ဂျပန်ရေပူစမ်း (၁၀) မျိုးနှင့် ရောဂါများအတွက် အကျိုးပြုပုံ။

အမိုးအကာမရှိဘဲ ရေနွေးပမာဏများစွာရှိနေတဲ့ ကန်ကျယ်ကြီး။
ပထမတော့ရှက်ကောင်းရှက်နိုင်ပေမဲ့၊ အသားကျသွားတဲ့အခါ ဒီလောက်လန်းဆန်းသွားစေမယ့်အရာမရှိတော့ဘူးလို့ထင်သွားရတဲ့ ဂျပန်ရေပူစမ်း။

ဒါပေမဲ့အားလုံးဟာ ရေပူစမ်းနဲ့ပတ်သက်ပြီး သိနေတာတွေလွဲနေပါတယ်။
ရေပူစမ်းဆိုတာ ရေချိုးကန်ကျယ်ကြီးတစ်ခုသာလျှင်မဟုတ်ပါဘူး။
ရေပူစမ်းဟာ ရောဂါနဲ့ဒဏ်ရာတွေကိုတောင်ကုသပေးတယ်လို့ ရှေးကတည်းကပြောကြပြီး ယခု ရေပူစမ်းရဲ့အကျိုးပြုမှုကို ပြန်လည်သုံးသပ်နေကြပြီးဖြစ်ပါတယ်။

အရင်ဆုံး ရေပူစမ်းရဲ့အဓိပ္ပါယ်ကိုကြည့်ရအောင်။

အပူချိန်မှာ ၂၅ ဒီဂရီနှင့်အထက်ရှိပြီး၊ ပစ္စည်းအချို့ကတော့ ပုံသေပမာဏအတိုင်း ပါဝင်နေတယ်။

ဆိုပြီးသတ်မှတ်ထားပါတယ်။
ဟုတ်ပါတယ်။ ထူးဆန်းတဲ့ပစ္စည်းများကို ရေပူစမ်းမှာထည့်ထားတဲ့အတွက် ခန္ဓာကိုယ်အတွက်အကျိုးပြုခြင်းဖြစ်ပါတယ်။

ရေနွေးချည်းပဲရှိနေတာမဟုတ်ပါဘူး။
ဆာလ်ဖာ၊ ကလိုရိုက်၊ အက်ဆစ်၊ သံ၊ ရေဒီယိုသတ္တိကြွ စတဲ့ပစ္စည်းအမျိုးမျိုးနဲ့အတူ ဂျပန်ရေပူစမ်းကို အမျိုးအစား (၁၀) မျိုးခွဲခြားနိုင်ပါတယ်။ ၎င်းတို့အသီးသီးရဲ့ အကျိုးပြုပုံတို့မှာ-


ရိုးရိုးရေပူစမ်း 単純温泉 (たんじゅんおんせん) 

ရိုးရိုးရေပူစမ်းလို့သာဆိုပေမဲ့ ရေချည်းပဲလို့တော့မထင်လိုက်ပါနဲ့။ 
ပါဝင်ပစ္စည်းနည်းနည်းသာထည့်ထားတယ် ဆိုတဲ့အဓိပ္ပါယ်ပါ။ ဒါပေမဲ့၊ နည်းတဲ့အတွက် ခန္ဓာကိုယ်အတွက် အကျိုးမပြုဘူးလို့လည်းမဆိုလိုပါဘူး။ 
ပါဝင်ပစ္စည်းများလွန်းတဲ့ရေပူစမ်းကတော့ အရေပြားယားယံမှုတွေအဖြစ်များပါတယ်။ ပထမဆုံးဆိုရင် ရိုးရိုးရေပူစမ်းကိုသာ အသုံးပြုသင့်ပါတယ်။ 
စကားမစပ် ရေပူစမ်း ၁၀ မျိုးထဲကအသုံးအများဆုံးကတော့ ဒီအမျိုးအစားဖြစ်ပါတယ်။ ဂျပန်တစ်နိုင်ငံလုံးမှာရှိပါတယ်။

စိုးရိမ်ကြောင့်ကြမှု၊ အိပ်မပျော်မှု၊ စိတ်ဖိစီးမှုတွေအတွက် အကျိုးပြုပါတယ်။

 

ကလိုရိုက် ရေပူစမ်း 塩化物泉(えんかぶっせん)

ဒီရေပူစမ်းကရေကတော့ ပင်လယ်ဆားငံရေနဲ့ဆင်ပါတယ်။ ထူးခြားချက်က ဒီရေပူစမ်းထဲဝင်လိုက်ရင် အမြဲတမ်းသင့်ခန္ဓာကိုယ်က နွေးနေမှာပါ။ ဆားရဲ့ဘက်တီးရီးယားပိုးသတ်ပေးမှုကြောင့် ဒဏ်ရာအတွက်ကောင်းသလို အခြားသော
ဓါးခုတ်/ရှဒဏ်ရာ၊
မီးလောင်ဒဏ်ရာ၊
နာတာရှည် အရေပြားရောင်ရမ်းခြင်း၊
Frail constitution၊
နာတာရှည် မီးယပ်ရောဂါ၊
အစာချေလမ်းကြောင်းပြဿနာ၊
ဝမ်းချုပ်ခြင်း၊
အဆစ်အမြစ်ကိုက်ခဲခြင်း၊
လေခိုခြင်း၊
ပွန်းပဲ့ဒဏ်ရာအတွင်းကြေခြင်း၊
ဓမ္မတာမမှန်ခြင်း၊
မျိုးဆက်မပွားနိုင်ခြင်းပြဿနာ စတဲ့ရောဂါတွေအပေါ် ထိရောက်မှုရှိပါတယ်။

ဒီအပြင်ဒီရေပူစမ်းရေကိုသောက်မယ်ဆိုရင် အစာချေအရည်ထွက်ခြင်းကို အားပေးတဲ့အတွက်၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာပြဿနာများအတွက်လည်း အကျိုးကျေးဇူးရှိပါတယ်။

ဒါပေမဲ့ သွေးလည်ပတ်စီးဆင်မှုအလွန်ကောင်းစေတဲ့အတွက် နှလုံးရောဂါ၊ သွေးတိုး၊ ကျောက်ကပ်နှင့် ဖောရောင်နေသူတွေကတော့ မသောက်သင့်ပါဘူး။

 

ဟိုက်ဒရိုဂျင်ကာဗွန်နိတ် ရေပူစိမ်း 炭酸水素塩泉(たんさんすいそえんせん)
တက်ခြင်းနှင့် ရောင်ရမ်းခြင်းများကိုသက်သာစေပြီး ဓာတ်မတည့်တဲ့ရောဂါများ၊ နာတာရှည် အရေပြားရောင်ရမ်းခြင်း၊ ယားယံခြင်း စသည်တို့အတွက် ထိရောက်မှုရှိပါတယ်။
သောက်မယ်ဆို ဆီးရွှင်တဲ့အာနိသင်ရှိပြီး၊ မစင်အညစ်အကြေးများထွက်လွယ်စေတဲ့အတွက် ဂေါက်ရောဂါ၊ ဆီးကျောက်တည်ခြင်း၊ ဆီးအိတ်ရောင်ရောဂါရှိသူများအတွက် ထိရောက်မှုရှိပါတယ်။

သို့သော် ပြဿနာတစ်ခုတော့ရှိပါတယ်။
အရေပြားမှအဆီနှင့် အညစ်အကြေးများကို ဆေးကြောပေးတဲ့ဆပ်ပြာကဲ့သို့ အာနိသင်ရှိတဲ့အတွက် ရေငွေ့ပျံမှုပြင်းထန်ပါတယ်။
ဒါကြောင့် ရေချိုးပြီးရင် အေးမြမှုကိုခံစားရတဲ့ လက္ခဏာရှိပါတယ်။
နွေရာသီအတွက်သင့်တော်ပေမဲ့၊ ဆောင်းရာသီမှာတော့ သတိထားရပါမယ်။

အရေပြားခြောက်သူတွေကတော့ ရေချိုးပြီးနောက် အရေပြားပြန်လည်ထိန်းညှိမှုလုပ်ပေးရပါမယ်။

 

ဆာလဖာဆား ရေပူစမ်း 硫黄塩泉(いおうえんせん)
အပေါ်က ဟိုက်ဒရိုဂျင်ကာဗွန်နိတ် ရေပူစိမ်းနဲ့အတော်လေးဆင်ပါတယ်။
သောက်မယ်ဆို သည်းခြေအိတ်ပြဿနာ၊ ကိုလက်စထရောမြင့်တက်ခြင်း၊ ဝမ်းချုပ်ခြင်း စသည်တို့အတွက် အကျိုးရှိပါတယ်။

 

ကာဗွန်ဒိုင်အောက်ဆိုဒ် ရေပူစမ်း 二酸化炭素泉(にさんかたんそせん)
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေများစွာပျော်ဝင်နေတဲ့အတွက် ရေပူစမ်းဗားရှင်း ကာဗွန်နိတ်ရေဖြစ်ပါတယ်။
ခုတ်/ရှ ဒဏ်ရာ၊ သွေးလည်ပတ်မှုမကောင်းခြင်း၊ အာရုံကြောမတည်ငြိမ်ခြင်းတို့အတွက် ထိရောက်မှုရှိပါတယ်။
သောက်မယ်ဆို အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို ပြန်လည်ကောင်းမွန်စေပါတယ်။

 

သံဓါတ်ပါဝင်သော ရေပူစမ်း 含鉄泉(がんてつせん)
နာမည်အတိုင်းပဲ သံဓာတ်များစွာပါဝင်တဲ့ အမျိုးအစားဖြစ်ပါတယ်။
ရေပူစမ်းအရောင်မှာ အဝါကနေ အနီသန်းတဲ့အရောင်ထိရှိပါတယ်။
ဒီအမျိုးအစားက သောက်လို့ကောင်းပါတယ်။ သွေးအားနည်းခြင်းနဲ့ ရာသီမမှန်ခြင်းအတွက် အကျိုးကျေးဇူးရှိပါတယ်။
ကိုယ်ဝန်ဆောင်သည်ကတော့ မသောက်ရပါဘူး။

 

အိုင်အိုဒင်း ရေပူစမ်း 含よう素泉 
ဒီတစ်ခုလည်း သောက်သုံးခြင်းမှာ နာမည်ကြီးပါတယ်။
ကိုလက်စထရောမြင့်တက်သူတွေအတွက် အကြံပြုပါတယ်။

 

အက်စစ် ရေပူစမ်း 酸性泉(さんせいせん) 
ဒီတစ်ခုကတော့ အကျိုးသက်ရောက်မှုပြင်းပါတယ်။
ပြင်းထန်တဲ့ဘက်တီးရီးယားပိုးသတ်နိုင်စွမ်းကြောင့်၊ နာတာရှည်နှင်းခူ၊ ဝက်ခြံ၊ ဝဲစားခြင်းတို့အတွက်ကောင်းပါတယ်။

သို့သော် လှုံ့ဆော်မှုပြင်းတဲ့အတွက် ပိုပြီးယားလာခဲ့မယ်ဆိုရင်တော့ အသုံးပြုမှုချက်ချင်းရပ်တန့်ပြီး၊ ဆရာဝန်နဲ့ပြသသင့်ပါတယ်။

 

ဆာလဖာ ရေပူစမ်း 硫黄泉(いおうせん)
နာမည်အတိုင်း ဆာလ်ဖာပါဝင်တဲ့ ရေပူစမ်းဖြစ်ပါတယ်။ ထူးခြားချက်က ကြက်ဥပုပ်အနံ့ရှိပါတယ်။
ဒါဟာလည်း အရေပြားနီ၍ ရောင်ရမ်းနာကျင်ခြင်းတွေအတွက် အကျိုးရှိပါတယ်။
Acid ရေပူစမ်းထက်ပိုနူးညံ့တဲ့အတွက် ပထမဆုံးရေပူစမ်းစိမ်မယ့်သူများအတွက် ဒါကိုအကြံပြုပါတယ်။

ဒီအပြင် အဆိပ်ဖြေအာနိသင်ရှိတဲ့အတွက်၊ မူးယစ်ဆေးဝါးသုံးစွဲမှုလျော့ချခြင်းအတွက် အကျိုးသက်ရောက်မှုရှိပါတယ်။

 

ရေဒီယိုသတ္တိကြွ ရေပူစမ်း 放射能泉(ほうしゃのうせん)
နာမည်က တော်တော်ကြောက်ဖို့ကောင်းတယ်နော်။
ခန္ဓာကိုယ်အတွက် ဘေးဥပါတ်ဖြစ်စေမယ်လို့ထင်ရပေမဲ့၊ တကယ်တော့ အမိုက်ဆုံးရေပူစမ်းပါ။
အဆစ်ရောင်ရောဂါအတွက် ထိရောက်မှုရှိသလို၊ ကင်ဆာအတွက်လည်း ကောင်းတယ်လို့ပြောကြသူတောင်ရှိပါတယ်။
ကျွန်တော်အသိမိတ်ဆွေတစ်ယောက်လည်း ကင်ဆာနောက်ဆုံးအဆင့်ဖြစ်ပေမဲ့၊ ကင်ဆာဆေးနဲ့ကုသရင်းနဲ့အတူ ဒီရေပူစမ်းကိုအသုံးပြုခဲ့ပါတယ်။ အခုတော့ ကင်ဆာပျောက်ကင်းသွားပါပြီ။ အံ့သြစရာကောင်းပါတယ်။
ကင်ဆာဆေးအစွမ်းကြောင့်လား၊ ရေပူစမ်းရဲ့အစွမ်းလားတော့မသိသလို၊ နောက်ပြီး သိပ္ပံနည်းကျအချက်အလက်တွေ တိတိကျကျမရှိသေးပေမဲ့၊ နောက်ပိုင်းမှာ လူတွေအာရုံစိုက်လာနိုင်တဲ့ ရေပူစမ်းအမျိုးအစားဖြစ်ပါတယ်။

ကဲ… ဘယ်လိုသဘောရပါသလဲ?
အထက်ဖော်ပြပါရောဂါလက္ခဏာတွေထဲက တစ်ခုခုနဲ့ကိုက်ညီနေသူများကို ရေပူစမ်းစိမ်ကြည့်ဖို့ အကြံပြုပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: