ညဘက်အိမ်ပြောင်းဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီရဲ့ အကြောက်ဆုံးကဘာလဲ ? !!!!

စာဖတ်သူတို့အားလုံး (夜逃げ)Yonige ဆိုတာကိုသိပါသလား?
အကြွေးပြန်မဆပ်နိုင်သူတွေ၊ တစ်စုံတစ်ယောက်ထံကစောင့်ကြည့်ခြင်းခံရသူတွေ၊ အကြမ်းဖက်တဲ့ခင်ပွန်းသည်ရဲ့လက်အောက်ကနေ ထွက်ပြေးချင်သူတွေ …

လူတွေကိုအသိမပေးဘဲ ညသန်းခေါင်တိတ်တဆိတ် ထွက်ပြေးတဲ့ပုံစံနဲ့အိမ်ပြောင်းတာကို 夜逃げ Yonige လို့ခေါ်ပါတယ်။

https://smart引越し.com/yonige-hikkoshi/

အဲ့ဒါကိုကူညီပေးတာကို 夜逃げ屋 Yonige-ya လို့ခေါ်တဲ့ ဝန်ဆောင်မှုအလုပ်ပဲဖြစ်ပါတယ်။

အရင်ဆုံး 夜逃げ屋 Yonige-ya အလုပ်ကိုမိတ်ဆက်ပေးပါမယ်။
အခြေခံအားဖြင့်တော့ ပုံမှန်အိမ်ပြောင်းတဲ့ဝန်ဆောင်မှုနဲ့တူညီသော်လည်း၊ ထွက်ပြေးချင်တဲ့အကြောင်းအရင်းနဲ့လိုက်ပြီး အချိန်နဲ့ပြောင်းရွေ့မယ့်နည်းလမ်းကို အစီအစဥ်ဆွဲဖို့အတွက် အရင်ဆုံးပြဿနာကိုနားထောင်တာကနေ အစပြုပါတယ်။

ဒီလိုထွက်ပြေးကြသူအများစုရဲ့ရည်ရွယ်ချက်ကတော့ dating partner၊ marriage partner တွေကနေအကြမ်းဖက်ခံရခြင်း၊ ဒါမှမဟုတ် အကြွေးတွေကနေထွက်ပြေးကြတာတွေပဲဖြစ်ပါတယ်။

တစ်ဖက်လူက ပုံမှန်ကုမ္ပဏီဝန်ထမ်းဆိုရင်တော့၊ ညဘက်မဟုတ်ဘဲ နေ့လည်ခင်းလောက်မှာ 夜逃げ Yonige လုပ်ကြပါတယ်။

အထုတ်အပိုးတွေကိုပြောင်းရွေ့ပေးဖို့လာတဲ့ Truck အသေးမှာလည်း ကုမ္ပဏီနာမည်မရေးထားပါဘူး။
ဝန်ဆောင်မှုပေးမယ်အလုပ်သမားတွေရဲ့အဝတ်အစားတွေမှာလည်း ကုမ္ပဏီနာမည်မပါ ပါဘူး။ အလုပ်သမားတွေကလည်း လင်းလင်းထင်းထင်းရှိတဲ့အဝတ်အစားတွေကိုမဝတ်ဘဲ လှုပ်ရှားကြပါတယ်။

ပြောင်းရွေ့မယ့်နေ့မှာလည်း ဖုန်းတစ်ကြိမ်ကြိုဆက်ပြီး အခြေအနေကိုအတည်ပြုပြီးမှသာ ရောက်လာကြပါတယ်။
နောက်ပြီးအထုတ်အပိုးတွေကိုတင်ဆောင်ပြီး client ကိုပါခေါ်သွားကာ အဲ့ဒီ Truck နဲ့တခြားနေရာရောက်သွားပြီဆိုရင်တော့ ကိစ္စအားလုံးပြီးစီးပါပြီ။

တစ်ဖက်လူကရှာတွေ့သွားပြီး ဒုက္ခရောက်ကြရတာတွေကလည်း နည်းပါးပေမဲ့၊ သူတို့အစိုးရိမ်ဆုံးအချက်လည်းရှိပါတယ်။

တစ်ယောက်သောအမျိုးသမီးရဲ့တောင်းဆိုမှုမှာ အတူတူနေထိုင်နေတဲ့အမျိုးသားရဲ့အကြမ်းဖက်မှုက ဆိုးဝါးလွန်းတဲ့အတွက် ထွက်ပြေးချင်တဲ့အကြောင်းအရာ….
အဲ့ဒီအမျိုးသား တစ်ညအလုပ်နဲ့ခရီးသွားတဲ့အချိန်မှာ ထွက်ပြေးဖို့အစီအစဥ်ဆွဲထားပြီး၊ အဲ့ဒီနေ့မှာပဲအထုတ်အပိုးတွေသယ်ပြီးထွက်သွားခဲ့ပါတယ်။

တစ်ယောက်ယောက်မြင်သွားတယ်လို့ သံသယလည်းရှိနေပါတယ်။
သို့သော် ဘယ်သူမှမရှိပါဘူး။

ဝန်ဆောင်မှုပေးတဲ့အလုပ်သမားတစ်ယောက် ချော်လဲပြီးလှေကားပေါ်ကနေ ပြုတ်ကျသွားခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာတွေမရသွားပေမဲ့၊ တစ်ယောက်ယောက်အနောက်ကနေ တွန်းချသလိုခံစားရတယ်လို့ပြောပါတယ်။

အဲ့ဒီနောက် တစ်စုံတစ်ယောက်ကနေကြည့်နေတယ်လို့ခံစားနေရပေမဲ့ ဆက်ပြီးပြောင်းရွေ့နေရင်းနဲ့၊
ရုတ်တရက် တံခါပွင့်သွားတဲ့အသံကိုကြားပြီး အလုပ်သမားအားလုံးကျောချမ်းသွားပေမဲ့၊ တကယ်တော့ တံခါးကပွင့်မနေပါဘူး။

truck ပေါ်တက်ပြီး၊ အလုပ်သမားထဲကတစ်ဦးဟာ truck ပေါ်မှာအထုတ်အပိုးတွေနဲ့အတူစောင့်နေတုန်း truck အနောက်ခန်းကနေကိုထုတဲ့အသံ အကြိမ်ပေါင်းများစွာကြားရပြီး ကားမောင်းသမားဟာ ကားစက်ကိုရပ်လိုက်ပါတယ်။
ကားနောက်ခန်းကိုဖွင့်ကြည့်လိုက်တော့လည်း အဲ့ဒီအခန်းကိုမခေါက်နေပါဘူးလို့ဆိုပါတယ်။…

clientအမျိုးသမီးက toilet သွားချင်တယ်လို့ပြောတာကြောင့် convenience store မှာရပ်လိုက်တယ်။
truck ရဲ့အနီးလောက်မှာ လူရိပ်ပုံစံကိုမြင်လိုက်တာကြောင့် driver ဟာ convenience store ကနေ မြန်မြန်ဆန်ဆန်ပြေးထွက်လာတဲ့အချိန်မှာ လူရိပ်ကိုမတွေ့တော့ဘူး။

အဲ့ဒီကနေ ကားရဲ့ထိုင်ခုံခါးပတ်ကိုပတ်လိုက်တဲ့အခါ ပြတင်းပေါက်အပြင်ကနေ တံခါးခေါက်တဲ့အသံတွေကိုလည်း ကြားခဲ့ရပါတယ်။ ခဏခဏပဲ….
နောက်ပြီး အသံတွေကတစ်ဖြည်းဖြည်းကြမ်းလာတယ်။
ကားတောင်လှုပ်ရမ်းတဲ့အထိဖြစ်လာပြီး ထွက်ပြေးဖို့ကားစက်နှိုးပြီးကားထွက်မယ်လို့လုပ်ခဲ့တယ်။
အဲ့ဒီတော့မှ အသံကရပ်သွားခဲ့တယ်။

သို့သော် ရှေ့တည့်တည့်ကိုကြည့်လိုက်တဲ့အခါ မှန်မှာစာ ၁ စောင်တွေ့ခဲ့တယ်…

မပိတ်နဲ့!!!!
လုံးဝထွက်မပြေးနိုင်ဘူး !!!!

ဆိုတဲ့အသံနဲ့အတူ ‌ဒေါသထွက်နေတဲ့ ယောက်ျားတစ်ယောက်ရဲ့မျက်နှာကြီးက !!!!
အဲ့ဒီအတိုင်း စိတ်လွတ်သွားတဲ့ ၂ ယောက် …

ဘာမှမသိဘဲ convenience store ကနေဈေးဝယ်ပြီးပြန်လာတဲ့ ဂျူနီယာ(ကားနောက်ခန်းသွားကြည့်ခဲ့တဲ့သူ) မျက်လုံးပြူးပြီးအသားကုန်အော်ပါတော့တယ်.
ခုနကအသံ၊ နောက်ပြီးမျက်နှာက စိတ်ဆိုးနေတဲ့သူမရဲ့ partner နဲ့တော်တော်လေးဆင်ပါတယ်လို့ clientအမျိုးသမီးကပြောပါတယ်။

အဆင်ပြေချောမွေ့စွာနဲ့အပြောင်းရွေ့တာပြီးသွားပြီး ၁ ပတ်အကြာမှာတော့ ၊ အဲ့ဒီ clientအမျိုးသမီးဆီကနေ ဖုန်းဝင်လာပါတယ်။

နောက်ထပ်အကူအညီတောင်းရတော့မယ်ထင်တယ်…..

အဲ့ဒါပဲပြောပြီး ဖုန်းချသွားပါတယ်။
အဲ့ဒီနောက် ဘာမှအဆက်အသွယ်မရှိတဲ့အတိုင်းပဲ..
ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာလည်း မသိရတော့ပါဘူး….

clientအမျိုးသမီးအပေါ် စိတ်စွဲနေတဲ့ အဲ့ဒီအမျိုးသားရဲ့ပြင်းထန်တဲ့ခံစားချက်တွေက လက်စားချေချင်တဲ့စိတ်(အသက်ရှင်နေတာတောင် အဲ့ဒီမုန်းတီးတဲ့စိတ်က ဝိညာဥ်လိုလိုက်နေတယ်) ပုံစံနဲ့ clientအမျိုးသမီးကို တိုက်ခိုက်နေခြင်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါကြောင့် 夜逃げ屋 Yonige-ya ဝန်ဆောင်မှုရဲ့ အကြောက်ဆုံးကတော့ အကြွေးတွေကြောင့်ထွက်ပြေးချင်နေတဲ့ client တွေမဟုတ်ဘဲ၊ အသက်ရှင်နေတဲ့လူတွေရဲ့ စိတ်စွဲကပ်မှု မုန်းတီးခြင်းပဲဖြစ်ပါတယ်။

စာဖတ်သူအပေါင်းတို့လည်း လူတွေနဲ့ပတ်သက်ပြီးသတိရှိကြပါစေ…..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: