အချင်းချင်းကူညီတတ်သော ကြင်နာတတ်တဲ့နှလုံးသား၊ Help card ကိုသုံးပါ

ရထားနဲ့ကားအတွင်းမှာ နေရာပေးတာမျိုး၊ မြို့တွင်းသွားလာရင်း ဒုက္ခရောက်နေသူကိုကူညီတာမျိုး၊ ဒါတွေဟာ လူသားတိုင်းလုပ်ရမယ့် အရာပဲဖြစ်ပါတယ်။ သို့သော် အပြင်ပန်းကနေကြည့်ရုံနဲ့ မသိနိုင်တဲ့မသန်စွမ်းသူများလည်းရှိပါတယ်။
မိမိကိုယ်တိုင်ကနေ အကူအညီမတောင်းနိုင်တဲ့ စကားပြောဖို့မသန်စွမ်းသူတွေအတွက်ကတော့ အထူးသဖြင့် ပြဿနာအကြီးကြီးတွေကြုံတွေ့ရတတ်ပါတယ်။ ဒီလိုလူတွေကိုကူညီပေးတဲ့အရာကတော့ ဒီ Help card လေးပါပဲ။

 

https://betsukai.jp/kurashi/fukushi/syogai_fukushi/help_mark/

 

အရမ်းကိုထင်ပေါ်နေတဲ့ ဒီ card ၊ ဒါကို အိတ်နဲ့ လည်ပင်းမှာချိတ်ဆွဲထားသူကိုမြင်ခဲ့ရင် တစ်ခုခုများဒုက္ခတွေ့နေသလား, အနီးအနားမှာရှိသူအားလုံးကို သတိပြုလာအောင်လုပ်ပေးတဲ့ အမှတ်အသားပဲဖြစ်ပါတယ်။
card ရဲ့အနောက်ဘက်မှာတော့ မှတ်စုတိုရေးနိုင်ဖို့လည်းလုပ်ထားပြီး အကယ်၍တစ်စုံတစ်ရာသောအခြေအနေနဲ့ကြုံတွေ့ရရင် ဆက်သွယ်ရမယ့်လိပ်စာနဲ့ ကျန်းမာရေးအခြေအနေ စတာတွေကိုရေးထားကြပါတယ်။

 

ထိုကဲ့သို့ card တွေနဲ့ အခြားသော အမှတ်အသားများလည်းရှိပါသေးတယ်။
ဥပမာ ဒါကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကိုင်ဆောင်တဲ့အရာဖြစ်ပါတယ်။

 

http://takumigallery.blog33.fc2.com/blog-entry-400.html

 

ချစ်စရာကောင်းတယ်နော် ….
အထဲမှာကလေးရှိသူ၊ ကျန်းမာရေးမကောင်းသူ၊ ခန္ဓာကိုယ်မပေါ့ပါးသူ စသည်ဖြင့်အမျိုးမျိုးသောရောဂါလက္ခဏာတွေရှိပါတယ်.
အပြင်ပန်းအားဖြင့် ကိုယ်ဝန်ဆောင်သည်လို့မမြင်ရသော်လည်း ဒီ card သာရှိမယ်ဆို နားလည်နိုင်ပါပြီ။

နောက်ပြီး အမွှာကလေးအတွက်လည်း ရှိပါတယ်။ ချစ်စရာလေးပါ..

 

 

ဒါနဲ့အတူ ပြောင်းပြန်အရာလည်းရှိပါတယ်။

https://twitter.com/kyokadeokyo/

 

အစိမ်းရောင်နဲ့ အကူအညီအမှတ်အသားကတော့၊ တစ်နည်းအားဖြင့် ထောက်ပံ့မှုအတွက်ပြောင်းပြန်အကူအညီအမှတ်အသားဖြစ်ပါတယ်။
“ တစ်စုံတစ်ရာ ဒုက္ခရောက်ခဲ့ရင်ပြောပါ” ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။

ယခင်အချိန်ကလို ဒီလိုအမှတ်အသားတွေမရှိဘဲ ကြင်နာတတ်တဲ့စိတ်နဲ့ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ထိတွေ့ဆက်ဆံမှုရှိမယ်ဆိုကောင်းပေမဲ့၊ နောက်ပိုင်းဂျပန်ရဲ့မြို့ကြီးပြကြီးတွေဟာ တစ်ဦးနဲ့တစ်ဦးထိတွေ့ဆက်ဆံမှု တစ်ဖြည်းဖြည်းပါးလာတာကိုတွေ့ရပါတယ်။
အထူးသဖြင့် တိုကျိုဟာသွေးအေးဆုံးပဲလို့ပြောကြတယ်.

မြို့တွင်းမှာလူတွေစုဝေးနေပြီး၊ အလုပ်သွားမြဲသွားနေသူတွေကလည်းမပြောင်းလဲ၊ နောက်ပြီး စိတ်ဓါတ်ပိုင်းဆိုင်ရာလျော့ရဲလာသူတွေကလည်း လူအပြည့်ပါလာတဲ့ရထားမှာ အလုပ်အသွားအပြန် လုပ်နေကြပါတယ်။
ကုမ္ပဏီမှာ အလုပ်လုပ်နေသူတွေလည်း ပင်ပန်းကြတယ်။
ဒါပေမဲ့ ဒီကိုရိုနာကြောင့် Work from home များလာပြီး၊ အဲ့ဒီကနေအစပြုလာတဲ့ အလုပ်လုပ်တဲ့ပုံစံပြောင်းလဲလာမှုက လူသားတွေရဲ့နေထိုင်မှုဘဝကို အသစ်တစ်ဖန်ပြောင်းလဲလိုက်တယ်လို့ ထင်ရပါတယ်။
ကောင်းတဲ့ဘက်ကိုဦးတည်သွားတာလား ? ဒါမှမဟုတ် အဆိုးဘက်ကိုရောက်သွားတာလား?

မိမိကိုယ်တိုင်လည်း သေချာပေါက်ဒုက္ခ‌ရောက်တဲ့အချိန်ကြုံရတတ်တာကြောင့်၊ အချင်းချင်းကူညီပြီး အသက်ရှင်သွားကြမယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာရှိသူတွေက အချင်းချင်းကူညီတတ်တဲ့စိတ်ပိုပြီး ပြင်းထန်မယ်လို့ခံစားမိပါတယ်။
ဒါကို မပျောက်ကွယ်သွားဖို့ ထိန်းသိမ်းရအောင်..
ဒီလိုအမှတ်အသားတွေမရှိပေမဲ့ ကြင်နာတတ်တဲ့နှလုံးသားကို ပိုင်ဆိုင်ထားတဲ့တိုင်းပြည်အဖြစ် ဆက်လက်တည်ဆောက်သွားကြပါနော်….

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: