ဂျပန်မှာရှိခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်နဲ့ လူတွေရဲ့ နှစ် ၁၀၀ ကြာတဲ့တိုက်ပွဲ

ရုပ်ရှင်တွေထဲမှာပါတဲ့ သွေးစုပ်ဖုတ်ကောင်တွေက ချောချောလေးတွေနော်

 

သူတို့နဲ့တော့ တော်တ်ောလေးကွဲပြားတဲ့ သွေးစုပ်ဖုတ်ကောင်တွေ Nagano စီရင်စုမှာ ထူးဆန်းတဲ့ရောဂါတစ်ခုကနေ စပြီးရှိလာပါတယ်

အကြောင်းအရင်းက သွေးစုပ်ဖုတ်ကောင်မဟုတ်ဘဲ သွေးစုပ်တဲ့ပိုးကောင်ကြောင့်ပါ

 

Nihonjuu yuuketsukyuuchuu လို့ခေါ်တဲ့အကောင်ဖြစ်ပြီး လူတွေရဲ့သွေးကြောထဲဝင်ပြီး ရောဂါကူးစက် သေဆုံးစေတဲ့ ကြောက်ဖို့ကောင်းတဲ့ ပိုးကောင်ပါ

 

ရောဂါကူးခံရတာက မြစ်ရေတို့၊ လယ်ကွင်းထဲတို့မှာ အလုပ်လုပ်ပြီးနောက်မှာပါ

https://mag.japaaan.com/archives/172072

 

ခြေတွေလက်တွေ ယားယံလာပြီး၊ အပူချိန်တွေတက်လာမယ်၊ ဝမ်းလျှော၊ သွေးထွက်၊ ဆီးထွက်ကျတာတွေ ဖြစ်လာပါမယ်

ဒီလိုတွေဆက်တိုက်ဖြစ်လာပြီး ဗိုက်ကြီးဖောင်းလာမယ်၊ လက်တွေခြေတွေ မလှုပ်နိုင်တော့ဘဲ သေဆုံးသွားရပါတယ်

 

နိုင်ငံရပ်ခြားမှာတော့ ဒီရောဂါအကြောင်းမှတ်တမ်း မှတ်ထားတဲ့နေရာတွေ ရှိသေးပေမယ့်၊ ဂျပန်မှာတော့ သမိုင်းဖျောက်ခံထားရပါတယ်

ဒီကပ်ပါးကောင်တွေနဲ့ နှစ်ပေါင်း ၁၀၀ လောက်သတ်ခဲ့ရပါတယ်

မေးဂျိခေတ်ရောက်လာတော့ ဒီရောဂါဆိုးကြီးကို ကုသပေးနိုင်ခဲ့တဲ့ ဆရာဝန်ရှိခဲ့ပါတယ်

Yoshi o ka Jun saku ပဲဖြစ်ပါတယ်

 

စစချင်း လိုက်ပြီးစုံစမ်းပါတယ်

ပိုးစုန်းကြူးသွားဖမ်းရင် ဗိုက်ပေါက်သေမယ်။

 

ဆိုပြီးပြောကြတဲ့အတွက် အကြောင်းအရင်းက မြစ်နားမှာပဲ ရှိလောက်တယ်လို့ တွေးခဲ့ပါတယ်

အကြောင်းအရင်း သေချာစေဖို့ ဒီရောဂါနဲ့ သေသွားတဲ့လူရဲ့ ခန္ဓာကိုယ် ခွဲစိပ်မှု လုပ်ဖို့လိုပါတယ်

ဒါပေမယ့် အဲ့ဒီအချိန်က ဒီလောက်လည်း မသိကြသေးတော့၊ လုပ်ပေးချင်တဲ့လူ မရှိခဲ့ပါဘူး

သေသွားပေမယ့်လည်း မိသားစုက ခုတ်ဖြတ်နေတာကိုတော့ မမြင်ချင်လို့ သဘောမတူကြတာ နေမှာပါ

 

အတင်းအကျပ်တောင်းဆိုပြီးနဲ့နောက် 1897 ခုနှစ်မှာ အသက် ၅၀ လောက်ရှိတဲ့ လယ်သမားမိန်းမတစ်ယောက် သဘောတူခဲ့ပါတယ်

အစာအိမ်ထဲ အရေတွေစုနေပြီး သေတော့မယ့်အချိန်ပါ

သေသွားတဲ့အချိန်မှာ ခွဲစိတ်ဖို့ ပြောခဲ့ပါတယ်

 

သူ့ခန္ဓာကိုယ်ကို ခွဲကြည့်လိုက်တော့ ဗိုက်ထဲကနေ ပိုးကောင်ဥကိုတွေ့ပြီး၊ အမျိုးအမည်မသိတဲ့ အကောင်ကြောင့်ဖြစ်ရတာလို့ အတည်ပြုလိုက်ပါတယ်

နာမည်ကိုလည်း Nihonjuu yuuketsukyuuchuu လို့ပေးလိုက်ပါတယ်

 

ကပ်ပါးကောင်တော်တ်ောများများက ဗိုက်ထဲမှာနေပြီး၊ အသည်းထဲမှာ ပုန်းနေတတ်တာကိုလည်း တွေ့ခဲ့ရပါတယ်

အကြောင်းအရင်းကိုသိရတော့ ရောဂါကူးစက်တဲ့ လမ်းကြောင်းကိုလိုက်ပါတယ်

စစချင်း သောက်ရေကလို့စဥ်းစားပြီး၊ သောက်ရေကို ကြိုချက်ပြီး မသောက်မနေရဆိုပြီး အမိန့်ချခဲ့ပေမယ့် ကူးစက်မှုက ရပ်မသွားပါဘူး

လမ်းကြောင်းက တခြားကကူးနေလို့ပါ

ဒီကပ်ပါးကောင်ရဲ့ အကောင်သေးသေးလေးတွေက အရေပြားကိုစားရာကတေ ခန္ဓာကိုယ်ထဲဝင်သွားပြီး၊ အကောင်ကြီးဖြစ်လာတဲ့အခါ အသည်းထဲမှာ ဥတွေဥပါတယ်

 

ဒါဆို ဒီကပ်ပါးကောင်တွေ ဖြစ်လာရတဲ့ လက်ခံကောင်က ဘာလဲ? ဆိုပြီး လေ့လာကြည့်လိုက်တော့ Millia Guy ဆိုတဲ့ ခရုတစ်မျိုးဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်

ဒီခရုကိုမျိုးဖြုတ်ဖို့ မြို့သားတွေရဲ့ အကူအညီကို ယူခဲ့ရပါတယ်

 

‌ရောဂါစဖြစ်တာက 1978 ခုနှစ်

အပြီးသတ်နိုင်လိုက်ပြီလို့ ကြေညာတာက 1996 ခုနှစ်ဆိုတော့ နှစ် ၁၀၀ လောက်နီးနီးကို ခံခဲ့ရပါတယ်

ရုပ်ရှင်ထဲကလို ချောချောလေး‌တော့မဟုတ်ပါဘူး၊ အရေပြားကိုစားရာကနေ ခန္ဓာကိုယ်ထဲထိရောက်လာတယ်… တော်တော်လေးတော့ ကြောက်စရာကောင်းတယ်နော်?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: