ငါးမစားရင် ရောဂါဖြစ်တတ်တယ်နော် !

မြန်မာမှာရော ဂျပန်မှာရော ခြုံကြည့်လိုက်မယ်ဆိုရင် ငါးကို တော်တော်များများစားကြပါတယ်။

ဒါပေမယ့် မစားတဲ့ သူတွေလည်းရှိပါတယ်။

စားတဲ့သူတွေလည်း အများကြီးပဲနော် ? ဘာကြောင့်လည်းဆိုတော့ ငါးမစားရင်ရောဂါဖြစ်ပြီးတော့ အသက်ဆုံးရှုံးရတဲ့သူတွေ လည်း တော်တော်ကြီးကို မြင့်တက်လာပါတယ်။

ပထမဦးဆုံးအနေနဲ့  နှလုံးရောဂါပဲ ဖြစ်ပါတယ်။

https://hidaegoma.jp/shinkinkousoku/

 

ရောဂါပုံစံမျိုးစုံ ပါဝင်ပြီးတော့  ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးကိုပို့ဆောင်ပေးဖို့ အရေးကြီးတာက နှလုံးဖြစ်တဲ့ အတွက် စိတ်ညစ်ပြီး သေဆုံးသွားရတဲ့ ဖြစ်စဥ်တွေ ဖြစ်ပွားစေနိုင်တဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းပဲဖြစ်ပါတယ်။

ငါးမစားဘူးဆိုရင် ဒီလိုရောဂါတွေဖြစ်ပွားမယ့် အန္တရာယ်က နှစ်ဆလောက် မြင့်တက်လာနိုင်ပါတယ်။

နောက်ထပ် လေဖြတ်တဲ့ ရောဂါမှာလည်း သက်ဆိုင်မှုရှိတယ်လို့  ပြောကြပါတယ်။

https://medicalnote.jp/contents/150610-000004-PNNCLG

 

ဦးနှောက်ရဲ့သွေးကြောပိတ်ပြီးသေဆုံးမှု မြင့်မားတာပဲမဟုတ်ပဲနဲ့ အသက်ရှင်နေရင်တောင် ဦးနှောက်မှာပိတ်နေတာတွေကျန်ရှိနေပြီးတော့ မှတ်ဥာဏ်နဲ့ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေ အတွက် အခက်ခဲရှိစေတဲ့ ကြောက်စရာ ရောဂါတစ်ခုပါပဲ။

အဲ့ဒီ ဖြစ်စဥ်ကို ၂၀ ရာခိုင်နှုန်း ကာကွယ် နိုင်ပါပြီ။

နောက်ထပ် သုတေသန ရလဒ်တွေ ထွက်လာပါတယ်။

အနည်းဆုံးတစ်လမှာ တစ်ကြိမ်ကနေ နှစ်ကြိမ်၊ တတ်နိုင်မယ်ဆိုရင် တစ်ပတ်မှာ တစ်ကြိမ်ကနေ ၃ကြိမ် ငါးကိုစားပေးရုံနဲ့  ဒိုင်းဒိုးမျခုရိရူး ( 大動脈瘤 (だいどうみゃくりゅう) ဆိုတဲ့ ရောဂါအစရှိတဲ့ သွေးကြောနဲ့ ဆိုင်တဲ့ ပြဿနာတွေ ဖြစ်ပွားမှုနှုန်းကို တစ်ဝက်လျော့ချ နိုင်ပါတယ်။

ဒိုင်းဒိုးမျခုရိရူး ဆိုတာက သွေးကြောတွေတောင့်လာပြီး အားနည်းတဲ့နေရာတွေမှာ  သွေးတွေက တဖြည်းဖြည်း ခဲသွားပြီးတော့ နောက်ဆုံးမှာသွေးကြောပေါက်သွားတယ်ဆိုတဲ့ ရောဂါပဲဖြစ်ပါတယ်။

ရောဂါလက္ခဏာ မပြတဲ့အတွက် ရုတ်တရက် သွေးကြောပေါက်သွားပြီး  တစ်ခါထဲသေသွားတဲ့ သူတွေများလို့ ကြောက်စရာကောင်းတဲ့ ရောဂါဖြစ်ပါတယ်။

https://www.jll.co.jp/patient/aortic_1_2.html

 

ရုတ်တရက် လဲကျသွားလို့ ဆေးရုံကားနဲ့ သယ်ဆောင်သွားပေမယ့် အဲ့ဒီထဲမှာ ၅၀ ရာခိုင်နှုန်းက ဆေးရုံကို မရောက်သေးခင်မှာပဲ သေဆုံးသွားပါတယ်။

၂၅ ရာခိုင်နှုန်းက ခွဲစိတ်ခန်းထဲ မရောက်ခင်မှာပဲ သေဆုံးသွားကြပါတယ်။

အရေးပေါ်ခွဲစိတ်မှုကို ပြုလုပ်ခဲ့ပေမယ့် အသက်ရှင်နှုန်းက ၅၀ ရာခိုင်နှုန်းရှိပါတယ်။

သွေးကြောပေါက်သွားတဲ့ အခြေအနေဆိုရင် သေဆုံးမှုနှုန်းက ၉၀ ရာခိုင်နှုန်း အထက်ရှိတယ်လို့ သိရပါတယ်။

ဂျပန်မှာတော့ အရေးပေါ်သယ်ယူပို့ဆောင်ရေး စနစ်က တိကျသေချာတာတောင်မှ ဒီလိုဖြစ်တယ်ဆိုတော့ မြန်မာမှာဆိုရင် မတွေးရဲ စရာပဲ…..

အသက်ရှည်ရှည် ကျန်းကျန်းမာမာနဲ့ နေထိုင်ချင်ရင် ငါးကိုများများ စားကြပါနော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: