ပျောက်ကွယ်သွားတော့မယ့် ရိုးရာယဥ်ကျေးမှုတစ်ခု၊ 紙切りKamikiri !!!

ဂျပန်ဟာ တိုင်းတစ်ပါးနိုင်ငံတွေနဲ့ အချိန်ကာလကြာမြင့်စွာ အဆက်အသွယ်ဖြတ်တောက်ခြင်းခံရတဲ့အတွက် ကိုယ်ပိုင်ယဥ်ကျေးမှုများစွာ ထွန်းကားလာခဲ့ပါတယ်။
သို့သော် တိုင်းတစ်ပါးနိုင်ငံတွေလို အနောက်တိုင်းစတိုင်များတိုးတက်လာတဲ့အခါမှာတော့ ဒီလိုကိုယ်ပိုင်ယဥ်ကျေးမှုတွေဟာ တစ်ဖြည်းဖြည်းပျောက်ကွယ်လာပါတော့တယ်။

ထိုအထဲကယဥ်ကျေးမှုတစ်ခုကတော့ ဒီတစ်ကြိမ်မိတ်ဆက်ပေးမယ့် 紙切り Kamikiri စက္ကူဖြတ်တောက်ခြင်း အနုပညာပဲဖြစ်ပါတယ်။

 

 

ဧည့်သည်ရဲ့ဆန္ဒကိုနားထောင်ပြီး ချက်ချင်းဆိုသလို အံ့သြစရာအမြန်နှုန်းနဲ့ စာရွက်ကိုဖြတ်တောက်သွားပါတယ်။
ဧည့်သည်မပျင်းသွားရအောင်လည်း စိတ်ဝင်စားရာအကြောင်းအရာတွေကို ပြောပေးပြန်ပါတယ်။

 

https://www.tokyo-np.co.jp/article/7366

 

ဧည့်သည်ဘက်က မဖြစ်နိုင်တဲ့အရာကိုတောင်းဆိုလာခဲ့ရင်တော့၊ ထိုပုံစံအတိုင်းညှပ်ပေးရုံသာမက၊ အနည်းငယ်ခေါင်းလှည့်ပြီး “ အဲ့ဒီလိုလား !” လို့ပြောကာ လိုချင်တဲ့ပုံစံကိုညှပ်ပေးပါတယ်။
ဒါလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

အကယ်၍ကလေးက Anime character ၁ ခုကိုတောင်းဆိုခဲ့မယ်ဆိုရင်တော့ ၊ အနည်းငယ်ဟာသပုံစံဖြင့် ဂျပန် ၃ ကြိုးဂီတာ (Shamisen) ကိုကိုင်ထားစေပြီး၊ ဂျပန်စတိုင်နဲ့ညှပ်ပေးလိုက်တာကြောင့် ပွဲတစ်ခွင်လုံး ရယ်မောသံတွေနဲ့ပြည့်နက်သွားရပါတယ်။
တကယ်တော့ ဒါဟာစာရွက်ကိုကျွမ်းကျင်စွာဖြတ်တတ်ရုံနဲ့မရပါဘူး။ ချက်ချင်းခေါင်းသုံးနိုင်ရတဲ့ အနုပညာတစ်ခုဖြစ်ပါတယ်။

ဥရောပနဲ့အခြားသောနေရာများမှာလည်း Kamikiri ယဥ်ကျေးမှုရှိပေမဲ့၊ အသေးစိတ်တိကျစွာလုပ်ဆောင်ရတဲ့အနုပညာချင်းတူရင်တောင် ဂျပန်ရဲ့ Kamikiri ဟာ ရယ်စရာလေးတွေပါပြောရတဲ့ အနုပညာတစ်ခုဖြစ်ပါတယ်။
ရည်ရွယ်ချက်ချင်းလုံးဝကွဲပြားပါတယ်။

 

https://dailyportalz.jp/b/2011/05/14/d/

 

ထိုဖြတ်တောက်လိုက်တဲ့စာရွက်ကို ဧည့်သည်ထံလက်ဆောင်အနေနဲ့ပေးတာကြောင့်၊ ကျွန်တော်ကလေးဘဝက အရမ်းနာမည်ကြီးဒီအနုပညာဟာ အထူးသဖြင့် お正月ယခုလိုဇန်နဝါရီလမျိုးမှာ ရုပ်မြင်သံကြားမှာမကြာခဏလာတတ်ပါတယ်။
သို့သော် ဝမ်းနည်းစရာကောင်းတာကတော့ ရုပ်မြင်သံကြားရဲ့ဦးတည်ချက်ကသိသိသာသာပြောင်းလဲသွားပြီး ဂျပန်ရိုးရာယဥ်ကျေးမှုဟာ လျစ်လျူရှုခြင်းခံလိုက်ရပါတော့တယ်။
နောက်ပြီး၊ ပြဇာတ်ရုံမှာဒီလိုအနုပညာဟာ ‌ဟောင်းနွမ်းသွားပြီခေတ်မမီတော့ဘူးလို့ လူငယ်အများစုဟာယူဆလာကြတယ်။

ဒီအပြင် အခြေအနေပိုဆိုးစေခဲ့တာကတော့ ကိုရိုနာပါပဲ။
ပြဇာတ်ရုံပိတ်လိုက်ရခြင်းက ဆက်ခံသူရှားပါးခြင်းကို ပိုမိုလေးနက်လာစေပါတယ်။
တက်ကြွစွာလှုပ်ရှားနိုင်မယ့်နေရာမရှိရင်၊ ဝင်ငွေလည်းဖြစ်လာမှာမဟုတ်ပါဘူး။
အဲ့ဒီလိုသာဆို ဒီပညာရပ်ကိုဆက်ပြီးအမွေခံမယ့်သူ၊ စိတ်ဝင်စားမယ့်သူတွေလည်း ရှိတော့မှာမဟုတ်ပါဘူး။

紙切り Kamikiri တစ်ခုတည်းမကပါဘူး။
ဂျပန်ရဲ့ရိုးရာယဥ်ကျေးမှုများဟာ ဆုတ်ယုတ်တဲ့ဘက်ကိုဦးတည်လာနေပါတော့တယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: