article/293375/

 အထဲမှာ Check-inကောင်တာရှိပါတယ်။

လေယာဥ်စီးဖို့အတွက် ပတ်စပို့စ်နဲ့ လေယာဥ်လက်မှတ်ပြပြီတော့ Check-in၀င်ရမှာပါ။

https://www.jalan.net/news/article/293375/

 

တကယ်အစစ် first classတော့မဟုတ်ပေမယ့် တော်တော်လေး လုပ်ထားတာပီပြင်ပါတယ်။

https://www.jalan.net/news/article/293375/

 လေယာဥ်မယ်တွေက ကြိုဆိုပေးပါတယ်။

 

https://www.jalan.net/news/article/293375/

 

၀င်ပေါက်ကလည်း တကယ့်လေယာဥ်အတိုင်းဘဲ အဖြူရောင်အခုံးအ၀င်၀ပါ။  https://www.jalan.net/news/article/293375/

 ဒါကတော့ တကယ့်first classနဲ့တူတောင် လုပ်ထားတဲ့ အပြင်အဆင်ပါ။

ထိုင်ခုံဆိုရင်လည်း Airbus310-340ရဲ့တကယ့်first classမှာ သုံးထားတဲ့ထိုင်ခုံကို အသုံးပြုထားတာပါ။

ထိုင်လိုက်ရင် တော်တော်ထိုင်လို့ကောင်းပါတယ်။

https://www.jalan.net/news/article/293375/

 

လေယာဥ်မပျံခင်မှာ ရှင်းပြတာဆိုရင်လည်း တကယ့်လေယာဥ်အတိုင်းပါဘဲ။

 https://www.jalan.net/news/article/293375/

တကယ်တမ်းစီးနေသလို ခံစားရမှာပါ။

 အစားအစာမချပေးခင်မှာ VRနဲ့ ကိုယ်သွားမယ့်နေရာ ပါရီကိုညွှန်ပြပါတယ်။

https://www.jalan.net/news/article/293375/

 

ခဏလောက်ကြာရင်တော့ အစားအစာလာချပါလိမ့်မယ်။ https://www.jalan.net/news/article/293375/

 

တကယ့် First classက တော်ရုံနဲ့မစီးဖြစ်ကြလို့

ဒီလို စီးနေသလိုခံစားရစေမယ့် နေရာမျိုးကို အစမ်းသွားစီးကြည့်တာလည်း မဆိုးပါဘူး။

အောက်မှာလိပ်စာလေးလည်းရေးပေးထားတယ်..

ဂျပန်၊ တိုကျိုရောက်ဖြစ်ရင် စိတ်၀င်စားရင် သွားကြည့်လိုက်နော်….

 

FIRST AIRLINES

東京都豊島区西池袋3-31-5 パークハイムウェストビル8F

営業時間 平日17:3023:00、土日祝祭日12:3023:00

JR池袋駅から徒歩5

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: